Local News

နေ့ စားလုပ်သား ၊ အနှေးယာဥ်လုပ်သားနဲ့ ကယ်ရီသမားများ ကို အစိုးရ မှ ကျပ် (၃၀၀၀၀) ထောက်ပံ့မည်

Written by mscele

နိုင်ငံတော်ရန်ပုံငွေမှ တစ်ဦးလျှင် ကျပ် (၃၀၀၀၀) ပေးမည့်အစီအစဥ်မှာ လူမှုဖူလုံရေး တွင် အကျုံးမဝင်သည့် အလုပ်သမားများဖြစ်သော နေ့စား၊ ယာယီ၊ ပုတ်ပြတ်၊ ဆောက်လုပ်ရေး၊ အနှေးယာဉ်၊ ကုန်တင်ကုန်ကျ၊ မော်တော်ဆိုက်ကယ် တက္ကစီအလုပ်သမားများလည်း ရရှိမည်

ကိုဗစ်ကာလတွင် ရန်ကုန်တိုင်းအတွင်း ခေတ္တပိတ်ထား ရသော အလုပ်ဌာနမှ အလုပ်သမားများ ကို နိုင်ငံတော်က ထောက်ပံပေး ရာတွင် လူမှုဖူလုံရေး ထည့်ဝင်ထားသော လုပ်သားများကို ထောက်ပံ့ ကူညီမှုအနေဖြင့် အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်း ပေးအပ်နေ သကဲ့သို့ လူမှုဖူလုံရေး တွင် အကျုံးမဝင်သော အလုပ်သမားများ အတွက် နိုင်ငံတော်ရန်ပုံငွေမှ တစ်ဦးလျှင် ကျပ် (၃၀၀၀၀) ပေးမည်ဖြစ်ရာ ထိုထဲတွင် နေ့စား၊ ယာယီ၊ ပုတ်ပြတ်၊ ဆောက်လုပ်ရေး၊ အနှေးယာဉ်၊ ကုန်တင်ကုန်ကျ၊ မော်တော်ဆိုက်ကယ်တက္ကစီ အလုပ်သမားများလည်း ရရှိမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ နှင့် အလုပ်သမားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံကုန်သည်များ နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် တို့မှ တာဝန်ရှိသူများ နှင့် ယနေ့ ညှိနှိုင်းဆွေးနွေးချက်အရသိရပါတယ်။

၎င်းနောက် ပြည်တောင်စုဝန်ကြီး က ကိုဗစ်-၁၉ ကပ်ရောဂါ ပထမလှိုင်းတွင် ကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ထောက်ပံ့ကူညီမှု အကျိုး ခံစားခွင့် (၄၀) ရာခိုင်နှုန်း ခွင့်ပြု အလုပ်ဌာနပေါင်း (၆၄၂၉) ဌာနရှိပြီး အာမခံ အလုပ်သမား (၈၀၀၂၆၀) အတွက် ခွင့်ပြုထုတ်ပေးငွေ ကျပ်သန်းပေါင်း (၁၉,၆၄၀ ဒသမ ၆၃၆) ကို ခွင့်ပြုထုတ်ပေးခဲ့ပြီး ဖြစ်ကြောင်း ကျန်ရှိသည့် အလုပ်ဌာနများကိုလည်း အချက်အလက်များ စိစစ်ပြီး ဆက်လက် ခွင့်ပြုထုတ်ပေးသွားမည်ဖြစ်ပါကြောင်း နှင့် ကိုဗစ်-၁၉ ကပ်ရောဂါ ထပ်မံဖြစ်ပွားခဲ့ သည့် ဒုတိယလှိုင်းတွင် ရောဂါကူးစက်မှုများပြားလာသည့် အတွက် Stay at Home အစီအစဉ်ဖြင့် အကျုံးဝင်သည့် အာမခံအလုပ်ဌာန များရှိ အာမခံအလုပ်သမားများအတွက် လူမှုဖူလုံရေးထောက်ပံ့ငွေ ရာခိုင်နှုန်းခွင့်ပြုနိုင်ရေးအတွက်

စက်တင်ဘာ (၂၄) ရက်တွင် အမိန့်ကြော်ငြာစာ အမှတ် (၁၉၆/၂၀၂၀)အရ ဒုတိယအကြိမ် လူမှုဖူလုံရေး ထောက်ပံ့ငွေ (၄၀) ရာခိုင်နှုန်း ထောက်ပံ့ပေးမှု အနေဖြင့် စက်တင်ဘာ (၂၄) ရက်မှ အောက်တိုဘာ (၇) ရက်အထိ Online Web portal မှ လျှောက်ထားသည့် အလုပ်ဌာန (၁၈၃၂ ) ဌာနရှိပြီး ခွင့်ပြုခဲ့သည့် အလုပ်၊ ဌာန (၃၁၃) ဌာန နှင့် အာမခံအလုပ်သမား (၃၃၈၀၂) ဦးအတွက် ခွင့်ပြုထုတ်ပေးငွေ ကျပ်သန်းပေါင်း (၂၃၆၂၇၃၃) ခွင့်ပြုထုတ်ပေး ခဲ့ပြီး ကျန်ရှိသည့် ဌာနများကိုလည်း အမြန်ဆုံးစိစစ်၍ ဆက်လက်ထုတ်ပေးသွားမည် ဖြစ်ပါကြောင်းလည်းပြောကြားခဲ့ပါတယ်။

ထို့နောက် လူမှုဖူလုံရေးအဖွဲ့၏ မကျန်းမာမှု အကျိုးခံစားခွင့် (၆၀) ရာခိုင်နှုန်းအနေဖြင့် Quarantine ဝင်ရောက်သူ အလုပ်သမား များ Positive လူနာများ ဆေးရုံတက်ရောက်ရ သူများ ကိုယ်ဝန်ဆောင် မိခင်များသို့ ဥပဒေနှင့်အညီ ထုတ်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ထောက်ပံ့ငွေများ ထုတ်ပေးရာတွင် အင်အားများသည့် စက်ရုံ၊အလုပ်ရုံများ အတွက် ရုံးချုပ်မှ သက်ဆိုင်ရာ နယ်မြေမြို့နယ်ရုံး သို့ ငွေလွှဲပေးပို့ပြီး ချက်လက်မှတ်အား စက်ရုံအလုပ်ရုံသို့ တိုက်ရိုက်ပေးပို့ဆောင်ရွက်ခြင်း နှင့် အင်အားနည်းပါးသည့် စက်ရုံ အလုပ်ရုံများအတွက် Online မှ ပေးပို့ခြင်းစသည့် စနစ် (၂) မျိုးဖြင့် အမြန်ဆုံးထုတ်ယူရရှိရေး ဆောင်ရွက်လျက်ရှိကြောင်းပါ အလုပ်သမား၊ လဝက ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားခဲ့ပါတယ်။

About the author

mscele

Leave a Comment