Celebrity

နွစ္ဖက္ေသာ မိဘေဆြမ်ိဳး မ်ားနဲ့ မဂၤလာ လက္မွတ္ ေရးထိုးၿပီး လက္ထပ္ ခဲ့ၾကၿပီ ျဖစ္တဲ့ ႏိုင္း၀မ္း တို႕စံုတြဲ

Written by Ms Cele

နွစ္ဖက္ေသာ မိဘေဆြမ်ိဳး မ်ားနဲ့ မဂၤလာ လက္မွတ္ ေရးထိုးၿပီး လက္ထပ္ ခဲ့ၾကၿပီ ျဖစ္တဲ့ ႏိုင္း၀မ္း တို႕စံုတြဲ

အဆိုေတာ္ နိုင္းဝမ္း ကေတာ့ သူအရမ္းခ်စ္ရတဲ့ ခ်စ္သူ မိန္းကေလးနဲ့ သာယာေပ်ာ္ရႊင္ဖြယ္ ေကာင္းတဲ့ အခ်စ္ေရးတစ္ခု (၁၁) နွစ္ေက်ာ္တိုင္ တည္ေဆာက္ ထားတာပဲ ျဖစ္ပါတယ္။ နိုင္းဝမ္းကေတာ့ သူ့ရဲ့အခ်စ္ေရးနဲ့ ပက္သက္ျပီး ပရိသတ္ေတြကို ပြင့္ပြင့္လင္းလင္းခ်ျပထား ခဲ့တာျဖစ္ျပီး အနုပညာအသိုင္းအဝုိင္း တစ္ခုလံုးကလည္း နုိင္းဝမ္းတို့ ခ်စ္သူနွစ္ေယာက္ အေၾကာင္းကို အစအလည္ အဆံုး သိရိွျပီးသားျဖစ္ပါတယ္။ ဒီကေန့ ဒီဇင္ဘာလ (၉) ရက္ေန့မွာေတာ့ နုိင္းဝမ္းက သူ့ရဲ့ခ်စ္သူနဲ့ တရားဝင္လက္ထပ္ျပီး ေရႊလက္တြဲခဲ့ျပီပဲ ျဖစ္ပါတယ္။

နုိင္းဝမ္းက သူ့ရဲ့ မဂၤလာပြဲေလးနဲ့ ပက္သတ္ျပီး “”လက္ထပ္ထိမ္းျမားၿပီးစီးျခင္း” ကြၽန္ေတာ္ ေမာင္ေက်ာ္ဇင္လတ္(ခ) ႏိုင္းဝမ္း ႏွင့္ မေမမ်ိဳးသူေက်ာ္ တို႔သည္ ယေန႔ ၉.၁၂.၂၀၂၀ (အမ်ိဳးသားေန႔) တြင္ ေဒၚစိုးခက္ခက္(တရားလႊတ္ေတာ္တရားသူႀကီး၊ ရန္ကုန္တိုင္းေဒသႀကီးတရားလြတ္ေတာ္) ႏွင့္ ႏွစ္ဘက္ေသာမိဘေဆြမ်ိဳးမ်ား၏ေရွ႕ေမွာက္တြင္ တရားဝင္ လက္မွတ္ေရးထိုး၍ လက္ထပ္ၿပီးစီး ပါေၾကာင္း ေၾကျငာအပ္ပါသည္။ ကိုဗစ္ကာလျဖစ္လို႔ မိတ္ေဆြ သူငယ္ခ်င္းမ်ားအား မဂၤလာပြဲသို႔ဖိတ္ၾကားဖို ႔မျဖစ္ႏိုင္ခဲ့ေသာ္လည္း လက္ဖြဲ႕ပစၥည္းမ်ား ေပးပို႔ေပးၾကပါေသာ၊ မဂၤလာဆုမြန္ေကာင္းေတာင္း ေပးၾကပါေသာ အနယ္နယ္ အရပ္ရပ္မွ မိတ္ေဆြသဂၤဟမ်ားႏွင့္ ခ်စ္ပရိတ္သတ္မ်ား အားလုံးအားလုံးကို လႈိုက္လွဲစြာေက်းဇူးတင္ ရွိပါေၾကာင္းေၾကျငာအပ္ပါတယ္ခင္ဗ်ာ🙏🏻🙏🏻🙏🏻”ဆိုျပီး သူ့ရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာမွာ အသိေပး လာခဲ့ပါတယ္။

နိုင္းဝမ္းကေတာ့ သူ့ရဲ့ ခ်စ္သူေလးနဲ့ ဘဝ တစ္သက္စာ ေရႊလက္တြဲျမဲခဲ့ျပီပဲ ျဖစ္ပါတယ္။ နိုင္းဝမ္းတို့ ဇနီးေမာင္နွံနွစ္ေယာက္ ယေန့မွာစ နွစ္တစ္ရာတိုင္ ေပ်ာ္ရႊင္ စြာေပါင္းဖက္နိုင္ျပီး သားသားမီးမီးေလးေတြ အမ်ားၾကီး ထြန္းကားနုိင္ပါေစလို့ ဆုေတာင္းေပးလိုက္ ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီး အားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ညဆုေတာင္းေပးလိုက္ပါတယ္။

Credit:Cele Connections

နှစ်ဖက်သော မိဘဆွေမျိုး များနဲ့ မင်္ဂလာ လက်မှတ် ရေးထိုးပြီး လက်ထပ် ခဲ့ကြပြီ ဖြစ်တဲ့ နိုင်းဝမ်း တို့စုံတွဲ

အဆိုတော် နိုင်းဝမ်း ကတော့ သူအရမ်းချစ်ရတဲ့ ချစ်သူ မိန်းကလေးနဲ့ သာယာပျော်ရွှင်ဖွယ် ကောင်းတဲ့ အချစ်ရေးတစ်ခု (၁၁) နှစ်ကျော်တိုင် တည်ဆောက် ထားတာပဲ ဖြစ်ပါတယ်။ နိုင်းဝမ်းကတော့ သူ့ရဲ့အချစ်ရေးနဲ့ ပက်သက်ပြီး ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်းချပြထား ခဲ့တာဖြစ်ပြီး အနုပညာအသိုင်းအဝိုင်း တစ်ခုလုံးကလည်း နိုင်းဝမ်းတို့ ချစ်သူနှစ်ယောက် အကြောင်းကို အစအလည် အဆုံး သိရှိပြီးသားဖြစ်ပါတယ်။ ဒီကနေ့ ဒီဇင်ဘာလ (၉) ရက်နေ့မှာတော့ နိုင်းဝမ်းက သူ့ရဲ့ချစ်သူနဲ့ တရားဝင်လက်ထပ်ပြီး ရွှေလက်တွဲခဲ့ပြီပဲ ဖြစ်ပါတယ်။

နိုင်းဝမ်းက သူ့ရဲ့ မင်္ဂလာပွဲလေးနဲ့ ပက်သတ်ပြီး “”လက်ထပ်ထိမ်းမြားပြီးစီးခြင်း” ကျွန်တော် မောင်ကျော်ဇင်လတ်(ခ) နိုင်းဝမ်း နှင့် မမေမျိုးသူကျော် တို့သည် ယနေ့ ၉.၁၂.၂၀၂၀ (အမျိုးသားနေ့) တွင် ဒေါ်စိုးခက်ခက်(တရားလွှတ်တော်တရားသူကြီး၊ ရန်ကုန်တိုင်းဒေသကြီးတရားလွတ်တော်) နှင့် နှစ်ဘက်သောမိဘဆွေမျိုးများ၏ရှေ့မှောက်တွင် တရားဝင် လက်မှတ်ရေးထိုး၍ လက်ထပ်ပြီးစီး ပါကြောင်း ကြေငြာအပ်ပါသည်။ ကိုဗစ်ကာလဖြစ်လို့ မိတ်ဆွေ သူငယ်ချင်းများအား မင်္ဂလာပွဲသို့ဖိတ်ကြားဖို ့မဖြစ်နိုင်ခဲ့သော်လည်း လက်ဖွဲ့ပစ္စည်းများ ပေးပို့ပေးကြပါသော၊ မင်္ဂလာဆုမွန်ကောင်းတောင်း ပေးကြပါသော အနယ်နယ် အရပ်ရပ်မှ မိတ်ဆွေသင်္ဂဟများနှင့် ချစ်ပရိတ်သတ်များ အားလုံးအားလုံးကို လှိုုက်လှဲစွာကျေးဇူးတင် ရှိပါကြောင်းကြေငြာအပ်ပါတယ်ခင်ဗျာ🙏🏻🙏🏻🙏🏻”ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ အသိပေး လာခဲ့ပါတယ်။

နိုင်းဝမ်းကတော့ သူ့ရဲ့ ချစ်သူလေးနဲ့ ဘဝ တစ်သက်စာ ရွှေလက်တွဲမြဲခဲ့ပြီပဲ ဖြစ်ပါတယ်။ နိုင်းဝမ်းတို့ ဇနီးမောင်နှံနှစ်ယောက် ယနေ့မှာစ နှစ်တစ်ရာတိုင် ပျော်ရွှင် စွာပေါင်းဖက်နိုင်ပြီး သားသားမီးမီးလေးတွေ အများကြီး ထွန်းကားနိုင်ပါစေလို့ ဆုတောင်းပေးလိုက် ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ညဆုတောင်းပေးလိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment