Celebrity

နိုင္ငံေတာ္က ေပးအပ္ ခ်ီးျမွင့္တဲ့ သီရိသုဓမၼမဏိေဇာတဓရ ဘြဲ့တံဆိပ္ကို ထပ္မံရရိွ ခဲ့တဲ့ အကယ္ဒမီ ခန့္စည္သူ

Written by Ms Cele

နိုင္ငံေတာ္က ေပးအပ္ ခ်ီးျမွင့္တဲ့ သီရိသုဓမၼမဏိေဇာတဓရ ဘြဲ့တံဆိပ္ကို ထပ္မံရရိွ ခဲ့တဲ့ အကယ္ဒမီ ခန့္စည္သူ

မင္းသားေခ်ာ ခန့္စည္သူ ကေတာ့ အနုပညာေလာကမွာ နွစ္ေပါင္း သံုးဆယ္နီးပါး ပရိသတ္အားေပးမႈကို အခုိင္အမာ ရရိွထားသူ ျဖစ္ပါတယ္။ “အမ်ားနွင့္မသက္ဆိုင္သူ” ရုပ္ရွင္ဇာတ္ကားၾကီးနဲ့ အကယ္ဒမီဆုၾကီး တစ္ခုကို လက္ဝယ္ ပိုင္ဆိုင္ထားတဲ့ ခန့္စည္သူက အနုပညာမွာ ပါရမီထူးခြ်န္သလို အလွဴအတန္းမွာလည္း ရက္ေရာလြန္းတာေၾကာင့္ ေကာင္းသတင္းနဲ့ ေက်ာ္ေစာသူ တစ္ေယာက္ ျဖစ္ပါတယ္။ ခန့္စည္သူက ပရဟိတလုပ္ငန္းေတြကို တစ္ကိုယ္ေတာ္ျပဳလုပ္သလို “ေမတၱာသဂၤဟ” ပရဟိတအဖြဲ့ကိုလည္း ဦးေဆာင္ျပီး လူမႈအက်ိဳးျပဳလုပ္ငန္း ေတြကို လႈပ္ရွားေဆာင္ရြက္ေနသူတစ္ဦးပဲ ျဖစ္ပါတယ္။

ဒီကေန့ ဇန္နဝါရီလ (၄) ရက္ေန့မွာေတာ့ ခန့္စည္သူကို ခ်စ္ခင္ေလးစားၾကတဲ့ ပရိသတ္ေတြကို ဝမ္းသာဂုဏ္ယူေစမယ့္ သတင္းေကာင္း တစ္ခုကေတာ့ အကယ္ဒမီ ခန့္စည္သူက နိုင္ငံေတာ္က ေပးအပ္ခ်ီးျမွင့္တဲ့ သီရိသုဓမၼမဏိေဇာတဓရဘြဲ့ကို ရရိွခဲ့တာပဲ ျဖစ္ပါတယ္။ သီရိသုဓမၼမဏိေဇာတဓရဘြဲ့ ကေတာ့ သာသနာ့ က်က္သေရေဆာင္ ပတၱျမားပမာ နိႈင္းယွဥ္အပ္သူ အဆင့္အျမင့္ဆံုး အမ်ိဳးသားဥပါသိကာ (ဒုတိယအဆင့္) လို့ ျမန္မာအဓိပၸာယ္ရတာျဖစ္ျပီး ဒီကနွစ္မွာေတာ့ ခန့္စည္သူက ေပးအပ္ခ်ီးျမွင့္ျခင္းခံ ရတာပဲ ျဖစ္ပါတယ္။

ခန့့္စည္သူက သီဟသုဓမၼမဏိေဇာတဓရဘြဲ့ကို ေပးအပ္ခ်ီးျမွင့္ျခင္းခံ ထားရသူျဖစ္ျပီး ဒီနွစ္ (၂၀၂၁) ခုနွစ္မွာေတာ့ သီရိသုဓမၼမဏိေဇာတဓရဘြဲ့ကို ထပ္မံရရိွခဲ့တာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ခန့္စည္သူရဲ့ ဝမ္းသာစရာသတင္း အတြက္ ဂုဏ္ယူေနၾကမယ္ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာ ေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္း ေပးလိုက္ပါတယ္။

Source: MRTV ‘s fb
Credit:Cele Connections

နိုင်ငံတော်က ပေးအပ် ချီးမြှင့်တဲ့ သီရိသုဓမ္မမဏိဇောတဓရ ဘွဲ့တံဆိပ်ကို ထပ်မံရရှိ ခဲ့တဲ့ အကယ်ဒမီ ခန့်စည်သူ

မင်းသားချော ခန့်စည်သူ ကတော့ အနုပညာလောကမှာ နှစ်ပေါင်း သုံးဆယ်နီးပါး ပရိသတ်အားပေးမှုကို အခိုင်အမာ ရရှိထားသူ ဖြစ်ပါတယ်။ “အများနှင့်မသက်ဆိုင်သူ” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကယ်ဒမီဆုကြီး တစ်ခုကို လက်ဝယ် ပိုင်ဆိုင်ထားတဲ့ ခန့်စည်သူက အနုပညာမှာ ပါရမီထူးချွန်သလို အလှူအတန်းမှာလည်း ရက်ရောလွန်းတာကြောင့် ကောင်းသတင်းနဲ့ ကျော်စောသူ တစ်ယောက် ဖြစ်ပါတယ်။ ခန့်စည်သူက ပရဟိတလုပ်ငန်းတွေကို တစ်ကိုယ်တော်ပြုလုပ်သလို “မေတ္တာသင်္ဂဟ” ပရဟိတအဖွဲ့ကိုလည်း ဦးဆောင်ပြီး လူမှုအကျိုးပြုလုပ်ငန်း တွေကို လှုပ်ရှားဆောင်ရွက်နေသူတစ်ဦးပဲ ဖြစ်ပါတယ်။

ဒီကနေ့ ဇန်နဝါရီလ (၄) ရက်နေ့မှာတော့ ခန့်စည်သူကို ချစ်ခင်လေးစားကြတဲ့ ပရိသတ်တွေကို ဝမ်းသာဂုဏ်ယူစေမယ့် သတင်းကောင်း တစ်ခုကတော့ အကယ်ဒမီ ခန့်စည်သူက နိုင်ငံတော်က ပေးအပ်ချီးမြှင့်တဲ့ သီရိသုဓမ္မမဏိဇောတဓရဘွဲ့ကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ သီရိသုဓမ္မမဏိဇောတဓရဘွဲ့ ကတော့ သာသနာ့ ကျက်သရေဆောင် ပတ္တမြားပမာ နှိုင်းယှဉ်အပ်သူ အဆင့်အမြင့်ဆုံး အမျိုးသားဥပါသိကာ (ဒုတိယအဆင့်) လို့ မြန်မာအဓိပ္ပာယ်ရတာဖြစ်ပြီး ဒီကနှစ်မှာတော့ ခန့်စည်သူက ပေးအပ်ချီးမြှင့်ခြင်းခံ ရတာပဲ ဖြစ်ပါတယ်။

ခန့့်စည်သူက သီဟသုဓမ္မမဏိဇောတဓရဘွဲ့ကို ပေးအပ်ချီးမြှင့်ခြင်းခံ ထားရသူဖြစ်ပြီး ဒီနှစ် (၂၀၂၁) ခုနှစ်မှာတော့ သီရိသုဓမ္မမဏိဇောတဓရဘွဲ့ကို ထပ်မံရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ခန့်စည်သူရဲ့ ဝမ်းသာစရာသတင်း အတွက် ဂုဏ်ယူနေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာ ပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်း ပေးလိုက်ပါတယ်။

Source: MRTV ‘s fb
Credit:Cele Connections

About the author

Ms Cele

Leave a Comment