Celebrity

ပရိသတ္ေတြနဲ့ အျပန္အလွန္ ကတိေတြ ေတာင္းၿပီး အရႊန္းေဖာက္ ေျပာဆိုလိုက္တဲ့ ေအးျမတ္သူ

Written by Ms Cele

ပရိသတ္ေတြနဲ့ အျပန္အလွန္ ကတိေတြ ေတာင္းၿပီး အရႊန္းေဖာက္ ေျပာဆိုလိုက္တဲ့ ေအးျမတ္သူ

မျမတ္ေလး ဆိုၿပီး ပရိသတ္ေတြအခ်စ္ပို ေနရတဲ့ ေအးျမတ္သူကေတာ့ အႏုပညာသက္ၾကာ လာတာနဲ႔အမၽွ ပရိသတ္ခ်စ္ျခင္း ေမတၱာကို ပိုမိုရရွိလာသူ တစ္ေယာက္ပါ။ မာန္မာနမရွိ ပရိသတ္ အတြက္ အျမဲတမ္းအျပဳံးေတြ ပန္ဆင္ထားသူ တစ္ေယာက္ျဖစ္သလို လူမႈကြန္ရက္ မွာလည္း ေန႔စဥ္နီးပါး ပရိသတ္ႀကီး အတြက္ တေန႔တာအေၾကာင္းအရာနဲ႔ အလွ ဓာတ္ပုံေလးေတြကို မၽွေဝေလ့ရွိသူပါ။

ဒီေန႔မွာလည္း ခ်စ္စရာ အျပဳံးခ်ိဳခ်ိဳပုံရိပ္ေလး ေတြနဲ႔အတူ ပရိသတ္ႀကီးဆီက ကတိစကားေတာင္းခံ လာပါတယ္။ မဂၤလာရွိေသာ ေနသစ္ေလး ပါရွင့္ ခ်စ္ရသူေတြ က ျဖစ္နိုင္မယ္ဆို …အျပင္ မထြက္ ဖို႔ .. အျပင္ထြက္မယ္ဆို ….Mask ကိုအျမဲတမ္း တပ္ထားဖို႔ လက္ကို မၾကာမၾကာ စကၠန္႔ (၂၀) ၾကာေအာင္ေဆးဖို႔ ကတိေပးပါေနာ္ ဆိုၿပီး ပရိသတ္ႀကီးဆီက ကတိေတာင္းခံခဲ့သလို မျမတ္ေလး က ကိုဗစ္ မၿပီးမခ်င္း ….လွေနဖို႔ ကတိေပးပါတယ္ရွင့္ ေနေကာင္းက်န္းမာစိတ္ခ်မ္းသာ ၾကပါေစရွင္ ဆိုၿပီး အရႊန္းေဖာက္မၽွေဝခဲ့ပါတယ္။

စကားတတ္လြန္းတဲ့ မျမတ္ေလး ကိုေတာ့ ပရိသတ္ေတြက သေဘာက် ခဲ့ရသလို မျမတ္ေလးကိုလည္း က်န္းမာေရး ဂ႐ုစိုက္ဖို႔ မွတ္ခ်က္ေပးေရးသား ခဲ့ပါတယ္။ မျမတ္ေလးကို ခ်စ္တဲ့ ပရိသတ္ႀကီးေရာ ကိုဗစ္ေရာဂါကပ္ဆိုးႀကီးရန္က ကင္းေဝးေအာင္ မျမတ္ေလးေတာင္းတဲ့ ကတိကို ေပးၾကမွာလား ေျဖေပးခဲ့ပါဦးေနာ္။

Credit:Cele Gabar

ပရိသတ်တွေနဲ့ အပြန်အလှန် ကတိတွေ တောင်းပြီး အရွှန်းဖောက် ပြောဆိုလိုက်တဲ့ အေးမြတ်သူ

မမြတ်လေး ဆိုပြီး ပရိသတ်တွေအချစ်ပို နေရတဲ့ အေးမြတ်သူကတော့ အနုပညာသက်ကြာ လာတာနဲ့အမျှ ပရိသတ်ချစ်ခြင်း မေတ္တာကို ပိုမိုရရှိလာသူ တစ်ယောက်ပါ။ မာန်မာနမရှိ ပရိသတ် အတွက် အမြဲတမ်းအပြုံးတွေ ပန်ဆင်ထားသူ တစ်ယောက်ဖြစ်သလို လူမှုကွန်ရက် မှာလည်း နေ့စဉ်နီးပါး ပရိသတ်ကြီး အတွက် တနေ့တာအကြောင်းအရာနဲ့ အလှ ဓာတ်ပုံလေးတွေကို မျှဝေလေ့ရှိသူပါ။

ဒီနေ့မှာလည်း ချစ်စရာ အပြုံးချိုချိုပုံရိပ်လေး တွေနဲ့အတူ ပရိသတ်ကြီးဆီက ကတိစကားတောင်းခံ လာပါတယ်။ မင်္ဂလာရှိသော နေသစ်လေး ပါရှင့် ချစ်ရသူတွေ က ဖြစ်နိုင်မယ်ဆို …အပြင် မထွက် ဖို့ .. အပြင်ထွက်မယ်ဆို ….Mask ကိုအမြဲတမ်း တပ်ထားဖို့ လက်ကို မကြာမကြာ စက္ကန့် (၂၀) ကြာအောင်ဆေးဖို့ ကတိပေးပါနော် ဆိုပြီး ပရိသတ်ကြီးဆီက ကတိတောင်းခံခဲ့သလို မမြတ်လေး က ကိုဗစ် မပြီးမချင်း ….လှနေဖို့ ကတိပေးပါတယ်ရှင့် နေကောင်းကျန်းမာစိတ်ချမ်းသာ ကြပါစေရှင် ဆိုပြီး အရွှန်းဖောက်မျှဝေခဲ့ပါတယ်။

စကားတတ်လွန်းတဲ့ မမြတ်လေး ကိုတော့ ပရိသတ်တွေက သဘောကျ ခဲ့ရသလို မမြတ်လေးကိုလည်း ကျန်းမာရေး ဂရုစိုက်ဖို့ မှတ်ချက်ပေးရေးသား ခဲ့ပါတယ်။ မမြတ်လေးကို ချစ်တဲ့ ပရိသတ်ကြီးရော ကိုဗစ်ရောဂါကပ်ဆိုးကြီးရန်က ကင်းဝေးအောင် မမြတ်လေးတောင်းတဲ့ ကတိကို ပေးကြမှာလား ဖြေပေးခဲ့ပါဦးနော်။

Credit:Cele Gabar

About the author

Ms Cele

Leave a Comment