Celebrity


Written by Ms Cele






နှလုံးရည်ဆိုတာ မွေးကတည်းကပါမလာသလို လက်ရုံးရည်ဆိုတာလည်း လက်နက်မဟုတ်ဘူးနော်လို့ ဆိုလိုက်တဲ့ ပိုင်တံခွန်

မင်းသားချော ပိုင်တံခွန် ကတော့ နိုင်ငံကျော် ရုံသာမက ကမ္ဘာကျော်တဲ့အထိ ထိုးဖောက်ပြီး အောင်မြင်မှုလမ်းကြောင်း ပွင့်နေသူတစ်ယောက်ပါ။ အညွှန့်တလူလူတက်နေတဲ့ လူငယ် တစ်ယောက်ဖြစ်တဲ့ ပိုင်တံခွန်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၁) ရက်နေ့ စစ်အာဏာရှင်စနစ် စတင်ကတည်းက ပြည်သူတစ်ယောက်အနေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေတာပဲ ဖြစ်ပါတယ်။ နေ့နေ့ညည ဆိုသလို ငြိမ်းချမ်းတဲ့ ဒီမိုကရေစီစနစ်ရရှိဖို့ ကြိုးစားနေတဲ့ ပိုင်တံခွန်က သူ့ရဲ့ ထင်မြင်ယူဆချက်တွေနဲ့ ပက်သတ်ပြီး အမြဲတမ်း မျှဝေပေးလေ့ရှိတာပဲ ဖြစ်ပါတယ်။

ဒီကနေ့ မှာလည်း ပိုင်တံခွန်က “ကျုပ်တို့ကြားဖူးတဲ့ လက်ရုံးရည်၊ နှလုံးရည်ဆိုတာ ပုံပြင်သက်သက် ထင်ပါတယ်။ နှလုံးရည်ဆိုတာ.. ထားလိုက်ပါတော့.. ဒါက ခင်များတို့မှာ မွေးကတည်းက ပါလာမှာမဟုတ်ဘူး။ နောက်တစ်ခုက လက်ရုံးရည်ဆိုတာ လက်နက်မဟုတ်ဘူးနော်” ဆိုပြီး ပြောလာတာပဲ ဖြစ်ပါတယ်။

ပိုင်တံခွန် ကတော့ လက်ရုံးရည်၊ နှလုံးရည် ဆိုတာ ဒီနေ့ဒီအချိန်မှာ ယုံတမ်းပုံပြင် သက်သက်ဖြစ်သွားပြီဆိုပြီး ပြောလာတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက္ပါတယ်နော်။

Source: Paing Takhon ‘s fb
Credit:Cele Connections

About the author

Ms Cele

Leave a Comment