Celebrity


Written by Ms Cele





Credit:Swelsone News

ပင်ပင်ပန်းပန်း ရှာထားတဲ့ ချွေးနဲစာလေးနဲ့ တန်ဖိုးကြီး ရတနာပစ္စည်းလေးတစ်ခုကို ဝယ်နိုင်ခဲ့လို့ ကြည်နူးမဆုံးဖြစ်နေတဲ့ ဘေဘီမောင်

ပရိသတ်ကြီးရေ မင်းသမီးချောလေး ဘေဘီမောင် ကတော့ အောင်မြင်နေတဲ့ သရုပ်ဆောင် တွေထဲမှာ တစ်ယောက် အပါအဝင်ဖြစ်ပြီး ပရိသတ်တွေရဲ့ချစ်ခင်မှုတွေကို အပြည့်အဝရရှိနေတဲ့ သူလေးပဲဖြစ်ပါတယ်နော်။ သူမဟာမော်လ်ဒယ်တစ်ယောက်အနေနဲ့ အနုပညာလောကထဲကို စတင်ဝင်ရောက်လာခဲ့တာဖြစ်ပြီး ကြိုးစား အားထုတ်မှုတွေကြောင့် ပရိသတ် အသိအမှတ်ပြုတဲ့ မင်းသမီးတစ်လက်လည်းဖြစ်နေပြီ ဖြစ်ပါတယ်။

ဘေဘီမောင်ဟာ အဆိုတော် သားဂန်းနဲ့လည်း ကြည်နူးစရာကောင်းတဲ့ relationshipတစ်ခုကို တည်ထောင်ထား တာပါနော်….။သူမတို့စုံတွဲလေးဟာ romanticဆန်တဲ့ မနဲ့မောင် စုံတွဲလေးဖြစ်ပြီး တစ်ဦးနဲ့တစ်ဦး နားလည်မှုရှိစွာနဲ့ ရှေ့ဆက်နေကြတဲ့ သူတွေဖြစ်ပါတယ်။ ဘေဘီမောင်ဟာ မြန်မာဝတ်စုံလေးတွေကို online shoppingလုပ်ကာရောင်းနေတာလည်းဖြစ်သလို သူမကိုယ်တိုင်လည်းဆိုင်ဖွင့်လှစ်ထားတာဖြစ်ပြီး မြန်မာဝတ်စုံလေးတွေကို မြတ်နိုးစွာဝတ်ဆင်လေ့ရှိပါတယ်…..။

ဘေဘီမောင်ဟာ စီးပွားရေးဘက်မှာရော အနုပညာဘက်မှာ ပါကြိုးစားနေတဲ့သူဖြစ်ပြီး မကြာသေးမီ ကလည်း သူမရဲ့ လုပ်အားနဲ့ ကြိုးစားရှာဖွေထားတဲ့ ငွေလေးတွေ စုဆောင်းပြီး တန်ဖိုးကြီး ပတ္တမြားလည်ဆွဲလေးကို ဝယ်ယူခဲ့ကာ သူမရဲ့ Facebook my day လေးမှာ တင်ပေးလာခဲ့ပါတယ်။ ကဲ…..ပရိသတ်တွေ အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Credit:Swelsone News

About the author

Ms Cele

Leave a Comment