Celebrity


Written by Ms Cele





Credit:Cele Zone
Photo – Paing Zay Ye Tun

ပရဟိတ သူရဲကောင်းတွေရဲ့ မွန်မြတ်တဲ့ လုပ်ရပ်တွေကို ကျေးဇူးတင်ကြောင်း ပြောပြလာတဲ့ ပိုင်ဇေရဲထွန်း

ကိုဗစ်ရောဂါ ရောဂါကူးစက်မှု တွေကြောင့် ပြည်သူတွေ တစ်နေ့တစ်နေ့ သေဆုံးရသူတွေ များစွာရှိနေတာကို တွေ့ရပါတယ် ။ ဒီလို ကိုဗစ်နဲ့ ပတ်သက်တဲ့ ကိစ္စမှန်သမျှကို ပရဟိတ အသင်းသားတွေကပဲအခကြေးငွေမယူဘဲ ရှေ့ဆုံးက နေ့မအား ညမအား ကူညီဆောင်ရွက်ပေးနေကြပါတယ် ။

သေဆုံးသူတွေ များတာကြောင့် မီးသင်္ဂြိုဟ်ဖို့ အခက်အခဲဖြစ်နေတာတွေ ကိုလည်း သူတို့ကပဲ အစအဆုံး အားလုံး ပီစီးသည် အထိ လုပ်ဆောင်ပေးနေကြတာပါ ။ဒါကြောင့်လည်း ပြည်သူတွေ အားလုံးကကျေးဇူးတင် နေကြပါတယ် ။ သူတို့အတွက်လည်း ကျန်းမာအောင် ပြည်သူတွေက တတ်နိုင်သလောက် အစားအသောက်တွေ ၊ အားဆေးတွေ လှူဒါန်းပေးလာကြတာ တွေ့ရပါတယ်။

အခုလည်း ပိုင်ဇေရဲထွန်း တို့ မိသားစုကနေပြီး ပရဟိတ သူရဲကောင်းတွေ အတွက် ထမင်းဗူးတွေနဲ့ အအေးတွေကို လှူဒါန်းခဲ့တာ တွေ့ရပါတယ် ။ ဒါ့အပြင် ပရဟိတ သူရဲကောင်းတွေရဲ့ မွန်မြတ်တဲ့ လုပ်ရပ်တွေကို ကျေးဇူးတင်ကြောင်း ကိုလည်း “ 24.7.2021 ပင်ပန်းနေကြပီဆိုတာ သိပါတယ် ! ကျေးဇူးတင်ပါတယ် ! My Taste by Thae မိသားစုအလှူ မိဘ ဆွေမျိုး မိတ်ဆွေ သူငယ်ချင်းများ​၏ နောက်ဆုံးခရီးကို ပိုင်ရှင်ကိုယ်စား ကူညီနေကြသူ ဝန်ထမ်းများ ပရဟိတသူရဲကောင်းများအား ဦးညွတ်ပါ​၏နောင်လဲလှူချင်ပါသေး​၏ အများကြီးလည်းလှူချင်ပါသေး​၏ ခဏခဏလဲလှူချင်ပါ​၏ လှူနိုင်သောသူဖြစ်ရပါလို​၏” ရေးသားဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Credit:Cele Zone
Photo – Paing Zay Ye Tun

About the author

Ms Cele

Leave a Comment