Celebrity

နာေရးကူညီမႈအသင္း(ရန္ကုန္) မွေနျပည္ေတာ္ သို႔ ကိုဗစ္ကာကြယ္ေရးေဆး အတြက္ က်ပ္သိန္းတစ္ရာ လႉဒါန္းခဲ့ေၾကာင္း ေျပာျပလာတဲ့ ဦးေက်ာ္သူ

Written by Ms Cele

နာေရးကူညီမႈအသင္း(ရန္ကုန္) မွေနျပည္ေတာ္ သို႔ ကိုဗစ္ကာကြယ္ေရးေဆး အတြက္ က်ပ္သိန္းတစ္ရာ လႉဒါန္းခဲ့ေၾကာင္း ေျပာျပလာတဲ့ ဦးေက်ာ္သူ

လက္ရွိျဖစ္ေပၚေနတဲ့ COVID-19 ကူးစက္ေရာဂါ နဲ႔ ပတ္သက္ၿပီး ကာကြယ္ေဆးေတြ ထြက္ေပၚလာၿပီ ျဖစ္ပါတယ္။ ဒီ ကာကြယ္ေဆးေတြကို လုံလုံေလာက္ေလာက္ ဝယ္ယူနိုင္ဖို႔ အတြက္ နာေရးကူညီမႈအသင္း(ရန္ကုန္) ဥကၠဌ ဦးေက်ာ္သူက က်ပ္သိန္း(၁၀၀) လႉဒါန္းခဲ့တယ္လို႔ သိရပါတယ္။

” ကိုဗစ္ကာကြယ္ေရးေဆး အတြက္ နာေရးကူညီမႈ အသင္း(ရန္ကုန္) မွေနျပည္ေတာ္ သို႔ က်ပ္သိန္းတစ္ရာ (၁၀၀၀၀၀၀ဝိ/-) လႉဒါန္းျခင္း။ နတ္လူ သာဓုေခၚေစေသာ္” ဆိုၿပီးေတာ့ ဇန္နဝါရီလ (၉) ရက္ေန႔ ညေန ၅ နာရီေက်ာ္က ဦးေက်ာ္သူရဲ့ ေဖ့စ္ဘြတ္ စာမ်က္ႏွာမွာ ေရးသားခဲ့ပါတယ္။

ဦးေက်ာ္သူ ကိုယ္တိုင္ ကလည္း ကိုဗစ္ေရာဂါပိုး ကူးစက္ခံခဲ့ ရဖူးသူျဖစ္ပါတယ္။ သူဟာ ေအာက္တိုဘာလ (၂၁) ရက္ေန႔တုန္းက ေဆးစစ္ခ်က္အရ ကိုဗစ္ပိုးေတြ႕ရွိခဲ့ ရတာေၾကာင့္ ေဝဘာဂီေဆး႐ုံႀကီးမွာေဆးကုသမႈ ခံယူခဲ့တာျဖစ္ၿပီး နိုဝင္ဘာလ(၇) ရက္ေန႔မွာ ကိုဗစ္ေရာဂါပိုး ကင္းစင္သြားခဲ့တာျဖစ္ပါတယ္။ သူဟာ ႏွလုံးခြဲစိတ္ခံထားရသူလည္း ျဖစ္သလို ဆီးခ်ိဳ ေရာဂါ အခံရွိတာေၾကာင့္ ကိုဗစ္ေရာဂါ ကူးစက္ခံလိုက္ရတဲ့ အခ်ိန္မွာ ပရိသတ္ေတြ သာမက ၊ အႏုပညာရွင္ေတြကလည္း စိုးရိမ္ေပးခဲ့ၾကပါေသးတယ္။

ဦးေက်ာ္သူ ဦးေဆာင္တဲ့ နာေရးကူညီမႈ အသင္းဟာ COVID-19 ကာလမွာ ဈာပနပို႔ေဆာင္ျခင္း၊ ေရာဂါပိုး ကာကြယ္ေရး အတြက္ ေဆးျဖန္းျခင္း၊ မီးေဘးအႏၲရာယ္ တားဆီးေရး အတြက္ ေရသယ္ကားမ်ားနဲ႔ ကူညီေပးျခင္း၊ ေရရွားပါးတဲ့ ေက်းရြာေတြမွာ ေရအလႉျပဳျခင္း စတဲ့ ကုသိုလ္ေရးေတြ ေဆာင္ရြက္ေနတာ ျဖစ္ပါတယ္။ ဦးေက်ာ္သူ အေနနဲ႔ နာေရးကူညီမႈ အသင္း(ရန္ကုန္) ကို ၂၀၀၀ ခုႏွစ္ကတည္းက တည္ေထာင္ ခဲ့တာပါ။ အခုဆိုရင္ေတာ့ ဒီအသင္းႀကီးဟာ ႏွစ္ေပါင္း(၂၀) ေက်ာ္လာခဲ့ပါၿပီ။ ဦးေက်ာ္သူဟာ တစ္ခ်ိန္က အကယ္ဒမီဆုေတြ ရရွိခဲ့ဖူးတဲ့ နိုင္ငံေက်ာ္ ႐ုပ္ရွင္ သ႐ုပ္ေဆာင္ တစ္ဦးျဖစ္ပါတယ္။

ခရက္ဒစ္-ဆယ္လီရပ္ကြက္

နာရေးကူညီမှုအသင်း(ရန်ကုန်) မှနေပြည်တော် သို့ ကိုဗစ်ကာကွယ်ရေးဆေး အတွက် ကျပ်သိန်းတစ်ရာ လှူဒါန်းခဲ့ကြောင်း ပြောပြလာတဲ့ ဦးကျော်သူ

လက်ရှိဖြစ်ပေါ်နေတဲ့ COVID-19 ကူးစက်ရောဂါ နဲ့ ပတ်သက်ပြီး ကာကွယ်ဆေးတွေ ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။ ဒီ ကာကွယ်ဆေးတွေကို လုံလုံလောက်လောက် ဝယ်ယူနိုင်ဖို့ အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူက ကျပ်သိန်း(၁၀၀) လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

” ကိုဗစ်ကာကွယ်ရေးဆေး အတွက် နာရေးကူညီမှု အသင်း(ရန်ကုန်) မှနေပြည်တော် သို့ ကျပ်သိန်းတစ်ရာ (၁ဝဝဝဝဝဝဝိ/-) လှူဒါန်းခြင်း။ နတ်လူ သာဓုခေါ်စေသော်” ဆိုပြီးတော့ ဇန်နဝါရီလ (၉) ရက်နေ့ ညနေ ၅ နာရီကျော်က ဦးကျော်သူရဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

ဦးကျော်သူ ကိုယ်တိုင် ကလည်း ကိုဗစ်ရောဂါပိုး ကူးစက်ခံခဲ့ ရဖူးသူဖြစ်ပါတယ်။ သူဟာ အောက်တိုဘာလ (၂၁) ရက်နေ့တုန်းက ဆေးစစ်ချက်အရ ကိုဗစ်ပိုးတွေ့ရှိခဲ့ ရတာကြောင့် ဝေဘာဂီဆေးရုံကြီးမှာဆေးကုသမှု ခံယူခဲ့တာဖြစ်ပြီး နိုဝင်ဘာလ(၇) ရက်နေ့မှာ ကိုဗစ်ရောဂါပိုး ကင်းစင်သွားခဲ့တာဖြစ်ပါတယ်။ သူဟာ နှလုံးခွဲစိတ်ခံထားရသူလည်း ဖြစ်သလို ဆီးချို ရောဂါ အခံရှိတာကြောင့် ကိုဗစ်ရောဂါ ကူးစက်ခံလိုက်ရတဲ့ အချိန်မှာ ပရိသတ်တွေ သာမက ၊ အနုပညာရှင်တွေကလည်း စိုးရိမ်ပေးခဲ့ကြပါသေးတယ်။

ဦးကျော်သူ ဦးဆောင်တဲ့ နာရေးကူညီမှု အသင်းဟာ COVID-19 ကာလမှာ ဈာပနပို့ဆောင်ခြင်း၊ ရောဂါပိုး ကာကွယ်ရေး အတွက် ဆေးဖြန်းခြင်း၊ မီးဘေးအန္တရာယ် တားဆီးရေး အတွက် ရေသယ်ကားများနဲ့ ကူညီပေးခြင်း၊ ရေရှားပါးတဲ့ ကျေးရွာတွေမှာ ရေအလှူပြုခြင်း စတဲ့ ကုသိုလ်ရေးတွေ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဦးကျော်သူ အနေနဲ့ နာရေးကူညီမှု အသင်း(ရန်ကုန်) ကို ၂၀၀၀ ခုနှစ်ကတည်းက တည်ထောင် ခဲ့တာပါ။ အခုဆိုရင်တော့ ဒီအသင်းကြီးဟာ နှစ်ပေါင်း(၂၀) ကျော်လာခဲ့ပါပြီ။ ဦးကျော်သူဟာ တစ်ချိန်က အကယ်ဒမီဆုတွေ ရရှိခဲ့ဖူးတဲ့ နိုင်ငံကျော် ရုပ်ရှင် သရုပ်ဆောင် တစ်ဦးဖြစ်ပါတယ်။

ခရက်ဒစ်-ဆယ်လီရပ်ကွက်

About the author

Ms Cele

Leave a Comment