Celebrity

နာမည္ႀကီး iKON အဖြဲ႕နဲ႔ အနီးကပ္ ဆုံေတြ႕ခြင့္ရခဲ့ၿပီး သူတို႔ရဲ႕ စိတ္ေနစိတ္ထားကို ေျပာျပလာတဲ့ Project K

Written by Ms Cele

နာမည္ႀကီး iKON အဖြဲ႕နဲ႔ အနီးကပ္ ဆုံေတြ႕ခြင့္ရခဲ့ၿပီး သူတို႔ရဲ႕ စိတ္ေနစိတ္ထားကို ေျပာျပလာတဲ့ Project K

ပရိသတ္ႀကီးေရ Project Kအဖြဲ႕ဟာဆိုရင္ ျမန္မာႏိုင္ငံရဲ႕ KPop အဖြဲ႕တစ္ဖြဲ႕အျဖစ္ ႏိုင္ငံရပ္ျခားေတြမွာ မ်က္ႏွာပန္းပြင့္ ေစခဲ့သလို ၿပီးခဲ့တဲ့ ေအာက္တိုဘာလ အတြင္းကလည္း ေတာင္ကိုရီးယားႏိုင္ငံမွာ က်င္းပတဲ့ Asia Songs Festival မွာ ျမန္မာကိုယ္စားျပဳ အေနနဲ႔ ေဖ်ာ္ေျဖႏိုင္ခဲ့တာပဲ ျဖစ္ပါတယ္။ ဒီကေန႔မွာေတာ့ Project K အဖြဲ႕က ကမာၻေက်ာ္ Kpop အဖြဲ႕ျဖစ္တဲ့ iKON အဖြဲ႕နဲ႔ အနီးကပ္ ဆုံေတြ႕ခြင့္ရခဲ့တဲ့အေၾကာင္းကို အမွတ္တရေျပာျပလာပါတယ္။

Project K အဖြဲ႕က “တစ္ကမာၻလုံးသိတဲ့ နာမည္ႀကီး Kpop Idol Group ျဖစ္တဲ့ iKON အဖြဲ႕နဲ႔ ကြ်န္ေတာ္တို့ ဆံုေတြ့ခြင့္ ရခဲ့တယ္။ iKON အဖြဲ့ဝင္ တစ္ေယာက္ခ်င္းစီတိုင္းက ေစတနာနဲ႔ စိတ္ေနစိတ္ထားေတြက အရမ္းကို ႏွိမ့္ခ်တတ္ၾကတယ္။ ပြဲမွာ ပထမဆုံးေတြ႕တာေတာင္မွ သူတို႔ေတြက ကြ်န္ေတာ္တို့ကို ေႏြးေထြးတဲ့ အၿပဳံးေတြနဲ႔ ႏႈတ္ဆက္ခဲ့ၾကတယ္။ သူတို႔ဟာ အဆို အက အက ေတာ္႐ုံတင္မကဘူး။ အားက်စရာ လူႀကီးလူေကာင္းေတြပါ။ Kpop Industry မွာ iKON အဖြဲ့ ဘာလို႔ဒီေလာက္ေအာင္ျမင္ေနလဲ ဆိုတာသံသယ မရွိေတာ့ဘူး။ ဒါက ကြ်န္ေတာ္တို့ ကိုရီးယား ေရာက္တုန္းက မေမ့ႏိုင္စရာနဲ႔ တန္ဖိုးရွိတဲ့ အခ်ိန္ပဲ။ ၿပီးေတာ့ iKON နဲ႔ ေတြ႕ဖို႔ အခြင့္အေရးေပးတဲ့ လူတိုင္းကို ေက်းဇူးတင္ပါတယ္။” ဆိုျပီး ေျပာလာတာပဲ ျဖစ္ပါတယ္။

Project K အဖြဲ့ကေတာ့ ေတာင္ကိုရီးယားနုိင္ငံ YG Entertainment ရဲ့ နာမည္ၾကီး iKON အဖြဲ့နဲ့ နီးနီးကပ္ကပ္ ဆံုေတြ့ခြင့္ရခဲ့တာ အိပ္မက္ တစ္ခုလိုျဖစ္ေနမွာ ေသခ်ာပါတယ္။ ပရိသတ္ၾကီးလည္း ကံေကာင္းလြန္းတဲ့ Project K အဖြဲ့သားေတြကို အားက်ေနၾကမယ္ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးတဲ့ ပရိသတ္ႀကီးကို အထူးပဲ ေက်းဇူးတင္ပါတယ္။

Source: Project K’s fb
Credit:Cele Connections

နာမည်ကြီး iKON အဖွဲ့နဲ့ အနီးကပ် ဆုံတွေ့ခွင့်ရခဲ့ပြီး သူတို့ရဲ့ စိတ်နေစိတ်ထားကို ပြောပြလာတဲ့ Project K

ပရိသတ်ကြီးရေ Project Kအဖွဲ့ဟာဆိုရင် မြန်မာနိုင်ငံရဲ့ KPop အဖွဲ့တစ်ဖွဲ့အဖြစ် နိုင်ငံရပ်ခြားတွေမှာ မျက်နှာပန်းပွင့် စေခဲ့သလို ပြီးခဲ့တဲ့ အောက်တိုဘာလ အတွင်းကလည်း တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပတဲ့ Asia Songs Festival မှာ မြန်မာကိုယ်စားပြု အနေနဲ့ ဖျော်ဖြေနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ Project K အဖွဲ့က ကမ္ဘာကျော် Kpop အဖွဲ့ဖြစ်တဲ့ iKON အဖွဲ့နဲ့ အနီးကပ် ဆုံတွေ့ခွင့်ရခဲ့တဲ့အကြောင်းကို အမှတ်တရပြောပြလာပါတယ်။

Project K အဖွဲ့က “တစ်ကမ္ဘာလုံးသိတဲ့ နာမည်ကြီး Kpop Idol Group ဖြစ်တဲ့ iKON အဖွဲ့နဲ့ ကျွန်တော်တို့ ဆုံတွေ့ခွင့် ရခဲ့တယ်။ iKON အဖွဲ့ဝင် တစ်ယောက်ချင်းစီတိုင်းက စေတနာနဲ့ စိတ်နေစိတ်ထားတွေက အရမ်းကို နှိမ့်ချတတ်ကြတယ်။ ပွဲမှာ ပထမဆုံးတွေ့တာတောင်မှ သူတို့တွေက ကျွန်တော်တို့ကို နွေးထွေးတဲ့ အပြုံးတွေနဲ့ နှုတ်ဆက်ခဲ့ကြတယ်။ သူတို့ဟာ အဆို အက အက တော်ရုံတင်မကဘူး။ အားကျစရာ လူကြီးလူကောင်းတွေပါ။ Kpop Industry မှာ iKON အဖွဲ့ ဘာလို့ဒီလောက်အောင်မြင်နေလဲ ဆိုတာသံသယ မရှိတော့ဘူး။ ဒါက ကျွန်တော်တို့ ကိုရီးယား ရောက်တုန်းက မမေ့နိုင်စရာနဲ့ တန်ဖိုးရှိတဲ့ အချိန်ပဲ။ ပြီးတော့ iKON နဲ့ တွေ့ဖို့ အခွင့်အရေးပေးတဲ့ လူတိုင်းကို ကျေးဇူးတင်ပါတယ်။” ဆိုပြီး ပြောလာတာပဲ ဖြစ်ပါတယ်။

Project K အဖွဲ့ကတော့ တောင်ကိုရီးယားနိုင်ငံ YG Entertainment ရဲ့ နာမည်ကြီး iKON အဖွဲ့နဲ့ နီးနီးကပ်ကပ် ဆုံတွေ့ခွင့်ရခဲ့တာ အိပ်မက် တစ်ခုလိုဖြစ်နေမှာ သေချာပါတယ်။ ပရိသတ်ကြီးလည်း ကံကောင်းလွန်းတဲ့ Project K အဖွဲ့သားတွေကို အားကျနေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို အထူးပဲ ကျေးဇူးတင်ပါတယ်။

Source: Project K’s fb
Credit:Cele Connections

About the author

Ms Cele

Leave a Comment