Celebrity

နိုင္ငံေတာ္က ေပးအပ္ ခ်ီးျမွင့္တဲ့ သီဟသုဓမၼမဏိေဇာတဓရ ဘြဲ႕ကို ထပ္မံ အပ္နွင္းခံ ခဲ့ရတဲ့ ဒီဇိုင္နာ မ်ိဳးမင္းစိုး

Written by Ms Cele

နိုင္ငံေတာ္က ေပးအပ္ ခ်ီးျမွင့္တဲ့ သီဟသုဓမၼမဏိေဇာတဓရ ဘြဲ႕ကို ထပ္မံ အပ္နွင္းခံ ခဲ့ရတဲ့ ဒီဇိုင္နာ မ်ိဳးမင္းစိုး

ျမန္မာနိုင္ငံ အတြင္းက နာမည္ၾကီးထိပ္တန္း ဒီဇိုင္နာ တစ္ေယာက္ျဖစ္သလို မႏၱေလးျမိဳ့ရဲ့ မ်က္နွာဖံုး တစ္ေယာက္လို့ ဆိုရေလာက္တဲ့ ဒီဇိုင္နာမ်ိဳးမင္းစိုး ကိုေတာ့ ပရိသတ္ၾကီး အားလံုးသိျပီးသား ျဖစ္မွာပါ။ ဒီဇိုင္နာမ်ိဳးမင္းစုိး ကေတာ့ နိုင္ငံေက်ာ္ပုဂၢိဳလ္၊ မင္းသား၊ မင္းသမီးေတြရဲ့ ဝတ္စံုေတြ ကိုလည္း တာဝန္ယူခ်ဳပ္လုပ္ ေပးရတာျဖစ္ျပီး စိန္စီဝတ္စံု၊ ေရႊဝတ္စံုေတြကိုလည္း ဂုဏ္ယူစြာနဲ့ ဖန္တီးတတ္သူ တစ္ေယာက္ျဖစ္တာေၾကာင့္ ပရိသတ္ေတြၾကားမွာ ေက်ာ္ၾကားသူ တစ္ေယာက္ပဲ ျဖစ္ပါတယ္။ အလွဴအတန္းေတြကိုလည္း အျမဲမျပတ္ျပဳလုပ္ျပီး ေက်ာင္းေဆာင္ေတြကိုလည္း ေဆာက္လုပ္လွဴဒါန္းတတ္တဲ့ မ်ိဳးမင္းစိုးက ဒီကေန့မွာေတာ့ ဂုဏ္ယူစရာသတင္းေကာင္း တစ္ခုကို ၾကံဳဆံုလာခဲ့ျပီ ျဖစ္ပါတယ္။

ဒီဇိုင္နာ မ်ိဳးမင္းစုိး ကေတာ့ သူ့ရဲ့ သတင္းေကာင္းေလးနဲ့ ပက္သတ္ျပီး “ျပည္ေထာင္စု သမၼတျမန္မာႏိုင္ငံေတာ္၊ ႏိုင္ငံေတာ္ သမၼတ႐ုံး အမိန္႔ေၾကာ္ျငာစာ အမွတ္ ၁/၂၀၂၁ ျဖင့္ ၁၃၈၂ခု၊ န​တ္ေတာ္လျပည့္​ေက်ာ္(၆)ရက္ ၊ ၂၀၂၁ျပည့္ႏွစ္ဇန္နဝါရီလ(၄)ရက္ ၊လြတ္လပ္ေရးေန႔တြင္ 🟠သီဟသုဓမၼမဏိေဇာတဓရဘြဲ႕🟠 ထပ္မွန္အပ္ႏွင္းျခင္းခံရသည့္ အတြက္ အတိုင္းမသိဝမ္းသာေပ်ာ္႐ႊင္မိပါေၾကာင္းးးး” ဆိုျပီး သီဟသုဓမၼမဏိေဇာတဓရဘြဲ႕ရရိွခဲ့ေၾကာင္း ေျပာလာတာပဲ ျဖစ္ပါတယ္။

ဒီဇိုင္နာ မ်ိဳးမင္းစိုး ကေတာ့ ျပီးခဲ့တဲ့ (၂၀၁၉) ခုနွစ္ကလည္း နိုင္ငံေတာ္က ေပးအပ္ခ်ီးျမွင့္တဲ့ သုဓမၼမဏိေဇာတဓရဘြဲ့ကို ရရိွခဲ့ျပီး အခု (၂၀၂၁) ခုနွစ္မွာလည္း သီဟသုဓမၼမဏိေဇာတဓရ ဘြဲ့ကို ထပ္မံရရိွခဲ့တာ ျဖစ္ပါတယ္။ ဒီဇိုင္နာမ်ိဳးမင္းစိုး အတြက္ ပရိသတ္ၾကီးလည္း ထပ္တူ ဂုဏ္ယူဝမ္းေျမာက္ ေနၾကမယ္ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီး အားလုံးလည္း သာယာ ေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Myo Min Soe ‘s fb
Credit:Cele Connections

နိုင်ငံတော်က ပေးအပ် ချီးမြှင့်တဲ့ သီဟသုဓမ္မမဏိဇောတဓရ ဘွဲ့ကို ထပ်မံ အပ်နှင်းခံ ခဲ့ရတဲ့ ဒီဇိုင်နာ မျိုးမင်းစိုး

မြန်မာနိုင်ငံ အတွင်းက နာမည်ကြီးထိပ်တန်း ဒီဇိုင်နာ တစ်ယောက်ဖြစ်သလို မန္တလေးမြို့ရဲ့ မျက်နှာဖုံး တစ်ယောက်လို့ ဆိုရလောက်တဲ့ ဒီဇိုင်နာမျိုးမင်းစိုး ကိုတော့ ပရိသတ်ကြီး အားလုံးသိပြီးသား ဖြစ်မှာပါ။ ဒီဇိုင်နာမျိုးမင်းစိုး ကတော့ နိုင်ငံကျော်ပုဂ္ဂိုလ်၊ မင်းသား၊ မင်းသမီးတွေရဲ့ ဝတ်စုံတွေ ကိုလည်း တာဝန်ယူချုပ်လုပ် ပေးရတာဖြစ်ပြီး စိန်စီဝတ်စုံ၊ ရွှေဝတ်စုံတွေကိုလည်း ဂုဏ်ယူစွာနဲ့ ဖန်တီးတတ်သူ တစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေကြားမှာ ကျော်ကြားသူ တစ်ယောက်ပဲ ဖြစ်ပါတယ်။ အလှူအတန်းတွေကိုလည်း အမြဲမပြတ်ပြုလုပ်ပြီး ကျောင်းဆောင်တွေကိုလည်း ဆောက်လုပ်လှူဒါန်းတတ်တဲ့ မျိုးမင်းစိုးက ဒီကနေ့မှာတော့ ဂုဏ်ယူစရာသတင်းကောင်း တစ်ခုကို ကြုံဆုံလာခဲ့ပြီ ဖြစ်ပါတယ်။

ဒီဇိုင်နာ မျိုးမင်းစိုး ကတော့ သူ့ရဲ့ သတင်းကောင်းလေးနဲ့ ပက်သတ်ပြီး “ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော် သမ္မတရုံး အမိန့်ကြော်ငြာစာ အမှတ် ၁/၂၀၂၁ ဖြင့် ၁၃၈၂ခု၊ န​တ်တော်လပြည့်​ကျော်(၆)ရက် ၊ ၂၀၂၁ပြည့်နှစ်ဇန်နဝါရီလ(၄)ရက် ၊လွတ်လပ်ရေးနေ့တွင် 🟠သီဟသုဓမ္မမဏိဇောတဓရဘွဲ့🟠 ထပ်မှန်အပ်နှင်းခြင်းခံရသည့် အတွက် အတိုင်းမသိဝမ်းသာပျော်ရွှင်မိပါကြောင်းးးး” ဆိုပြီး သီဟသုဓမ္မမဏိဇောတဓရဘွဲ့ရရှိခဲ့ကြောင်း ပြောလာတာပဲ ဖြစ်ပါတယ်။

ဒီဇိုင်နာ မျိုးမင်းစိုး ကတော့ ပြီးခဲ့တဲ့ (၂၀၁၉) ခုနှစ်ကလည်း နိုင်ငံတော်က ပေးအပ်ချီးမြှင့်တဲ့ သုဓမ္မမဏိဇောတဓရဘွဲ့ကို ရရှိခဲ့ပြီး အခု (၂၀၂၁) ခုနှစ်မှာလည်း သီဟသုဓမ္မမဏိဇောတဓရ ဘွဲ့ကို ထပ်မံရရှိခဲ့တာ ဖြစ်ပါတယ်။ ဒီဇိုင်နာမျိုးမင်းစိုး အတွက် ပရိသတ်ကြီးလည်း ထပ်တူ ဂုဏ်ယူဝမ်းမြောက် နေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာ ပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Myo Min Soe ‘s fb
Credit:Cele Connections

About the author

Ms Cele

Leave a Comment