Celebrity


Written by Ms Cele





Credit:CELELUCKY

ပရိသတ်တွေဘယ်လိုပဲအပြစ်တင်ဝေဖန်နေပါစေ ဒူးရင်းသီးတွေကို ဆက်လက်ရောင်းချနေကြတဲ့ နန္ဒာလှိုင်တို့ဇနီးမောင်နှံ

ပရိသတ်ကြီးရေ social Punishment လုပ်ခံထား ရတဲ့ သရုပ်ဆောင် နန္ဒာလှိုင် ကတော့ ပရိသတ်တွေ ဒီလောက်ပြောဆို နေတာတောင် ဟန်မပျက် ဒူးရင်းသီးရောင်းနေဆဲ ပါပဲနော်။ ဘယ်လောက်ဆဲဆဲ မဖြုံတဲ့ နန္ဒာလှိုင်ကိုတော့ ပရိသတ်များက ပြည်သူ့ချဉ်ဖတ်အဖြစ်ပါ သတ်မှတ်ထားကြပြီ ဖြစ်ပါတယ်။ လူတော်တော်များများက Social Punishment လုပ်ကြပါလို့သာ ပြောနေလို့ နန္ဒာလှိုင်ခြံထဲတွင် တိုးမပေါက်အောင် ဝယ်ယူနေကြတာကြောင့်လည်းဆဲဆိုနေတာကို ဂရုမစိုက်ဘဲ နေနေတာ ဖြစ်ပါတယ်နော်။

နန္ဒာလှိုင်ရဲ့ ယောကျာ်း ဇေသီဟ ကလည်း နေရာတိုင်း ရောင်းဝယ် နေကြပြီး ကိုယ့်နေရာလေး ကွက်ပြီး ဒူးရင်းသီး မရောင်းရ နယ်မြေဖြစ်နေတာ မသိလိုက်ဘူးဆိုပြီး ခနဲ့တဲ့ စာသားတွေ တင်နေတာပါနော်။ ဝိုင်းဆဲတဲ့သူတွေကိုလည်းblock ပစ်ပြီး ဒီနောက်ပိုင်းမှာတော့ comment ပိတ်ထားတာပါနော်။ တော်လှန်ရေးဝင်မပါတဲ့ အကြောင်းကလည်း၅၀၅(က) ကို ကြောက်တယ်လို့လည်း ဆိုထားပါသေးတယ်နော်။

သူတို့ကို အပြစ်ပြောနေတဲ့ အကြောင်းရင်း ကလည်း ပြည်သူချစ် အနုပညာရှင်ဖြစ် တာကြောင့် Speak out လုပ်စေချင်ကြတာပါနော်။ သုံးလလောက် အသံမထွက်ဘဲ ပျောက်နေပြီး ဒူးရင်းသီးရာသီ ရောက်မှ ဆိုရှယ်မီဒီယာပေါ်ထွက်ပြီး ဈေးရောင်းတဲ့အတွက် ပိုပြီးဒေါသထွက်ခဲ့ကြတာ ဖြစ်ပါတယ်နော်။

Credit:CELELUCKY

About the author

Ms Cele

Leave a Comment