Celebrity


Written by Ms Cele





Credit:Cele Gabar

နိုင်ငံ့ဂုဏ်ဆောင် Miss ဖြစ်ချင်ခဲ့တဲ့ သူမရဲ့ အိပ်မက် တွေကို ယခုချိန်မှာ အသက်အရွယ်အရ ကြိုးစားခွင့် မရှိတော့ဘူး ဆိုတဲ့ အေးမြတ်သူ

မမြတ်လေးလို့ ပရိသတ်တွေ ချစ်စနိုးခေါ်ကြတဲ့ မော်ဒယ်လ် အေးမြတ်သူ ကတော့ မြင်သူတိုင်း ငေးကြည့် ရလောက်တဲ့ အမိုက်စား ဘော်ဒီလေးနဲ့ အသက် (၃၀)ကျော်လို့တောင် မထင်ရအောင် နုပျိုလှပနေတဲ့ မင်းသမီး တစ်ယောက်ဆိုတာ ပရိသတ်တွေလည်း သိပြီးဖြစ်မှာပါနော် ။ တောင့်တင်းခိုင်မာတဲ့ပေါင်တံ ၊ ကျစ်လစ်တဲ့တင်းပါး ၊ သေးသွယ်တဲ့ခါး ကို ပိုင်ဆိုင်ချင်တာ မမြတ်လေးရဲ့ ငယ်ဘဝ အိမ်မက် တစ်ခုပါတဲ့ ပရိသတ်ကြီးရေ ..။

ခုတော့ သူမ အတွက် လမ်းစလေးမြင် ရပြီဖြစ်ပြီး နိုင်ငံ့ ဂုဏ်ဆောင် Miss ဖြစ်ချင်ခဲ့ တာလည်း သူမရဲ့ ရူးသွပ်မှုတစ်ခုပဲဖြစ်တယ်လို့ ပရိသတ် တွေကို အသိပေး လာခဲ့ပါတယ် ။ လက်ရှိနိုင်ငံ့ ဂုဏ်ဆောင်ခွင့်ရမယ့်ညီမတွေ နဲ့ နောင်ကို နိုင်ငံ့ဂုဏ်ဆောင်ခွင့် ရမယ့်ညီမတွေ အများကြီးကြိုးစား စေချင်တယ် အမလို အသက်ကြီးတဲ့ အမျိုးသမီး က ကြိုးစားချင်ပေမယ့် အခွင့်အရေး မရတော့ဘူး အခွင့်အရေးရှိတဲ့ ညီမတွေ ကြိုးစားပေးကြပါနော် ဆိုတဲ့ စာသားလေးနဲ့အတူ သူမ မက်ခွင့်မရခဲ့တဲ့ အိပ်မက်လေး တွေကို နောက်တက်လာမယ့် အနုပညာရှင် ညီမလေးတွေကို အကောင်ထည်ဖော်ဖို့ အတွက် လူမှုကွန်ရက် စာမျက်နှာကနေတဆင့် တိုက်တွန်း စကားဆိုခဲ့တာပါ ။

အင်တာနေရှင်နယ် အဆင့်မမီတဲ့ အရပ် နဲ့ ကြီးရင့်လာတဲ့အသက် နံပါတ်တွေကြောင့် ကိုယ့်ဘော်ဒီ ကိုတော့ အင်တာနေရှင်နယ် နေမှီအောင် ကြိုးစားနေပါတယ်လို့လည်း ရေးသားဖော်ပြ ထားပါသေးတယ် ။ ပရိသတ်ကြီးရေ မမြတ်လေးကတော့ အသက်ကြီးပေမယ့် မပျက်စီး သေးတဲ့ အပြင် လူတိုင်းငေး ရလောက်တဲ့ အမိုက်စား ဘော်ဒီလေး နဲ့ ဆယ်ကျော်သက်လေးတွေနဲ့ အပြိုင်နုနေတာ ကတော့ ငြင်းလို့မရပါဘူးနော် ။

Credit:Cele Gabar

About the author

Ms Cele

Leave a Comment