Celebrity

ပညာမတတ္ခဲ့လို႕ လူေတြၾကားမွာ အားငယ္မႈေတြ ရွိရေၾကာင္းေျပာလာတဲ့ ထက္ထက္မိုးဦး

Written by Ms Cele

ပညာမတတ္ခဲ့လို႕ လူေတြၾကားမွာ အားငယ္မႈေတြ ရွိရေၾကာင္းေျပာလာတဲ့ ထက္ထက္မိုးဦး

ပရိသတ္ေတြရဲ႕ တစ္ခဲနက္ အားေပး ခ်စ္ခင္မႈေတြကို ဆယ္စုႏွစ္ေတြ မ်ားစြာတိုင္ေအာင္ ရရွိထားသူ ကေတာ့ သ႐ုပ္ေဆာင္ မင္းသမီးေခ်ာေလး ထက္ထက္မိုးဦးပဲ ျဖစ္ပါတယ္။ သူမဟာ တစ္ေခတ္တစ္ခါက အႏုပညာရပ္ဝန္းမွာ ေအာင္ျမင္မႈသရဖူေဆာင္းႏိုင္ခဲ့တဲ့ ႏိုင္ငံေက်ာ္ မင္းသမီး တစ္လက္လည္း ျဖစ္ပါတယ္။ က်ရာဇာတ္႐ုပ္တိုင္းကို ပီျပင္စြာ သ႐ုပ္ေဆာင္ႏိုင္ခဲ့ တာေၾကာင့္လည္း အကယ္ဒမီ ထူးခြၽန္ဆုေတြကို ဆုခူးရရွိခဲ့တာလည္း ျဖစ္ပါတယ္။

လတ္တေလာ မွာလည္း ေၾကာ္ျငာမ်ားစြာ ႐ိုက္ကူးေနရၿပီး live Sales ေပါင္းမ်ားစြာကို လက္ခံေရာင္း ခ်ေပးေနရတာလည္း ျဖစ္ပါတယ္။ သူမရဲ႕ အေျပာေလးေ တြေၾကာင့္လည္း ပရိသတ္ေတြက ခ်စ္ၿပီးရင္း ခ်စ္ေနၾက တာလည္း ျဖစ္ပါတယ္။ ထက္ထက္ရဲ႕ အႏုပညာ လႈပ္ရွားမႈေတြတိုင္းကိုလည္း အားလုံးက ေစာင့္ၾကည့္ အားေပးေနၾကတာလည္း ျဖစ္ပါတယ္။ မၾကာေသးခင္ မိနစ္ပိုင္းေလာက္ကလည္း ထက္ထက္ရဲ႕ လူမႈကြန္ယက္ စာမ်က္ႏွာမွာ စိတ္မေကာင္းစရာ အေၾကာင္းေလးကို ေရးသား ထားတာပါ။

” ဘဝမွာ ပညာမတတ္ခဲ့တာက မ်က္ႏွာငယ္ အားငယ္ ခဲ့ရတာေတြ အမွတ္ရစရာေတြ အမ်ားႀကီးပဲ။ဥပမာ စာမတတ္လို႔ Facebook ဆိုတာ ၾကားသာ ၾကားခဲ့ရၿပီး မသုံးတတ္ခဲ့ရဘူး သူမ်ားေျပာတာ ၾကည့္တာပဲ နားေထာင္ ခဲ့ရတယ္။သုံးဖို႔လည္း အႀကိမ္ႀကိမ္ ႀကိဳးစားခဲ့တယ္ မေအာင္ျမင္ခဲ့တာလည္း အႀကိမ္ႀကိမ္ ပါပဲ။အားလုံး ကူညီေပးမႈေတြနဲ႔ ထက္ Facebook သုံးတတ္ခဲ့တာ ဒီသီတင္းကြၽတ္က ၁ ႏွစ္ျပည့္တယ္ဆိုေတာ့ ခုဆို ၁ ႏွစ္ေက်ာ္ သြားၿပီေပါ့ေနာ္။အားလုံးရဲ႕ ခ်စ္ခင္ေဖးမမႈေတြနဲ႔ ထက္အလုပ္ ေတြႀကိဳးစားေနရပါတယ္။ ခ်စ္ရသူေတြရဲ႕ ေက်းဇူးေတြကို ဘယ္ေတာ့မွ မေမ့ပါဘူး ထက္အၿမဲ ခ်စ္ရသူေတြ အတြက္ အၿမဲႀကိဳးစားေနပါ့မယ္။” ဆိုၿပီး ေရးသားထားတာပဲ ျဖစ္ၿပီး ပရိသတ္ေတြ အတြက္ ဒီသတင္းေလးကို တစ္ဆင့္ ျပန္လည္ ကူးယူတင္ဆက္ေပးလိုက္ ရပါတယ္ေနာ္။

Credit:Swelsone News

ပညာမတတ်ခဲ့လို့ လူတွေကြားမှာ အားငယ်မှုတွေ ရှိရကြောင်းပြောလာတဲ့ ထက်ထက်မိုးဦး

ပရိသတ်တွေရဲ့ တစ်ခဲနက် အားပေး ချစ်ခင်မှုတွေကို ဆယ်စုနှစ်တွေ များစွာတိုင်အောင် ရရှိထားသူ ကတော့ သရုပ်ဆောင် မင်းသမီးချောလေး ထက်ထက်မိုးဦးပဲ ဖြစ်ပါတယ်။ သူမဟာ တစ်ခေတ်တစ်ခါက အနုပညာရပ်ဝန်းမှာ အောင်မြင်မှုသရဖူဆောင်းနိုင်ခဲ့တဲ့ နိုင်ငံကျော် မင်းသမီး တစ်လက်လည်း ဖြစ်ပါတယ်။ ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်စွာ သရုပ်ဆောင်နိုင်ခဲ့ တာကြောင့်လည်း အကယ်ဒမီ ထူးချွန်ဆုတွေကို ဆုခူးရရှိခဲ့တာလည်း ဖြစ်ပါတယ်။

လတ်တလော မှာလည်း ကြော်ငြာများစွာ ရိုက်ကူးနေရပြီး live Sales ပေါင်းများစွာကို လက်ခံရောင်း ချပေးနေရတာလည်း ဖြစ်ပါတယ်။ သူမရဲ့ အပြောလေးေ တွကြောင့်လည်း ပရိသတ်တွေက ချစ်ပြီးရင်း ချစ်နေကြ တာလည်း ဖြစ်ပါတယ်။ ထက်ထက်ရဲ့ အနုပညာ လှုပ်ရှားမှုတွေတိုင်းကိုလည်း အားလုံးက စောင့်ကြည့် အားပေးနေကြတာလည်း ဖြစ်ပါတယ်။ မကြာသေးခင် မိနစ်ပိုင်းလောက်ကလည်း ထက်ထက်ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ စိတ်မကောင်းစရာ အကြောင်းလေးကို ရေးသား ထားတာပါ။

” ဘဝမှာ ပညာမတတ်ခဲ့တာက မျက်နှာငယ် အားငယ် ခဲ့ရတာတွေ အမှတ်ရစရာတွေ အများကြီးပဲ။ဥပမာ စာမတတ်လို့ Facebook ဆိုတာ ကြားသာ ကြားခဲ့ရပြီး မသုံးတတ်ခဲ့ရဘူး သူများပြောတာ ကြည့်တာပဲ နားထောင် ခဲ့ရတယ်။သုံးဖို့လည်း အကြိမ်ကြိမ် ကြိုးစားခဲ့တယ် မအောင်မြင်ခဲ့တာလည်း အကြိမ်ကြိမ် ပါပဲ။အားလုံး ကူညီပေးမှုတွေနဲ့ ထက် Facebook သုံးတတ်ခဲ့တာ ဒီသီတင်းကျွတ်က ၁ နှစ်ပြည့်တယ်ဆိုတော့ ခုဆို ၁ နှစ်ကျော် သွားပြီပေါ့နော်။အားလုံးရဲ့ ချစ်ခင်ဖေးမမှုတွေနဲ့ ထက်အလုပ် တွေကြိုးစားနေရပါတယ်။ ချစ်ရသူတွေရဲ့ ကျေးဇူးတွေကို ဘယ်တော့မှ မမေ့ပါဘူး ထက်အမြဲ ချစ်ရသူတွေ အတွက် အမြဲကြိုးစားနေပါ့မယ်။” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေ အတွက် ဒီသတင်းလေးကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Credit:Swelsone News

About the author

Ms Cele

Leave a Comment