Celebrity


Written by Ms Cele






နှစ်စဉ် လုပ်နေကြ အတိုင်း မွေးနေ့မှာ အချစ်ရဆုံး ပရိသတ်တွေ ကိုလည်း အချိန် ပေးရင်း ဖြတ်သန်း ခဲ့တဲ့ သင်ဇာဝင့်ကျော်

အနုပညာလောကမှာ နှစ်ပေါင်း အတော်ကြာ နာမည်တစ်လုံးနဲ့ ရပ်တည်နေနိုင်တဲ့ မင်းသမီး ချောလေး သင်ဇာဝင့်ကျော်က တစ်နေ့တစ်ခြား အောင်မြင်မှု တွေ များစွာ ရရှိပိုင်ဆိုင်ထားသူလေး တစ်ဦးပါ။ သင်ဇာဝင့်ကျော်ရဲ့ အလန်းစားဖက်ရှင်တွေကလည်း ပရိသတ်တွေ စိတ်ဝင်တစားစောင့်ကြည့်ကြတဲ့ အရာတစ်ခုဖြစ်ပြီး အားပေးမှုကို ရရှိထားတာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း သင်ဇာဝင့်ကျော်က အားပေးသူ ပရိသတ်အများအပြားနဲ့ အနုပညာလောကမှာ ထိပ်ဆုံးက ရပ်တည်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၄) ရက်နေ့ကတော့ သင်ဇာဝင့်ကျော် ရဲ့ အသက် (၃၃) နှစ်ပြည့် မွေးနေ့လေး ပဲ ဖြစ်ပါတယ်။ သင်ဇာဝင့်ကျော် က သူမရဲ့ မွေးနေ့ တိုင်းမှာ အချစ်ဆုံး Fan တွေဖြစ်တဲ့ Zara တွေနဲ့ ရင်းရင်းနှီးနှီးတွေ့ ဆုံလေ့ရှိသလို ဒီနှစ်မှာလည်း ကပ်ရောဂါအခြေအနေတွေကြားက အချစ်ဆုံး Zara တွေကိုလည်း အချိန်ပေးရင်း ဖြတ်သန်းခဲ့တာကို တွေ့ရပါတယ်။ ပရိသတ်ကြီးအတွက် သင်ဇာဝင့်ကျော်ရဲ့ ပျော်ရွှင်ဖွယ်အမှတ်တရ ပုံရိပ်လေးကို မျှဝေပေးလိုက်ပါတယ်နော်။

သင်ဇာဝင့်ကျော် ကတော့ သူမရဲ့ မွေးနေ့တိုင်းမှာ ဘာလိုကိစ္စတွေပဲ ရှိရှိ အချစ်ဆုံး Zara တွေကို အချိန်ပေးခဲ့တာ ချစ်စရာအရမ်း ကောင်းတာပဲနော်။ ပရိသတ်ကြီးလည်း သင်ဇာဝင့်ကျော်နဲ့ သူမရဲ့ ပရိသတ်တွေကိုကြည့်ပြီး အပျော်တွေကူးစက် သွားမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment