Celebrity


Written by Ms Cele





Credit:Cele Zone
Photo – Nay Chi

နယူးယောက်က ဘုန်းကြီးကျောင်းမှာ ဝါဆိုသင်္ဃန်းဆီမီးတစ်ထောင် အာရုံဆွမ်း နှင့် နဝကမ္မအလှူငွေတို့ကို ကပ်လှူပူဇော်ခဲ့တဲ့ ခွန်းဆင့်နေခြည်

သရုပ်ဆောင်၊ အဆိုတော်တစ်ယောက်ဖြစ်တဲ့ ခွန်းဆင့်နေခြည် ကတော့ အနုပညာအလုပ်တွေကို အနည်းအကျဉ်းသာ လုပ်ဆောင်ပြီး ရုပ်ရှင်ထုတ်လုပ်ရေးကို လည်း တည်ထောင်ထားတာဖြစ် ပါတယ်နော်။ အခုတော့ နယူးယောက်မှာပဲ အခြေချ နေထိုင်နေတာ ဖြစ်ပါတယ် ။

သူအနေနဲ့ ချစ်ရတဲ့ မိဘ နှစ်ပါးလုံးကို ရှေ့ဆင့် နောက်ဆင့် ဆုံးရှုံးခဲ့ရလို့ အဝေးကနေ အတိုင်းမသိ ဖြေဆည်မရ ဖြစ်ခဲ့ရတာပါ ။ ဒီနေ့မှာတော့ ကွယ်လွန်သွားတဲ့ မိဘနှစ်ပါးကို ရည်စူးပြီး ကောင်းမှု ကုသိုလ်များစွာပြုလုပ် ခဲ့တာကို တွေ့ရပါတယ် ။

နယူးယောက် က ဘုန်းကြီးကျောင်းမှာ ဝါဆိုသင်္ဃန်း ဆီမီး တစ်ထောင် အာရုံဆွမ်း နှင့် နဝကမ္မ အလှူငွေတို့ကို ကပ်လှူခဲ့တဲ့ အကြောင်းကို ” USA NewYork က ဘုန်းကြီးကျောင်းမှာ မိဘနှစ်ပါးနှင့်အစ်ကိုတို့အားရည်စူး၍ဝါဆိုသင်္ဃန်း ဆီမီးတစ်ထောင် အာရုံဆွမ်း နှင့် နဝကမ္မ အလှူငွေတို့ကိုကပ်လှူခဲ့ပါသည်။ အမေ အဖေ နဲ့ အစ်ကိုတို့ ကုသိုလ်ရရှိနိုင်ကြပါစေ။” ရေးသားဖော်ပြထားရာ ပရိသတ်ကြီး အတွက် ပြန်လည် ဖော်ပြပေးလိုက်ပါတယ် ။

Credit:Cele Zone
Photo – Nay Chi

About the author

Ms Cele

Leave a Comment