Knowledge

ပင္လယ္ ႏွစ္ခု ဆုံရာ ေနရာမွာ တည္ထား တဲ့ သမိုင္းဝင္ ဆံေတာ္ ရွင္ ျမတ္ ေမာ္တင္စြန္း ေစတီ ေတာ္ အေၾကာင္း

Written by Ms Cele

ပင္လယ္ ႏွစ္ခု ဆုံရာ ေနရာမွာ တည္ထား တဲ့ သမိုင္းဝင္ ဆံေတာ္ ရွင္ ျမတ္ ေမာ္တင္စြန္း ေစတီ ေတာ္ အေၾကာင္း

ဆံေတာ္ရွင္ ျမတ္ေမာ္တင္စြန္း ေစတီေတာ္

ကပၸလီပင္လယ္(AndamanSea)ႏွင့္အနာက္ဘက္ဘဂၤလားပင္လယ္ေအာ္(BayofBengal)တို႔ထိစပ္ရာ၊(သို႔မဟုတ္)ပိုင္းျခားထားရာေနရာေလး တခုျဖစ္ေသာ၊ျမန္မာနိုင္ငံ၏ သမိုင္းဝင္ တန္ခိုးႀကီးဘုရားေစတီမ်ားထဲတြင္တစ္ဆူအပါအဝင္ျဖစ္ေသာ၊ ဆံေတာ္ရွင္ျမတ္ေမာ္တင္စြန္းေစတီေတာ္သည္ဧရာဝတီတိုင္းေဒသႀကီးဟိုင္းႀကီးကၽြန္းၿမိဳ႕နယ္၊ျမန္မာနိုင္ငံ၏အေနာက္ ေတာင္ဘက္ အစြန္ဆုံးေနရာတြင္ တည္ထားလၽွက္ရွိပါသည္။

တဖုသႏွင့္ဘလိကၠကုန္သည္ညီေနာင္ႏွစ္ဦးတို႔ျမတ္စြာဘုရားအား ေလၽွာက္ထားခ်က္ အရေပးသနားေတာ္မူေသာ ဆံေတာ္ရွစ္ဆူအနက္ႏွစ္ဆူကို ေဇယ်ေသနနဂါးမင္းကသကၠရာဇ္၁၀၃ခုႏွစ္ဝါဆိုလျပည့္ေန႔တြင္လႊဲေျပာင္းပင့္ေဆာင္ၿပီး ဌာပနာကာေစတီေတာ္ကို တည္ထားကိုးကြယ္သည္ဟု သမိုင္းရာဇဝင္မ်ားတြင္ ေတြ႕ရွိရၿပီးအေသာကမင္းႀကီးလက္ထက္တြင္ တစ္ႀကိမ္၊ပုဂံေခာတ္ အေလာင္းစည္သူမင္းလက္ထက္တြင္ တစ္ႀကိမ္ထပ္မံမြမ္းမံတည္ထားခဲ့ပါသည္။ ဆံေတာ္ရွင္ေစတီေတာ္ျမတ္ႀကီးအားႏွစ္စဥ္တေပါင္းလဆန္း၁ရက္ေန႔မွ တေပါင္းလျပည့္ေန႔အထိစည္ကားသိုက္ၿမိဳက္စြာက်င္းပေလ့ရွိပါသည္။

ဘုရားဖူးမိဘျပည္သူမ်ား အေနျဖင့္ေရွးယခင္က ဘုရားဖူးရာသီခ်ိန္တြင္ေရလမ္း ခရီးမွသာအထူးေရယာဥ္မ်ားျဖင့္သြား ေရာက္ဖူးေမၽွာ္နိုင္ၿပီး၂၀၁၀ခုႏွစ္ ေမလ၁၄ရက္ေန႔မွစကာပုသိမ္သလပ္ခြာ ေမာ္တင္စြန္းကားလမ္း အတိုင္း(၉၆)မိုင္အကြာအေဝးျဖင့္လြယ္ကူစြာသြားေရာက္ဖူးေမၽွာ္နိုင္ပါသည္။ ကားလမ္းမွာအေနာက္ရိုးမေတာင္တန္းကိုျဖတ္လၽွက္ပုသိမ္၊ငပုေတာႏွင့္ဟိုင္းႀကီးကၽြန္းၿမိဳ႕မ်ားမွတဆင့္ ခက္ခက္ခဲခဲ ေဖာက္လုပ္ထားျခင္းလည္းျဖစ္ပါသည္။

ကားလမ္းတေလၽွာက္ကိုေလ့လာၾကည့္ပါကေတာင္တက္လမ္း၊ေတာင္ဆင္းလမ္းမ်ားကိုေႁမြလိမ္ေႁမြေကာက္တြန႔္ကာေကြးကာေဖာက္လုပ္ထားသျဖင့္အသည္းတထိပ္ထိပ္၊ရင္တဖိုဖိုလည္းျဖစ္ရပါသည္။ေတာေတာင္သဘာဝကိုခံစားရႈစားရင္းစိမ္းလန္းစိုေျပေနသည့္ရႈ႔ခင္းမ်ား၊သဘာဝအတိုင္းတည္ရွိေန႔သည့္ေက်းလတ္ေဒသရြာငယ္ေလးမ်ားကိုျမင္ေတြရသည္မွာလည္းစိတ္ကိုၾကည္လင္လန္းဆန္းေစသည္ မဟုတ္ပါလား ခင္ဗ်ာ။

ရိုးသားႀကိဳးစားဧရာဝတီသားတို႔ေနထိုင္ရာပုသိမ္ၿမိဳ႕မွထြက္ၿပီးငဝန္ျမစ္ကူးတံတားကိုေက်ာ္လိုက္သည္ႏွင့္ေခ်ာင္းသာ၊ေငြေဆာင္ လမ္းဆုံမွသည္ စခဲ့ေသာ ခရီးစဥ္မွာ ေရသိုးႀကီးစခန္း၊ စိန္ေတာင္စခန္း၊ တတန္ကူးစခန္း၊သစ္ကတိုးအိုင္းစခန္း၊ FMစိုက္ပ်ိဳးေရးစခန္းအလီလီ ကိုျဖတ္သန္းကာ ငပုေတာၿမိဳ႕သို႔တေထာက္နားက်ပါသည္။ ထိုမွလြန္ေသာ္ဥသၽွစ္ကြင္း ၊ေတာႀကီးရြာ၊င႐ုတ္ေကာင္းေတာင္ရြာ၊ဂိုးေလာင္းရြာ၊ငါးေျပမရြာ၊မရမ္းကြင္းရြာတို႔ကိုေက်ာ္လာပါကဆံေတာ္ရွင္ေစတီေတာ္ျမတ္ႀကီးအား အားပါးတရ ဖူးေမၽွာ္ၾကည္ညိဳခြင့္ ရပါေတာ့သည္။

ျမန္မာနိုင္ငံ၏အေနာက္ေတာင္ဘက္ အငူအစြန္းေပၚတြင္ တည္ရွိေနျခင္း၊ပင္လယ္ႀကီးႏွစ္ခုမွပို႔လႊတ္လိုက္ေသာ သန႔္ရွင္းလတ္ဆက္သည့္ေလ၊ေရလွိုင္းမ်ားေၾကာင့္ဘုရားဖူးရသည့္အာ႐ုဏ္မွာ အျခားမည္သည့္ထိေတြ႕မႈမ်ား၊ ခံစားမႈမ်ားႏွင့္တုႏွိုင္းမရျဖစ္မိပါသည္။ တခါတရံနဂါးေမာင္ႏွံေတြမ်ား စံေပ်ာ္ေနသလားခံစားရေအာင္ ပင္လယ္လွိုင္းလုံးမ်ားက ေဖၚက်ဴးေနသေရာင္၊ဆံေတာ္ရွင္ ေစတီႀကီးအားနဂါးေမာင္ႏွံတို႔ လာေရာက္ဖူးေနသေရာင္အား ေဖ်ာ္ေျဖမႈရသအျပည့္ေပးေနပါေတာ့သည္။

ပင်လယ် နှစ်ခု ဆုံရာ နေရာမှာ တည်ထား တဲ့ သမိုင်းဝင် ဆံတော် ရှင် မြတ် မော်တင်စွန်း စေတီ တော် အကြောင်း

ဆံတော်ရှင် မြတ်မော်တင်စွန်း စေတီတော်

ကပ္ပလီပင်လယ်(AndamanSea)နှင့်အနာက်ဘက်ဘင်္ဂလားပင်လယ်အော်(BayofBengal)တို့ထိစပ်ရာ၊(သို့မဟုတ်)ပိုင်းခြားထားရာနေရာလေး တခုဖြစ်သော၊မြန်မာနိုင်ငံ၏ သမိုင်းဝင် တန်ခိုးကြီးဘုရားစေတီများထဲတွင်တစ်ဆူအပါအဝင်ဖြစ်သော၊ ဆံတော်ရှင်မြတ်မော်တင်စွန်းစေတီတော်သည်ဧရာဝတီတိုင်းဒေသကြီးဟိုင်းကြီးကျွန်းမြို့နယ်၊မြန်မာနိုင်ငံ၏အနောက် တောင်ဘက် အစွန်ဆုံးနေရာတွင် တည်ထားလျှက်ရှိပါသည်။

တဖုသနှင့်ဘလိက္ကကုန်သည်ညီနောင်နှစ်ဦးတို့မြတ်စွာဘုရားအား လျှောက်ထားချက် အရပေးသနားတော်မူသော ဆံတော်ရှစ်ဆူအနက်နှစ်ဆူကို ဇေယျသေနနဂါးမင်းကသက္ကရာဇ်၁၀၃ခုနှစ်ဝါဆိုလပြည့်နေ့တွင်လွှဲပြောင်းပင့်ဆောင်ပြီး ဌာပနာကာစေတီတော်ကို တည်ထားကိုးကွယ်သည်ဟု သမိုင်းရာဇဝင်များတွင် တွေ့ရှိရပြီးအသောကမင်းကြီးလက်ထက်တွင် တစ်ကြိမ်၊ပုဂံခောတ် အလောင်းစည်သူမင်းလက်ထက်တွင် တစ်ကြိမ်ထပ်မံမွမ်းမံတည်ထားခဲ့ပါသည်။ ဆံတော်ရှင်စေတီတော်မြတ်ကြီးအားနှစ်စဉ်တပေါင်းလဆန်း၁ရက်နေ့မှ တပေါင်းလပြည့်နေ့အထိစည်ကားသိုက်မြိုက်စွာကျင်းပလေ့ရှိပါသည်။

ဘုရားဖူးမိဘပြည်သူများ အနေဖြင့်ရှေးယခင်က ဘုရားဖူးရာသီချိန်တွင်ရေလမ်း ခရီးမှသာအထူးရေယာဉ်များဖြင့်သွား ရောက်ဖူးမျှော်နိုင်ပြီး၂၀၁ဝခုနှစ် မေလ၁၄ရက်နေ့မှစကာပုသိမ်သလပ်ခွာ မော်တင်စွန်းကားလမ်း အတိုင်း(၉၆)မိုင်အကွာအဝေးဖြင့်လွယ်ကူစွာသွားရောက်ဖူးမျှော်နိုင်ပါသည်။ ကားလမ်းမှာအနောက်ရိုးမတောင်တန်းကိုဖြတ်လျှက်ပုသိမ်၊ငပုတောနှင့်ဟိုင်းကြီးကျွန်းမြို့များမှတဆင့် ခက်ခက်ခဲခဲ ဖောက်လုပ်ထားခြင်းလည်းဖြစ်ပါသည်။

ကားလမ်းတလျှောက်ကိုလေ့လာကြည့်ပါကတောင်တက်လမ်း၊တောင်ဆင်းလမ်းများကိုမြွေလိမ်မြွေကောက်တွန့်ကာကွေးကာဖောက်လုပ်ထားသဖြင့်အသည်းတထိပ်ထိပ်၊ရင်တဖိုဖိုလည်းဖြစ်ရပါသည်။တောတောင်သဘာဝကိုခံစားရှုစားရင်းစိမ်းလန်းစိုပြေနေသည့်ရှု့ခင်းများ၊သဘာဝအတိုင်းတည်ရှိနေ့သည့်ကျေးလတ်ဒေသရွာငယ်လေးများကိုမြင်တွေရသည်မှာလည်းစိတ်ကိုကြည်လင်လန်းဆန်းစေသည် မဟုတ်ပါလား ခင်ဗျာ။

ရိုးသားကြိုးစားဧရာဝတီသားတို့နေထိုင်ရာပုသိမ်မြို့မှထွက်ပြီးငဝန်မြစ်ကူးတံတားကိုကျော်လိုက်သည်နှင့်ချောင်းသာ၊ငွေဆောင် လမ်းဆုံမှသည် စခဲ့သော ခရီးစဉ်မှာ ရေသိုးကြီးစခန်း၊ စိန်တောင်စခန်း၊ တတန်ကူးစခန်း၊သစ်ကတိုးအိုင်းစခန်း၊ FMစိုက်ပျိုးရေးစခန်းအလီလီ ကိုဖြတ်သန်းကာ ငပုတောမြို့သို့တထောက်နားကျပါသည်။ ထိုမှလွန်သော်ဥသျှစ်ကွင်း ၊တောကြီးရွာ၊ငရုတ်ကောင်းတောင်ရွာ၊ဂိုးလောင်းရွာ၊ငါးပြေမရွာ၊မရမ်းကွင်းရွာတို့ကိုကျော်လာပါကဆံတော်ရှင်စေတီတော်မြတ်ကြီးအား အားပါးတရ ဖူးမျှော်ကြည်ညိုခွင့် ရပါတော့သည်။

မြန်မာနိုင်ငံ၏အနောက်တောင်ဘက် အငူအစွန်းပေါ်တွင် တည်ရှိနေခြင်း၊ပင်လယ်ကြီးနှစ်ခုမှပို့လွှတ်လိုက်သော သန့်ရှင်းလတ်ဆက်သည့်လေ၊ရေလှိုင်းများကြောင့်ဘုရားဖူးရသည့်အာရုဏ်မှာ အခြားမည်သည့်ထိတွေ့မှုများ၊ ခံစားမှုများနှင့်တုနှိုင်းမရဖြစ်မိပါသည်။ တခါတရံနဂါးမောင်နှံတွေများ စံပျော်နေသလားခံစားရအောင် ပင်လယ်လှိုင်းလုံးများက ဖေါ်ကျူးနေသရောင်၊ဆံတော်ရှင် စေတီကြီးအားနဂါးမောင်နှံတို့ လာရောက်ဖူးနေသရောင်အား ဖျော်ဖြေမှုရသအပြည့်ပေးနေပါတော့သည်။

About the author

Ms Cele

Leave a Comment