Celebrity


Written by Ms Cele





Credit:CELELUCKY

ပဌာန်းစာအုပ်ကိုကိုင်ပြီး နားလည်သလို ရွတ်နေတဲ့ သားလေးရဲ့ဗီဒီယိုဖိုင်လေးကို မျှဝေလာတဲ့ ပိုးအိအိခန့်

ပရိသတ်ကြီးရေ မြန်မာ့လက်ရွေးစင် ကစားသမား အောင်သူ ကတော့ ထိုင်းနိုင်ငံက ကလပ်အသင်း တစ်ခုတွင် အဌားစာချုပ်ဖြင့် သွားကစားနေ ပါပြီနော်။ သူ့ရဲ့ မိန်းမနဲ့ ကလေးကိုပါ ဘန်ကောက်ကို ခေါ်ထားပါတယ်နော်။ အောင်သူရဲ့မိန်းမ ပိုးအိအိခန့်ကလည်း တပ်အသိုင်းအဝိုင်းမှ ဖြစ်ပေမယ့်လည်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီးspeak out တွေလည်း လုပ်ပေးနေသူပါနော်။

အောင်သူကိုယ်တိုင်လည်း စစ်ကောင်စီလက်ထက်တွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ပြုလုပ်တဲ့ ပွဲမှန်သမျှမပါဝင်ကြောင်း ငြင်းဆန်ထားသူပါနော်။ ထိုင်းနိုင်ငံမှာ သူ့ရဲ့ မိသားစုနဲ့အတူ အေးချမ်းစွာ နေထိုင်လျက် ရှိနေပါတယ်နော်။

နိုင်ငံရေးအခြေအနေတွေကြောင့် စိတ်ရှုပ်နေကြသူများအတွက် သားလေးရဲ့ ဗီဒီယိုလေးတွေ တစ်ခါတစ်ရံ တင်ပေးနေပါတယ်နော်။ အခုမှာတော့ ပဌာန်းစာအုပ်ကို ကိုင်ပြီး နားလည်သလို ရွတ်နေတဲ့ သွင်ဦးဟန်ရဲ့ ဗီဒီယိုဖိုင်လေးကို မျှဝေထားတဲ့အတွက် ပရိသတ်တွေလည်း ရှုစားအားပေးကြပါဦးနော်။

Credit:CELELUCKY

About the author

Ms Cele

Leave a Comment