Celebrity


Written by Ms Cele





Credit:Cele Zone
Photo – Rebecca Win

ပရိသတ်များမှ ချစ်ခင်မှုနဲ့ပေးထားခဲ့တဲ့ အရုပ်တွေအားလုံးကို ကချင်ပြည်နယ်စစ်ရှောင်စခန်းမှ ကလေးများထံလှူဒါန်းရင်း လိုအပ်တဲ့ အစားအသောက်များပါ လှူဒါန်းခဲ့တဲ့ ရေဗက္ကာဝင်း

ဂီတလောကမှာ အောင်မြင်မှုတွေအခိုင်အမာ ရရှိထားတဲ့ အဆိုတော် ရေဗက္ကာဝင်း ကတော့ လက်ရှိအခြေအနေတွေမှာ အလုပ်အကိုင် ရပ်နားထားရလို့ စားဝတ်နေရေး ခက်ခဲနေကြတဲ့ ပြည်သူတွေအတွက် လှူဒါန်းမှုတွေကို ဆက်တိုက်ပြုလုပ်နေပြီး တတ်နိုင်သလောက်ပါဝင်နေတာလည်း ဖြစ်ပါတယ်။

ပြည်သူတစ်ယောက် အနေနဲ့ ကျရာတာဝန်ထမ်းနေတဲ့ ရေဗက္ကာဝင်း ကတော့ ဒီနေ့မှာလည်း အလှူရှင်တွေနဲ့ စုပေါင်းကာ စားဝတ်နေရေးခက်ခဲနေကြတဲ့ ရန်ကုန်ကပြည်သူအချို့အတွက် စားသောက်ကုန်တွေလှူဒါန်းခဲ့တဲ့ အပြင် ကချင်ပြည်နယ် စစ်ဘေးရှောင် ကလေးငယ်တွေ အတွက် အရုပ်များ လှူဒါန်းဒါန်းခဲ့ပါတယ်။

သူမရဲ့ အလှူနဲ့ ပတ်သက်ပြီး လည်း “ဒီနေ့ စေတနာရှင်များ ဖြစ်ကြတဲ့ LA မှ အန်တီသိန်းသိန်းရီ၊ ကိုဂျွန် + မမိုးမိုး ၊ ကိုဆိုနီ + မမိုးမိုးညွုန့်၊ ဒေါ်အုန်းမြင့် ၊ Dr. လမင်းတာရာ + Dr. မိုးငယ်ငယ်၊ Dr. အောင်မျိုးသန့် + မဝေဝေလွင်၊ မသီတာ D Kitchen၊ မရီရီဝင်း၊ ကိုဇော်မိုးနိုင်၊ မဆင့်ဆင့်အောင် San Francisco မှ ကိုMilton Yang Nestle Myanmarတို့နဲ့ အတူ လိုအပ်နေတဲ့ ရန်ကုန်မှ ပြည်သူများအတွက် အိမ်ထောင်စု တစ်စုကို ပေါင်းရှည်ဆန် ၃ပြည် နေကြာဆီ ၁လီတာ ပဲကြာဇံ ပဲနီလေး ခေါက်ဆွဲခြောက်တစ်ပုံး Maggi စွယ်စုံသုံး ဟင်းခတ်မှုန့် တို့ကို စုပေါင်းလှူဒါန်းခဲ့ပြီး ကျမအနုပညာသက်တမ်း(၁၇) နှစ်အတွင်း ပရိသတ်များမှ ချစ်ခင်မှုနဲ့ ပေးထားခဲ့တဲ့ အရုပ်တွေအားလုံးကို Shingni Nbat(အနုပညာပိုးသဘက်) မှတဆင့် ချစ်ခြင်းနဲ့ နွေးထွေးမှုလိုအပ်နေတဲ့ ကချင်ပြည်နယ်စစ်ရှောင်စခန်းမှ ကလေးများထံ လှူဒါန်းခဲ့ပါတယ်ရှင်”ရေးသားဖော်ပြထားရာ ပရိသတ်ကြီး အတွက် ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

Credit:Cele Zone
Photo – Rebecca Win

About the author

Ms Cele

Leave a Comment