Celebrity
Written by Ms Cele
Source: La Pyae’s fb
ပရိသတ်ရဲ့ ဝေဖန်မှုတွေကို ခံနေရတဲ့ မေမီကိုကိုနဲ့ ပတ်သက်ပြီး သူ့ရဲ့ အမြင်ကို ပြောပြလာတဲ့ လပြည့်
ပရိသတ်ကြီးရေ လပြည့်ဟာဆိုရင် MRTV-4ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ရင်း အနုပညာလမ်းကြောင်းပေါ်ကို ရောက်ရှိလာတဲ့ မင်းသားလေးတစ်လက် ဖြစ်ပါတယ်နော်။လပြည့်နဲ့ မေမီကိုကိုတို့ကတော့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်အားပေးမှုကို ရရှိခဲ့သူတွေ ဖြစ်ပါတယ်။ယခုဆိုရင် သူငယ်ချင်းဖြစ်သူမေမီကိုကိုဟာ ချစ်သူဒေါက်တာလေးနဲ့ ပတ်သက်ပြီး အပြင်းအထန်ဝေဖန်ခံနေရတဲ့အပေါ်မှာ သူ့ရဲ့ ထင်မြင်ချက်နဲ့ မေမီကိုကိုရဲ့ စိတ်နေသဘောထား အကြောင်းလေးကို ပြောပြလာပါတယ်။
လပြည့်က“ကိုယ့်သူငယ်ချင်းမလို့ ကိုယ့်ပြောတာမဟုတ်ဘူး။ ကိုယ့်ငါးချဉ် ကိုယ်ချဉ်တာလည်း မဟုတ်ပါဘူး။ သူမအကြောင်းလေး ပြောပြချင်တာ သူမက အားနည်းတဲ့သူဆို သူနဲ့ မဆိုင်လည်း ဝင်ပါတတ်တယ်။ ကူညီတတ်တယ်။ အပြင်မှာလည်း မာန်မာန ကင်းစွာနေတက်တယ်။ ရိုးရိုးသားသားလေးနဲ့ ရသမျှ ပိုက်ဆံလေးကို မရှိတဲ့ကြား အကုန်ပြန်အပ်ပြီး မိဘကိုလုပ်ကျွေးတယ်။ စိတ်ထား လေးကလည်း သူများဖြည့်တွေးတတ်တယ်။
တခါတခါ မတရားတာ တွေ့ရင် ဝင်ဝင်ပြောတတ်သေးတယ်။ စိတ်ထားလေးလည်း ကလေးဆန်ပြီးချစ်ဖို့ ကောင်းပါတယ်။ ကျွန်တော် ပြောရင် ကျွန်တော်အပို ဖြစ်မှာစိုးလို့ သူမနဲ ဆုံဖူးသူတိုင်း သိမှာပါ။ ကလေးတယောက်လို ရူးပေါပေါလေးပါ။ ရုပ်ရည်ပိုင်းလည်း နတ်သမီးတပါးလိုတော့ မချောပေမဲ့ သင့်တင့်တဲ့ ရုပ်ရည်လေးတော့ ပိုင်ဆိုင်ပါတယ်။ ကျွန်ာတော်ကတော့ မ််ိဘလုပ်ကျွေးတာလေးနဲ့တင် သူမကိုလေးစားပါတယ် 🥰🥰🥰🥰” ဆိုပြီး သူ့ရဲ့ဖေ့ဘွတ်စာမျက်နှာမှာတင်ပြထားတာကို တွေ့ရပါတယ်။
လပြည့်ကတော့ မေမီကိုကိုနဲ့ သူငယ်ချင်းလို၊ မောင်နှမလို ခင်မင်ရင်းနှီးသူမို့ မေမီကိုကိုအကြောင်းကို သူများထက်ပိုသိသူဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း စိတ်ထားကောင်းပြီး မိဘကိုလုပ်ကျွေးပြုစုတတ်တဲ့ မေမီကိုကိုရဲ့ စိတ်ထားလေးကို လေးစားသွားမိမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးကို အထူးပဲကျေးဇူးတင်ပါတယ်နော်။
Source: La Pyae’s fb
Credit:Cele Connections
About the author
Ms Cele
Leave a Comment