Celebrity


Written by Ms Cele





crd

နာဂစ်မုန်းတိုင်းဖြစ်တုန်းက မုန်တိုင်းဒဏ်ကြောင့် ဒုက္ခရောက်ခဲ့ရတဲ့ ပြည်သူတွေကို သွားရောက်လှူဒါန်းခဲ့တဲ့ အမှတ်တရပုံရိပ်တွေကို ပြန်လည်မျှဝေလိုက်တဲ့ ရေဗက္ကာဝင်း

ပရိသတ်တွေ ရဲ့ အားပေး ချစ်ခင်မှုကို အခိုင်အမာ ရရရှိထား တဲ့ ရေဗက္ကာဝင်း ကတော့ မြန်မာနိုင်ငံမှာ ရုတ်တရက် ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေ တွေ နဲ့ ပတ်သက်ပြီး လည်း ပြည်သူတွေနဲ့ အတူ ရပ်တည်ခဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ ဒါ့အပြင် ဒီရက်ပိုင်းတွေမှာလည်း အကူအညီ လို အပ် နေတဲ့ နေရာတွေကို တတ်နိုင်သလောက် ကူညီအားဖြည့်ပေးရင်း အလှူလေးတွေနဲ့ တစ်တပ်တစ်အား ပါဝင် နေတာကို တွေ့မြင် ရပါတယ်။ အစစအရာရာ ခက်ခဲနေတဲ့ ကာလမှာ စားဝတ်နေရေး အခက်အခဲ တွေနဲ့ ရင်ဆိုင်နေရတဲ့ ပြည်သူတွေနဲ့ စစ်ဘေးရှောင် ပြည်သူတွေ အ တွက် မိတ်ဆွေတွေနဲ့ စုပေါင်းကာ အစားအသောက်များနဲ့ လိုအပ်တဲ့ ပစ္စည်းများကိုလည်း လှူဒါန်းခဲ့ပါသေးတယ် ။

ဒီလို အချိန်မှာ ပြည်သူ အချင်းချင်း နည်းသည် များသည် ဖြစ်စေ မျှဝေ လှူဒါန်းခြင်းကလည်း မွန်မြတ်တဲ့ အလှူဒါနလေး ပါပဲနော် ။ ယနေ့ မှာတော့ ရေဗက္ကာဝင်းက ၂၀၀၈ ခုနှစ်တုန်းက နာဂစ်မုန်တိုင်းဒဏ်ကြောင့် ဒုက္ခရောက်ခဲ့ရတဲ့ ပြည်သူတွေကို သွားရောက် လှူဒါန်း ဖြစ်ခဲ့စဉ်က ပုံရိပ်လေးတွေကို အမှတ်တရ ဝေမျှလာပါတယ်။ ပုံရိပ်တွေနဲ့ အတူ ” 2008 ခုနှစ် နာဂစ်မုန်တိုင်းကြောင့် ရေလွှမ်းပြီး ဒုက္ခရော က်တဲ့ ဧရာဝတီတိုင်းမှာ တတ်နိုင်သလောက် ပါဝင်ကူညီမေတ္တာပြခဲ့ကြတဲ့ ပုံတွေ မနေ့က မှ အတူသွားလှူခဲ့တဲ့ အစ်ကိုတစ်ယောက်က ပို့ပေး တာမို့ အမှတ်တရအဖြစ်ပြန်တင် လိုက်ပါတယ်ရှင်

နာဂစ်ဒုက္ခသည်တွေ အတွက် Christian Musicians Fellowship ( CMF ) နဲ့လဲ အတူသွား လှူခဲ့ပြီး အဲ့တုန်းက social media မတွင် ကျယ် ခဲ့တာမို့ ပုံတွေလဲ မရိုက်ထား မိလို့ အမှတ်တရမကျန်တော့လောက်ဘူး ထင်ပါတယ် ရန်မျိုးအပေါင်းမှ ကင်းဝေး ကြပါစေရှင် ” အကြော င်းအရာလေးကို ဝေမျှထားရာ ပရိသတ်ကြီး အတွက် ဖော်ပြပေးရင်း ရေဗက္ကာလည်း ဒီထက်မက လှူဒါန်းနိုင်ပါစေ ဆုတောင်းပေးလိုက်ပါ တယ်။

crd

About the author

Ms Cele

Leave a Comment