Celebrity


Written by Ms Cele






ပင်ပေါင် ဘောလုံး တွေကြားထဲ ဘဲဥတစ်လုံး ထည့်ပြီး ဖြိုးလေးကို ဆေးထိုး စနောက်ခဲ့တဲ့ ဝါဆိုမိုးဦး ရဲ့ ဗီဒီယို

နိုင်ငံကျော် အနုပညာရှင် ချစ်သူစုံတွဲ နှစ်ယောက်ဖြစ်တဲ့ အဆိုတော် ဖြိုးလေးနဲ့ သရုပ်ဆောင် ဝါဆိုမိုးဦး ကတော့ အောင်မြင်တဲ့ အနုပညာ လမ်းကြောင်းပေါ်မှာ ကိုယ်စီလျှောက်လှမ်း နေကြသူများ ဖြစ်ကြပါတယ်။ ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့ ကတော့ အခုဆိုရင် ချစ်သူသက်တမ်း (၅) နှစ်ကျော် တိုင်ရှိပြီဖြစ်ပြီး တစ်ယောက်နဲ့ တစ်ယောက် လက်တွဲမဖြုတ်စတမ်း ချစ်နေကြဆဲ ဖြစ်ပါတယ်။ ပရိသတ်တွေ ကလည်း စိတ်တူကိုယ်တူရှိပြီး ဝါသနာတူတဲ့ ဖြိုးလေးနဲ့ ဝါဆိုးမိုးဦးတို့ ချစ်သူနှစ်ယောက်ကို အားကျစိတ်တွေနဲ့ အားပေးကြတာပဲ ဖြစ်ပါတယ်။

လူငယ်သမီး ရည်းစားပီပီ တစ်ယောက်ကို တစ်ယောက် စစနောက်နောက်နဲ့ အမြဲတမ်းဆေးထိုး ကျီစယ်လေ့ရှိတဲ့ ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့ ချစ်သူ နှစ်ယောက်က ဒီကနေ့မှာလည်း ပရိသတ်တွေ အတွက် ဗီဒီယိုလေးတစ်ခုကို မျှဝေပေး လာပါတယ်။ ဒီတစ်ခေါက် မှာတော့ ဝါဆိုမိုးဦးက ပင်ပေါင်ဘောလုံးတွေကြားထဲ ဘဲဥတစ်လုံးထည့်ပြီး ချစ်သူဖြိုးလေးကို ဆေးကြီးကြီးထိုးစနောက်ခဲ့တာကို အခုလိုပဲ တွေ့ရပါတယ်။

ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့ ကတော့ တစ်ယောက်ကို တစ်ယောက် အခွင့်သာရင် သာသလို စနောက်ကျီစယ်နေကြဖြစ်ပြီး ပရိသတ်တွေ အတွက်လည်း အမှတ်တရ ဗီဒီယိုလေးတွေ ရိုက်ကူးပေး ထားလေ့ရှိတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဝါဆိုမိုးဦးတို့ နှစ်ယောက်ရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး အပျော်တွေ ကူးစက်သွားကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment