Celebrity


Written by Ms Cele





Source:Tun Tun’s FB

ပရိသတ်တွေဆီကို သူရဲ့ငယ်စဉ် ကလေးဘဝက ပုံလေးတွေ ထုတ်ပြ လိုက်တဲ့ ထွန်းထွန်း

ပရိသတ်ကြီးရေ မင်းသား ချောလေးထွန်းထွန်းဟာ ဆိုရင် အနုပညာ လောကမှာ အောင်မြင်မှု တွေကို ပိုင်ဆိုင် ထားပြီး မိန်းကလေးတွေရဲ့ အသဲစွဲ မင်းသားလေး တစ်လက်ပဲဖြစ်ပါတယ်နော်။ ထွန်းထွန်းဟာ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားပေါင်းများစွာ ကို ရိုက်ကူးခဲ့ပြီး အကယ်ဒမီ ထူးချွန်ဆုကို လည်း ထိုက်ထိုက်တန်တန်ရရှိခဲ့ပါတယ်။

သူဟာ အဆိုတော် တစ်ယောက်အနေနဲ့ အနုပညာလောကထဲ စတင်ရောက်လာပြီး ယခုဆိုရင် အောင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက် အနေနဲ့ ရုပ်ရှင်ကားကြီးများကို ဆက်တိုက်ရိုက်ကူး နေတာဖြစ်ပါတယ်နော်။ဒါ့ပြင်ထွန်းထွန်းဟာ နှင်းဆီအဖွဲ့သား တစ်ဦးလည်းဖြစ်ပြီး လူရွှင်တော်တစ်ယောက် အနေနဲ့လည်းကျွမ်းကျင်ပိုင် နိုင်တဲ့ စွယ်စုံရအနုပညာရှင်ဖြစ်ပါတယ်။

သူရဲ့ လှုပ်ရှားမှုပုံရိပ်လေး တွေကိုလည်း ပရိသတ်တွေနဲ့ အဆက်အသွယ် မပြတ်ရအောင် အမြဲဖော်ပြလေ့ရှိတာ လည်းဖြစ်ပါတယ်။ လတ်တလောမှာလည်း ပရိသတ်တွေလုံးဝ မမြင်ဘူးသေးတဲ့ ငယ်စဉ် ကလေးဘဝက ချစ်မေမေနဲ့အတူ ရိုက်ထားတဲ့ ပုံလေးတွေကို ဖော်ပြထားရာ ပရိသတ်ကြီးလည်း ကြည့်ရှုနိုင်စေရန်မျှဝေပေး လိုက်ပါတယ်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။

Source:Tun Tun’s FB

About the author

Ms Cele

Leave a Comment