Celebrity


Written by Ms Cele






နိုင်ငံကျော် မင်းသမီးဆိုပေမယ့် မိတ်ကပ် ဆရာ အပေါ် ယုံယုံ ကြည်ကြည်နဲ့ စိတ်တိုင်းကျ ဖန်တီးဖို့ ခွင့်ပြုတဲ့ ဝတ်မှုံရွှေရည် အကြောင်းပြော လာတဲ့ မေဦး

နိုင်ငံကျော် ထိပ်တန်း မင်းသမီးတစ်ယောက်ဖြစ်တဲ့ အိန္ဒြာကျော်ဇင် ကတော့ အနုပညာ အရည်အချင်း အပြည့်အဝရှိသလို ပေါင်းသင်း ဆက်ဆံရေးမှာလည်း လူတိုင်းက ချစ်ကြသူလေး တစ်ယောက်ပဲ ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်က သူမရဲ့ အနုပညာသက်တမ်း တစ်လျှောက်မှာ နံဘေးကနေ အမြဲတမ်း ကူညီပံ့ပိုးပေး နေတဲ့ မိတ်ကပ် မေဦးနဲ့တော့ မောင်နှမလို ရင်းနှီးသူ တစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ မေဦးက မိတ်ကပ်ဆရာ အပေါ် ယုံယုံကြည်ကြည်နဲ့ စိတ်တိုင်းကျ ဖန်တီးဖို့ ခွင့်ပြုတဲ့ ဝတ်မှုံရွှေရည် အကြောင်းပြောပြလာပါတယ်။

မေဦးက “မေဦးနဲ့ကစ် လွန်ခဲ့ 10 နှစ်ကျော်လောက်က ကြော်ငြာတွေ ပိုစတာတွေ MTV တွေမှာအခုလို ချစ်စရာကောင်းပြီး make up look နဲ့ Hair style တွေကိုဆန်းဆန်းလေးတွေ ဖန်တီးဖြစ်တယ်။ ကစ်ကလည်းတချိန်လုံး အဲ့လိုကလိတာလေးတွေကို အမြဲတမ်းလိုလို လုပ်ခိုင်းတယ်လေ။ အခုလည်း ကစ်ကို ချစ်စရာကောင်းပြီး Fresh ဖြစ်နတေဲ့ look လေးပြင်ပေးတယ်” ဆိုပြီး လွန်ခဲ့တဲ့ ဆယ်စုနှစ်ကတည်းက ဝတ်မှုံရွှေရည်နဲ့ ဖန်တီးမှုအသစ် အဆန်းတွေကို ပြုလုပ်ဖြစ်ကြောင်း ပြောလာတာပဲ ဖြစ်ပါတယ်။

မေဦးကလည်း သူ့ရဲ့ သမီးတွေထဲက တစ်ယောက်ဖြစ်တဲ့ ဝတ်မှုံရွှေရည် အတွက် အလှဆုံး၊ အဆန်းဆုံးဆိုတာတွေကို ဖန်တီးပေးတတ်သလို ဝတ်မှုံရွှေရည် ကလည်း မေဦးစိတ်တိုင်းကျ ဖန်တီးခွင့်ပေးပြီး ချေးမများတတ်သူလေး တစ်ယောက်ပဲ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း ဝတ်မှုံရွှေရည်နဲ့ မေဦးတို့ရဲ့ ပူးပေါင်းဖန်တီးမှု တွေက ပရိသတ်တွေအကြိုက်ဖြစ်နေတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment