Celebrity

ပရိသတ္ေတြကို မဆြဲေဆာင္ႏိုင္လို့ Liveလႊင့္ ေစ်းေရာင္းတာ ပထမဆံုးနဲ့ ေနာက္ဆံုးပါပဲလို႕ ေျပာလာတဲ့ ပိုင္တံခြန္

Written by Ms Cele

ပရိသတ္ေတြကို မဆြဲေဆာင္ႏိုင္လို့ Liveလႊင့္ ေစ်းေရာင္းတာ ပထမဆံုးနဲ့ ေနာက္ဆံုးပါပဲလို႕ ေျပာလာတဲ့ ပိုင္တံခြန္

ႏႈတ္ခမ္းနီမေလး ေတြရဲ့အသဲစြဲ ေမာ္ဒယ္သ႐ုပ္ေဆာင္ တစ္ဦးျဖစ္တဲ့ ပိုင္တံခြန္ ကေတာ့ စိန္ေရႊရတနာဆိုင္ တစ္ခုအတြက္ Live လႊင့္ေဈးေရာင္း ျပီးေနာက္ Live လႊင့္ေဈးေရာင္းတာ ပထမဆုံးနဲ႔ေနာက္ဆုံးလို႔ ဆိုလာပါတယ္။

ပိုင္တံခြန္ ကေတာ့ နာမည္ႀကီးမင္းသမီး ထက္ထက္မိုးဦးနဲ႔အတူ Live လႊင့္ၿပီးေနာက္ မွာေတာ့
“Live လႊင့္တာ ကေတာ့ ပထမဆုံးနဲ႔ေနာက္ဆုံး ပဲေပါ့ ကၽြန္ေတာ္က ပရိသတ္ကိုဆြဲေဆာင္နိုင္ေအာင္မေျပာတတ္ဘူး မေျပာျပတတ္ဘူး ကၽြန္ေတာ္live လႊင့္ရင္ေတာင္ရွားတယ္ ကိုယ့္မ်က္ႏွာကိုယ္ျမင္ရမွာရွက္လို႔”

“မထက္နဲ႔ Live လႊင့္မယ္ ပိုင္တံခြန္လႊင့္မလားဆိုေတာ့ မထက္က အႏုပညာေလာက မွာဆရာတစ္ဆူလည္းျဖစ္တယ္ ကိုယ့္ထက္လည္း ဆရာက်ေတာ့ မထက္နဲ႔တြဲရိုက္ရတာ ကၽြန္ေတာ့္အတြက္ ေကာင္းတဲ့အခြင့္အေရးေပါ့ ကၽြန္ေတာ္မကၽြမ္းက်င္တဲ့ အရာျဖစ္ေနေတာ့ မထက္ ကၽြန္ေတာ္ မျဖစ္ဘူးေပါ့ မထက္က သူသင္ေပးမယ္ စိတ္မပူ နဲ႔တဲ့ မထက္နဲ႔ကအရင္ကတည္း ကလည္းခင္တယ္ အရမ္းရွိန္ေအာင္လည္း မေနေတာ့ စကားေျပာတာကလည္း ကိုယ့္အစ္မႀကီးတစ္ေယာက္နဲ႔စကားေျပာေနရ သလိုပဲဆိုေတာ့ အဆင္ေျပပါ တယ္” လို႔ 8 days နဲ႔အင္တာဗ်ဴးမွာဆိုထားတာပါ။

အႏုပညာ အလုပ္နဲ႔ပတ္သတ္ ၿပီးေတာ့ ပိုင္တံခြန္က

“အဓိကဒီဟာကၽြန္ေတာ္တို႔က ပေရာ္ဖက္ရွင္နယ္အလုပ္လည္းျဖစ္တယ္ ၿပီးေတာ့ ကၽြန္ေတာ္တို႔က အလုပ္တစ္ခုလုပ္တဲ့အခ်ိန္မွာ ကိုယ္တစ္ေယာက္တည္းအဆင္ေျပလို႔မရဘူး ကိုယ့္ကိုကမ္းလွမ္းတဲ့အလုပ္ရွင္ဘက္ကေရာ ကိုယ့္ဘက္ကေရာ တျခားအျပင္ က ဘက္ေပါင္းစုံကလုပ္တဲ့အခ်ိန္မွာ အဆင္ေျပေနဖို႔အေရးႀကီးတယ္ အလုပ္တစ္ခုအဆင္ေျပဖို႔ဆို အဲဒီ့အလုပ္လုပ္တဲ့လူေတြကအဆင္ေျပေနမွေလ အဲဒီ့ေတာ့ အားလုံးဘယ္အလုပ္မဆို ကိုင္းကၽြန္းမွီ ကၽြန္းကိုင္မွီေပါ့ ကၽြန္ေတာ္အခုအႏုပညာအလုပ္လုပ္တဲ့အခ်ိန္မွာလည္း ဒါရိုက္တာ ကင္မရာမန္း စသျဖင့္ေပါ့ ကိုယ္နဲ႔တြဲဖက္မယ့္သ႐ုပ္ေဆာင္ အားလုံးရင္းရင္းႏွီးႏွီးမိသားစုလိုလုပ္မွပဲအရာထင္မွာကိုး အဲ့တာေၾကာင့္ မိသားစုလိုပဲလုပ္ျဖစ္တယ္”

“အဓိကက ကၽြန္ေတာ္လက္ခံထားတာ တီဗီေၾကာ္ျငာေတြမ်ားတယ္ ၿပီးေတာ့ Photoshootေပါ့ ကားရိုက္ကက်ေတာ့ ကၽြန္ေတာ္တို႔လူစုလူေဝအရမ္းျပဳလုပ္လို႔မရဘူး ကားရိုက္ဆိုတာကလည္း စတူဒီယိုထဲမွာပဲ အကုန္ရိုက္ဖို႔ဆိုတာက်ေတာ့ ကၽြန္ေတာ္တို႔ဆီမွာ ေခတ္ကလည္းမမွီေသးဘူး အဲဒီ့ေတာ့ ကၽြန္ေတာ္တို႔မွာ public area လိုတယ္ အခုpublic area ကလည္းအဆင္မေျပေတာ့ ကားရိုက္ေတြကိုနားထားရတယ္ ဒါေတြပဲအဓိကေပါ့” လို႔ အင္တာဗ်ဴးမွာ ေျဖဆိုထားတာပဲျဖစ္ပါတယ္။

Credit:Shwe Yaung Myanmar

ပရိသတ်တွေကို မဆွဲဆောင်နိုင်လို့ Liveလွှင့် စျေးရောင်းတာ ပထမဆုံးနဲ့ နောက်ဆုံးပါပဲလို့ ပြောလာတဲ့ ပိုင်တံခွန်

နှုတ်ခမ်းနီမလေး တွေရဲ့အသဲစွဲ မော်ဒယ်သရုပ်ဆောင် တစ်ဦးဖြစ်တဲ့ ပိုင်တံခွန် ကတော့ စိန်ရွှေရတနာဆိုင် တစ်ခုအတွက် Live လွှင့်ဈေးရောင်း ပြီးနောက် Live လွှင့်ဈေးရောင်းတာ ပထမဆုံးနဲ့နောက်ဆုံးလို့ ဆိုလာပါတယ်။

ပိုင်တံခွန် ကတော့ နာမည်ကြီးမင်းသမီး ထက်ထက်မိုးဦးနဲ့အတူ Live လွှင့်ပြီးနောက် မှာတော့
“Live လွှင့်တာ ကတော့ ပထမဆုံးနဲ့နောက်ဆုံး ပဲပေါ့ ကျွန်တော်က ပရိသတ်ကိုဆွဲဆောင်နိုင်အောင်မပြောတတ်ဘူး မပြောပြတတ်ဘူး ကျွန်တော်live လွှင့်ရင်တောင်ရှားတယ် ကိုယ့်မျက်နှာကိုယ်မြင်ရမှာရှက်လို့”

“မထက်နဲ့ Live လွှင့်မယ် ပိုင်တံခွန်လွှင့်မလားဆိုတော့ မထက်က အနုပညာလောက မှာဆရာတစ်ဆူလည်းဖြစ်တယ် ကိုယ့်ထက်လည်း ဆရာကျတော့ မထက်နဲ့တွဲရိုက်ရတာ ကျွန်တော့်အတွက် ကောင်းတဲ့အခွင့်အရေးပေါ့ ကျွန်တော်မကျွမ်းကျင်တဲ့ အရာဖြစ်နေတော့ မထက် ကျွန်တော် မဖြစ်ဘူးပေါ့ မထက်က သူသင်ပေးမယ် စိတ်မပူ နဲ့တဲ့ မထက်နဲ့ကအရင်ကတည်း ကလည်းခင်တယ် အရမ်းရှိန်အောင်လည်း မနေတော့ စကားပြောတာကလည်း ကိုယ့်အစ်မကြီးတစ်ယောက်နဲ့စကားပြောနေရ သလိုပဲဆိုတော့ အဆင်ပြေပါ တယ်” လို့ 8 days နဲ့အင်တာဗျူးမှာဆိုထားတာပါ။

အနုပညာ အလုပ်နဲ့ပတ်သတ် ပြီးတော့ ပိုင်တံခွန်က

“အဓိကဒီဟာကျွန်တော်တို့က ပရော်ဖက်ရှင်နယ်အလုပ်လည်းဖြစ်တယ် ပြီးတော့ ကျွန်တော်တို့က အလုပ်တစ်ခုလုပ်တဲ့အချိန်မှာ ကိုယ်တစ်ယောက်တည်းအဆင်ပြေလို့မရဘူး ကိုယ့်ကိုကမ်းလှမ်းတဲ့အလုပ်ရှင်ဘက်ကရော ကိုယ့်ဘက်ကရော တခြားအပြင် က ဘက်ပေါင်းစုံကလုပ်တဲ့အချိန်မှာ အဆင်ပြေနေဖို့အရေးကြီးတယ် အလုပ်တစ်ခုအဆင်ပြေဖို့ဆို အဲဒီ့အလုပ်လုပ်တဲ့လူတွေကအဆင်ပြေနေမှလေ အဲဒီ့တော့ အားလုံးဘယ်အလုပ်မဆို ကိုင်းကျွန်းမှီ ကျွန်းကိုင်မှီပေါ့ ကျွန်တော်အခုအနုပညာအလုပ်လုပ်တဲ့အချိန်မှာလည်း ဒါရိုက်တာ ကင်မရာမန်း စသဖြင့်ပေါ့ ကိုယ်နဲ့တွဲဖက်မယ့်သရုပ်ဆောင် အားလုံးရင်းရင်းနှီးနှီးမိသားစုလိုလုပ်မှပဲအရာထင်မှာကိုး အဲ့တာကြောင့် မိသားစုလိုပဲလုပ်ဖြစ်တယ်”

“အဓိကက ကျွန်တော်လက်ခံထားတာ တီဗီကြော်ငြာတွေများတယ် ပြီးတော့ Photoshootပေါ့ ကားရိုက်ကကျတော့ ကျွန်တော်တို့လူစုလူဝေအရမ်းပြုလုပ်လို့မရဘူး ကားရိုက်ဆိုတာကလည်း စတူဒီယိုထဲမှာပဲ အကုန်ရိုက်ဖို့ဆိုတာကျတော့ ကျွန်တော်တို့ဆီမှာ ခေတ်ကလည်းမမှီသေးဘူး အဲဒီ့တော့ ကျွန်တော်တို့မှာ public area လိုတယ် အခုpublic area ကလည်းအဆင်မပြေတော့ ကားရိုက်တွေကိုနားထားရတယ် ဒါတွေပဲအဓိကပေါ့” လို့ အင်တာဗျူးမှာ ဖြေဆိုထားတာပဲဖြစ်ပါတယ်။

Credit:Shwe Yaung Myanmar

About the author

Ms Cele

Leave a Comment