Celebrity


Written by Ms Cele





Credit: Cele Zone
Photo – Saung Yoon San

ပရဟိတမင်းသမီးလေး ခိုင်နှင်းဝေရဲ့အိမ်မှာ ပင့်ဆောင်ထားတဲ့ မွန်ဘုရင်မကြီး ရှင်စောပု တည်ထားကိုးကွယ်သော ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးများကို သွားရောက်ဖူးမျှော်ခဲ့တဲ့ ဆောင်းယွန်းစံ

ဆောင်းယွန်းစံ ကတော့ ဟန်ဆောင်မှု မရှိ ပွင့်လင်းတဲ့ ဟန်ပန်လေး တွေကြောင့် အနုပညာလောကမှာ ပရိသတ်တွေ ရဲ့ အချစ်တွေကို တစ်ခဲနက် ရရှိထားသူပါ ။ဆောင်းကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာ တတ်နိုင်တဲ့ ဘက်ကနေ ပြည်သူတွေအတွက် အလှူလေးတွေ မကြာခဏဆိုသလို ပြုလုပ်ပြီး အားလုံးနဲ့အတူ ရပ်တည်နေတာလည်း ပရိသတ်တွေ မြင်တွေ့ကြရမှာပါ။

ဒါ့အပြင် စစ်ဘေးရှောင် ပြည်သူတွေ အတွက်လည်း ချစ်ခင်ရတဲ့ မိတ်ဆွေတွေနဲ့ စုပေါင်းကာ လှူဒါန်းမှုတွေကိုလည်း ပြုလုပ်လျက်ရှိပါတယ်။ ရုပ်လေးလည်း လှသလို စိတ်ထားလေးကလည်း မွန်မြတ်လှတာကြောင့် ပရိသတ်တွေက သဘောကျ နှစ်သက်ပြီး ချီးကျူးနေရတဲ့ သူတစ်ယောက်ဆိုလည်း မမှားပါဘူး။

ဒီနေ့မှာတော့ ခိုင်နှင်းဝေရဲ့ အိမ်မှာ ပင့်ဆောင် ထားတဲ့ မွန်ဘုရင်မကြီး ရှင်စောပု တည်ထား ကိုးကွယ်သော အောင်သိဒ္ဓီ သစ္စာရှင်၊ အောင်သိဒ္ဓိ စတြာရှင်၊ အောင် သိဒ္ဓိ မေတ္တာရှင် ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးများကို သွားရောက်ဖူးမျှော်ကာ ကုသိုလ်ကောင်းမှုပြုခဲ့ကြောင်းဖော်ပြထားပါတယ် ။ တန်ခိုးကြီး မြတ်စွာဘုရားများရဲ့ ပုံတော်များဟာ ကြည်ညိုစရာကောင်းလွန်းတာကြောင့် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Credit: Cele Zone
Photo – Saung Yoon San

About the author

Ms Cele

Leave a Comment