Celebrity


Written by Ms Cele






ပရိသတ်ကို နှစ်သစ်ဆုမွန်ကောင်း တောင်းပေးရင်း အယောင်ယောင် အမှားမှား ပြောမိတဲ့ ထွန်းအိန္ဒြာဗိုလ်

သီချင်းဆိုတဲ့ နေရာမှာလည်း ထူးချွန် ထက်မြက်သလို သရုပ်ဆောင်တဲ့ နေရာမှာလည်း နှစ်ယောက် မရှိနိုင်တဲ့ အမူအယာ အိုက်တင်တွေကို ပိုင်ဆိုင်ထားတဲ့ ထွန်းအိန္ဒြာဗိုလ် ကတော့ ဒီနေ့ဒီအချိန်ထိ ပရိသတ်တွေ အပေါ် လွှမ်းမိုးမှုရှိနေဆဲ ဖြစ်ပါတယ်။ ထွန်းအိန္ဒြာဗိုလ် ကတော့ ပရိသတ်တွေ အတွက် အနုပညာအလုပ်တွေ လုပ်ကိုင်ရင်း တဖြည်းဖြည်းနဲ့ အရွယ်ရောက် လာခဲ့တဲ့ သားလေး အောင်ဗိုလ်ကောင်းသန့် အတွက်လည်း မိခင်တစ်ယောက်ရဲ့ တာဝန်ဝတ္တရားတွေကို ကျေပွန်ဆောင် ဆောင်ရွက်နေသူ တစ်ယောက် ဖြစ်ပါတယ်။

မိသားစုအတွက်လည်း အိမ်ထောင်ရှင်မ တစ်ယောက်ဖြစ်သလို ပရိသတ်တွေ အတွက်လည်း အနုပညာရှင် တစ်ယောက်ဖြစ်တဲ့ ထွန်းအိန္ဒြာဗိုလ်က ဒီကနေ့မှာတော့ သူမကိုချစ်တဲ့ ပရိသတ်တွေ နှစ်သစ်ဆုမွန်ကောင်း စကားပြောခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ထွန်းအိန္ဒြာဗိုလ်က ပရိသတ်တွေကို နှစ်သစ်ဆုမွန်ကောင်းစကားကို ပြောရင်း စကားတွေကို အယောင်ယောင် အမှားမှားနဲ့ ပြောခဲ့မိတာကြောင့် ဖြစ်သွားခဲ့ရတဲ့ သူမရဲ့ ပုံစံလေးကို ပရိသတ်တွေကြည့်ရအောင် အခုလိုပဲ ပြောလာ ပါတယ်။

ထွန်းအိန္ဒြာဗိုလ် ကတော့ ပရိသတ်တွေအတွက် နှစ်သစ်ဆုမွန်ကောင်း စကားပြောရင်း “အခက်အခဲများလည်း အောင်မြင်ပါစေ” ဆိုပြီး မှားယွင်းပြောမိခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ထွန်းအိန္ဒြာဗိုလ်ရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး အချစ်ပို သဘောကျကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို ့ဆုတောင်းပေးလိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment