Local News

ပရဟိတ သမား တစ္ေယာက္ ရဲ့ ရင္နင့္ေအာင္ ခံစားခဲ့ ရတဲ့ ရင္တြင္း ျဖစ္ေလးပါ

Written by Ms Cele

ပရဟိတ သမား တစ္ေယာက္ ရဲ့ ရင္နင့္ေအာင္ ခံစားခဲ့ ရတဲ့ ရင္တြင္း ျဖစ္ေလးပါ

အသင္းရဲ့ ဥကၠဌဆီ ညေန ပိုင္း ဖုန္းတစ္ ေကာ ဝင္လာတယ္။ “အစ္ကိုတို႔ လိုက္ပို႔ေနက် ညီမသားေလး ကို ကေလးေဆး႐ုံ ကေန သန္လ်င္ ( ) ကအိမ္ကို ျပန္ခ်င္ လို႔ ကူညီေပးပါဦး ” ဆိုၿပီး လူနာကေလး ေလးရဲ့ အေမက အကူအညီ လွမ္းေတာင္းတာ။ အဲ့ဒါနဲ႔ ကိုယ္လည္း လမ္းေၾကာင္း လိုက္သြားရင္း ေဆး႐ုံေရာက္ေတာ့ လူနာကေလးေလးကို ေတြ႕တယ္။

ကိုယ္တို႔အသင္းကား ကိုလည္း ျမင္ေရာ ဝမ္းသာမ်က္လုံးနဲ႔ ၾကည့္ေနတာ။ကားေပၚတင္ ေပးဖို႔ အနားေရာက္သြားေတာ့ ကေလးက သူ႔ေျခေထာက္ကို ေအာက္ကို ခ်ၿပီး တရိုတေသနဲ႔ လက္အုပ္ ေကာက္ခ်ီတယ္။

ေသခ်ာၾကည့္လိုက္ေတာ့ျမင္ကြင္းက နင့္ကနဲ ညာဘက္ေပါင္ တစ္ေခ်ာင္း မရွိဘူး။ ဦးထုပ္ေဆာင္းထားတဲ့ ေခါင္းမွာ ဆံပင္ေတြ မရွိဘူး။အဲ့ဒါနဲ႔ ကားေပၚတင္ေပးေတာ့ “ဦးေရ ကားကို ျဖည္းျဖည္းေမာင္းေပးပါေနာ္ သား ေျခေထာက္က နာလို႔ပါ”တဲ့။

စိတ္ခ်ေနာ္သား ဦးတို႔ကားကိုသား မနာက်င္ ရေအာင္ ေမာင္းေပးမယ္၊ ၿငိမ္ၿငိမ့္ေလး စီးၿပီးသာ လိုက္ခဲ့ လို႔ေျပာရင္း လိုအပ္တဲ့ အခ်က္အလက္ေတြ ယူတယ္။သားနာမည္ ဘယ္လိုေခၚလဲ ေမးလိုက္ေတာ့”သက္ဇင္ေအာင္” ပါ။

သားအသက္ဘယ္ေလာက္လဲ “၁၂ ႏွစ္ပါ” လူနာကေလးရဲ့အေမက ဝင္ေျဖတယ္။သားက ၇ တန္း တက္ေနတာေလ ။ဘ”အရိုးကင္ဆာ ျဖစ္လို႔ ညာေပါင္တစ္ေခ်ာင္း ျဖတ္လိုက္ရတာ” ကေလးေလးကို ၾကည့္လိုက္ေတာ့ မ်က္ႏွာေလးက တည္တည္ ၿငိမ္ၿငိမ္ပဲ။

ဆရာတို႔ကို ေက်းဇူး အရမ္း တင္ပါတယ္ ကၽြန္မတို႔ အိမ္ျပန္ဖို႔ အခက္အခ ​ဲျဖစ္ေနတာ ခုလို လာေခၚေပးလို႔ ေက်းဇူး အမ်ားႀကီး တင္ပါတယ္။ ဘာ ဆရာမွ ​မဟုတ္ပါဘူး အစ္မေရ။ ကၽြန္ေတာ္တို႔က ေစတနာ့ ဝန္ထမ္းေတြပါ။ ဥကၠဌကလည္း ​ေသခ်ာလိုက္ ပို႔ဖို႔ မွာထား ပါတယ္။အိမ္ကို ျပန္လိုက္ပို႔ေနတဲ့ လမ္းတေလၽွာက္ ေတြးေနမိတာက ငါေတာင္ ညာဒူးနာေနလို႔ လမ္းေလၽွာက္ရ အဆင္မေျပျဖစ္ aနလို႔ စိတ္ဓာတ္က်ေနတာ။

၇ တန္းတက္ေနတဲ့ အသက္ (၁၂) အရြယ္ကေလး ​တစ္ေယာက္ အရိုးကင္ဆာေၾကာင့္ ညာေပါင္တစ္ေခ်ာင္းဆုံးရႈံးထားတဲ့ကေလး။

ဦးေခါင္းမွာ ဆံပင္ေတြ ရိတ္ထား ရတဲ့ ကေလးေလး၊ တစ္ေန႔တာ ဘဝႀကီးကို ဘယ္လို စိတ္ဓာတ္နဲ႔ မ်ားျဖတ္သန္းေနရလဲ ဆိုၿပီး ရင္ထဲ နင့္ေနတာပဲ။ပို႔ရမယ့္ ေနရာ ေရာက္ေတာ့ ထိုင္ခုံေလးေပၚ ေပြ႕ခ်ီခ်ၿပီးေတာ့ အလႈေငြေလး အပ္ရင္း သားေရ က်န္းမာေရး ဂ႐ုစိုက္ေနာ္ လို႔ မွာရင္း။

လူနာကေလး ရဲ့အေမက ေက်းဇူးတင္စကားကို တဖြဖြေျပာရွာတယ္။ ကၽြန္ေတာ္တို႔ျပန္ပါဦးမယ္ေနာ္ႏႈတ္ဆက္ရင္းကားျပန္လွည့္ေတာ့ ကေလးက တာ့တာလွမ္းျပတယ္။

ျပန္ႏႈတ္ဆက္ရင္း ဖိုက္တင္းကြာ သားေရ လို႔ေျပာခ်င္ေပမယ့္ ပါးစပ္က စကားသံ မထြက္ လာဘူး။ကေလးေလး အျမန္သက္သာၿပီး သာမာန္ကေလး ေတြလို ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ေနနိုင္ပါေစ လို႔ ဆုေတာင္းရင္း။

#အေရးေပၚလူနာတင္ ယာဥ္ အခမဲ့ကူညီသည္။

#ေတာ္ဝင္ဖြံ့ၿဖိဳးေရးေဖာင္ေဒးရွင္း
၀၉၇၇၇၁၉၉၉၁၇

#ကိုႀကီး
၀၉၅၁၉၅၄၂၀
#ကိုႀကီးႏွင့္ညီအစ္ကိုေမာင္ႏွမမ်ားပရဟိတအဖြဲ႕။
Ko Gyi & Helping Hands(Team KG)
@Myint Zaw

ပရဟိတ သမား တစ်ယောက် ရဲ့ ရင်နင့်အောင် ခံစားခဲ့ ရတဲ့ ရင်တွင်း ဖြစ်လေးပါ

အသင်းရဲ့ ဥက္ကဌဆီ ညနေ ပိုင်း ဖုန်းတစ် ကော ဝင်လာတယ်။ “အစ်ကိုတို့ လိုက်ပို့နေကျ ညီမသားလေး ကို ကလေးဆေးရုံ ကနေ သန်လျင် ( ) ကအိမ်ကို ပြန်ချင် လို့ ကူညီပေးပါဦး ” ဆိုပြီး လူနာကလေး လေးရဲ့ အမေက အကူအညီ လှမ်းတောင်းတာ။ အဲ့ဒါနဲ့ ကိုယ်လည်း လမ်းကြောင်း လိုက်သွားရင်း ဆေးရုံရောက်တော့ လူနာကလေးလေးကို တွေ့တယ်။

ကိုယ်တို့အသင်းကား ကိုလည်း မြင်ရော ဝမ်းသာမျက်လုံးနဲ့ ကြည့်နေတာ။ကားပေါ်တင် ပေးဖို့ အနားရောက်သွားတော့ ကလေးက သူ့ခြေထောက်ကို အောက်ကို ချပြီး တရိုတသေနဲ့ လက်အုပ် ကောက်ချီတယ်။

သေချာကြည့်လိုက်တော့မြင်ကွင်းက နင့်ကနဲ ညာဘက်ပေါင် တစ်ချောင်း မရှိဘူး။ ဦးထုပ်ဆောင်းထားတဲ့ ခေါင်းမှာ ဆံပင်တွေ မရှိဘူး။အဲ့ဒါနဲ့ ကားပေါ်တင်ပေးတော့ “ဦးရေ ကားကို ဖြည်းဖြည်းမောင်းပေးပါနော် သား ခြေထောက်က နာလို့ပါ”တဲ့။

စိတ်ချနော်သား ဦးတို့ကားကိုသား မနာကျင် ရအောင် မောင်းပေးမယ်၊ ငြိမ်ငြိမ့်လေး စီးပြီးသာ လိုက်ခဲ့ လို့ပြောရင်း လိုအပ်တဲ့ အချက်အလက်တွေ ယူတယ်။သားနာမည် ဘယ်လိုခေါ်လဲ မေးလိုက်တော့”သက်ဇင်အောင်” ပါ။

သားအသက်ဘယ်လောက်လဲ “၁၂ နှစ်ပါ” လူနာကလေးရဲ့အမေက ဝင်ဖြေတယ်။သားက ၇ တန်း တက်နေတာလေ ။ဘ”အရိုးကင်ဆာ ဖြစ်လို့ ညာပေါင်တစ်ချောင်း ဖြတ်လိုက်ရတာ” ကလေးလေးကို ကြည့်လိုက်တော့ မျက်နှာလေးက တည်တည် ငြိမ်ငြိမ်ပဲ။

ဆရာတို့ကို ကျေးဇူး အရမ်း တင်ပါတယ် ကျွန်မတို့ အိမ်ပြန်ဖို့ အခက်အခ ​ဲဖြစ်နေတာ ခုလို လာခေါ်ပေးလို့ ကျေးဇူး အများကြီး တင်ပါတယ်။ ဘာ ဆရာမှ ​မဟုတ်ပါဘူး အစ်မရေ။ ကျွန်တော်တို့က စေတနာ့ ဝန်ထမ်းတွေပါ။ ဥက္ကဌကလည်း ​သေချာလိုက် ပို့ဖို့ မှာထား ပါတယ်။အိမ်ကို ပြန်လိုက်ပို့နေတဲ့ လမ်းတလျှောက် တွေးနေမိတာက ငါတောင် ညာဒူးနာနေလို့ လမ်းလျှောက်ရ အဆင်မပြေဖြစ် aနလို့ စိတ်ဓာတ်ကျနေတာ။

၇ တန်းတက်နေတဲ့ အသက် (၁၂) အရွယ်ကလေး ​တစ်ယောက် အရိုးကင်ဆာကြောင့် ညာပေါင်တစ်ချောင်းဆုံးရှုံးထားတဲ့ကလေး။

ဦးခေါင်းမှာ ဆံပင်တွေ ရိတ်ထား ရတဲ့ ကလေးလေး၊ တစ်နေ့တာ ဘဝကြီးကို ဘယ်လို စိတ်ဓာတ်နဲ့ များဖြတ်သန်းနေရလဲ ဆိုပြီး ရင်ထဲ နင့်နေတာပဲ။ပို့ရမယ့် နေရာ ရောက်တော့ ထိုင်ခုံလေးပေါ် ပွေ့ချီချပြီးတော့ အလှုငွေလေး အပ်ရင်း သားရေ ကျန်းမာရေး ဂရုစိုက်နော် လို့ မှာရင်း။

လူနာကလေး ရဲ့အမေက ကျေးဇူးတင်စကားကို တဖွဖွပြောရှာတယ်။ ကျွန်တော်တို့ပြန်ပါဦးမယ်နော်နှုတ်ဆက်ရင်းကားပြန်လှည့်တော့ ကလေးက တာ့တာလှမ်းပြတယ်။

ပြန်နှုတ်ဆက်ရင်း ဖိုက်တင်းကွာ သားရေ လို့ပြောချင်ပေမယ့် ပါးစပ်က စကားသံ မထွက် လာဘူး။ကလေးလေး အမြန်သက်သာပြီး သာမာန်ကလေး တွေလို ပျော်ပျော်ရွှင်ရွှင် နေနိုင်ပါစေ လို့ ဆုတောင်းရင်း။

#အရေးပေါ်လူနာတင် ယာဉ် အခမဲ့ကူညီသည်။

#တော်ဝင်ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း
၀၉၇၇၇၁၉၉၉၁၇

#ကိုကြီး
၀၉၅၁၉၅၄၂၀
#ကိုကြီးနှင့်ညီအစ်ကိုမောင်နှမများပရဟိတအဖွဲ့။
Ko Gyi & Helping Hands(Team KG)
@Myint Zaw

About the author

Ms Cele

Leave a Comment