Celebrity

နယူးေယာက္ၿမိဳ႕Time Square မွာ ျပဳလုပ္ခဲ့ေသာ ျမန္မာ့အေရး လႈပ္ရွားမႈတြင္ ပြဲၾကမ္းခဲ့တဲ့ ဥကၠာမင္းေမာင္

Written by Ms Cele

နယူးေယာက္ၿမိဳ႕Time Square မွာ ျပဳလုပ္ခဲ့ေသာ ျမန္မာ့အေရး လႈပ္ရွားမႈတြင္ ပြဲၾကမ္းခဲ့တဲ့ ဥကၠာမင္းေမာင္

သ႐ုပ္ေဆာင္ ဥကၠာမင္းေမာင္ ကေတာ့ ျပည္ပနိုင္ငံတြင္ ေနထိုင္ကာ အလုပ္လုပ္ေနသူ တစ္ဦးျဖစ္ၿပီး ျမန္မာနိုင္ငံတြင္ လက္ရွိ ျဖစ္ေပၚေနတဲ့ လူထုလႈပ္ရွားမႈမွာ ကိုယ္တိုင္ပါဝင္ခြင့္မရတာေၾကာင့္ ဝမ္းနည္းေနတာပါ။ဒါေပမယ့္လည္း သူ႔ရဲ့ လူမႈကြန္ယက္စာ မ်က္ႏွာမွတစ္ဆင့္လည္း ေန႔စဥ္ျဖစ္ေပၚေနတဲ့ သတင္းေတြကို ေဝမၽွေပးေနၿပီးဗီဒီယိုဖိုင္မ်ားျဖင့္ပါ speak out လုပ္ေပးေနတာလည္း ျဖစ္ပါတယ္။

မၾကာေသးခင္ နာရီပိုင္းေလာက္ကလည္း သူေနထိုင္ရာ နယူးေယာက္ၿမိဳ႕ Time Square မွာ ျပဳလုပ္တဲ့ ျမန္မာ့အေရ းလႈပ္ရွားမႈတြင္ တစ္တပ္တစ္အားပူးေပါင္းပါဝင္ေနတဲ့ ပုံရိပ္ေတြကို သူ႔ရဲ့ Facebook Page တြင္ တင္ထားတာပဲ ျဖစ္ပါတယ္။ သူကလည္း ” ဒီ​ေန႔ New York City က Times Squareမွာ ျပဳလုပ္ခဲ့တဲ့ ဆႏၵ ထုတ္​ေဖာ္ပြဲပါ.. Times Square လို ​ေနရာမ်ိဳးမွာ တစ္ကမၻာလုံးက Tourist ​ေတြ ႏွစ္စဥ္သန္းနဲ႔ခ်ီလာသလို ဒီ​ေန႔လည္း အမ်ားႀကီးရွိေနၿပီး ျမန္မာ့အ​ေရးကို တျခားနိုင္ငံသားေတြ ပိုၿပီး သတိထား မိလာ ​ေစတဲ့ အတြက္ ဒီ​ေန႔ Times Square မွာ ျပဳလုပ္တဲ့ အိုင္ဒီယာ​ေလး ကိုလည္း သ​ေဘာက်တဲ့ အေၾကာင္း ကိုလည္း ေရးသားထားတာပါ။

ဒါ့အျပင္သူတို႔ဆႏၵထုတ္ေဖာ္တဲ့ ေနရာမွာ လူ​ေတြ အုံ​ေနၿပီး ျမန္မာျပည္ အတြက္ အလႉ​​ေငြ​ ေတြလည္း ေကာက္ခံရာမွာလည္း ေတာ္ေတာ္မ်ားမ်ားရ ခဲ့သည္ကိုၾကားသိခဲ့ရတဲ့ အတြက္ ဝမ္းသာမိေၾကာင္းနဲ႔ သူကိုယ္တိုင္လည္း တတ္နိုင္သ​ေလာက္ ျမန္မာျပည္က ျပည္သူ႔ဝန္ထမ္း​ေတြ တျခားဒုကၡ​ေရာက္တဲ့သူ​ေတြ အတြက္ပါဝင္လႉဒါန္းခဲ့ေၾကာင္း

“Hear the voices of New York Burmese Community joining the fight against Military régime!The Military dictatorship must fail!Democracy in Burma must be restored!Our leader Daw Aung San Suu Kyi must be free!#SaveBurma#CrimesAgainstHumanity ” ဆိုၿပီး ပရိသတ္ေတြ သိရွိရေအာင္ တင္ေပးထားတဲ့ အတြက္ ဥကၠာမင္းေမာင္ရဲ့ သတင္းကို တစ္ဆင့္ျပန္လည္ ကူးယူတင္ဆက္ေပးလိုက္ ရပါတယ္ေနာ္။

Credit

နယူးယောက်မြို့Time Square မှာ ပြုလုပ်ခဲ့သော မြန်မာ့အရေး လှုပ်ရှားမှုတွင် ပွဲကြမ်းခဲ့တဲ့ ဥက္ကာမင်းမောင်

သရုပ်ဆောင် ဥက္ကာမင်းမောင် ကတော့ ပြည်ပနိုင်ငံတွင် နေထိုင်ကာ အလုပ်လုပ်နေသူ တစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံတွင် လက်ရှိ ဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုမှာ ကိုယ်တိုင်ပါဝင်ခွင့်မရတာကြောင့် ဝမ်းနည်းနေတာပါ။ဒါပေမယ့်လည်း သူ့ရဲ့ လူမှုကွန်ယက်စာ မျက်နှာမှတစ်ဆင့်လည်း နေ့စဉ်ဖြစ်ပေါ်နေတဲ့ သတင်းတွေကို ဝေမျှပေးနေပြီးဗီဒီယိုဖိုင်များဖြင့်ပါ speak out လုပ်ပေးနေတာလည်း ဖြစ်ပါတယ်။

မကြာသေးခင် နာရီပိုင်းလောက်ကလည်း သူနေထိုင်ရာ နယူးယောက်မြို့ Time Square မှာ ပြုလုပ်တဲ့ မြန်မာ့အရေ းလှုပ်ရှားမှုတွင် တစ်တပ်တစ်အားပူးပေါင်းပါဝင်နေတဲ့ ပုံရိပ်တွေကို သူ့ရဲ့ Facebook Page တွင် တင်ထားတာပဲ ဖြစ်ပါတယ်။ သူကလည်း ” ဒီ​နေ့ New York City က Times Squareမှာ ပြုလုပ်ခဲ့တဲ့ ဆန္ဒ ထုတ်​ဖော်ပွဲပါ.. Times Square လို ​နေရာမျိုးမှာ တစ်ကမ္ဘာလုံးက Tourist ​တွေ နှစ်စဉ်သန်းနဲ့ချီလာသလို ဒီ​နေ့လည်း အများကြီးရှိနေပြီး မြန်မာ့အ​ရေးကို တခြားနိုင်ငံသားတွေ ပိုပြီး သတိထား မိလာ ​စေတဲ့ အတွက် ဒီ​နေ့ Times Square မှာ ပြုလုပ်တဲ့ အိုင်ဒီယာ​လေး ကိုလည်း သ​ဘောကျတဲ့ အကြောင်း ကိုလည်း ရေးသားထားတာပါ။

ဒါ့အပြင်သူတို့ဆန္ဒထုတ်ဖော်တဲ့ နေရာမှာ လူ​တွေ အုံ​နေပြီး မြန်မာပြည် အတွက် အလှူ​​ငွေ​ တွေလည်း ကောက်ခံရာမှာလည်း တော်တော်များများရ ခဲ့သည်ကိုကြားသိခဲ့ရတဲ့ အတွက် ဝမ်းသာမိကြောင်းနဲ့ သူကိုယ်တိုင်လည်း တတ်နိုင်သ​လောက် မြန်မာပြည်က ပြည်သူ့ဝန်ထမ်း​တွေ တခြားဒုက္ခ​ရောက်တဲ့သူ​တွေ အတွက်ပါဝင်လှူဒါန်းခဲ့ကြောင်း

“Hear the voices of New York Burmese Community joining the fight against Military régime!The Military dictatorship must fail!Democracy in Burma must be restored!Our leader Daw Aung San Suu Kyi must be free!#SaveBurma#CrimesAgainstHumanity ” ဆိုပြီး ပရိသတ်တွေ သိရှိရအောင် တင်ပေးထားတဲ့ အတွက် ဥက္ကာမင်းမောင်ရဲ့ သတင်းကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Credit

About the author

Ms Cele

Leave a Comment