Celebrity


Written by Ms Cele





Credit:Cele Zone
Source:Ni Ni Khin Zaw

ပရိသတ်တွေမသိသေးတဲ့ ၂၀၀၅ ခုနှစ် ကာယ အလှမယ်ပြိုင် ခဲ့တုန်းက ပုံလေးတွေ ထုတ်ပြလိုက်တဲ့ နီနီခင်ဇော်

အသံပါဝါကောင်းကောင်းနဲ့ သီဆိုဖျော်ဖြေ တတ်တဲ့ အဆိုတော်ချောလေး နီနီခင်ဇော်ကို ပရိသတ်ကြီးချစ်ကြမယ်ထင်ပါတယ်။သူဟာ အချိန်ခဏလေးတွင်းမှာတင် အောင်မြင်တဲ့ မိန်းကလေးအဆိုတော် တစ်ယောက်ဖြစ်လာကာ ပရိသတ်အခိုင်အမာ ရရှိထားတာဖြစ်ပါတယ်။သူရဲ့ သီချင်းလေးတွေဟာ လူငယ်တွေကြား ရေပန်းစားပြီ အမိုက်စားသီချင်းတွေပါမက သီချင်းအေးအေးလေး တွေပါ ကြိုက်နှစ်သက်အားပေးကြတာတွေ့ရပါတယ်။

သူမကတော့ သီချင်းတွေ ဆက်တိုက်ဆိုနေတာဖြစ်ပြီး အနုပညာ အလုပ်တွေလည်း မနားတမ်းလုပ်နေတယ်လို့လည်းသိရပါတယ်။သူမရဲ့ အနုပညာလှုပ်ရှားမှုပုံရိပ်များကို ဖေ့ဘွတ်ပေါ်တွင် ဖော်ပြလေ့ရှိတာလည်းတွေ့ရပါတယ်။လတ်တလော မှာတော့ ပရိသတ်တွေမမြင်ဘူးသေးတဲ့ ၂၀၀၅ခုနှစ် ကာယအလှမယ်ပြိုင်ခဲ့စဉ်က အမှတ်တရပုံလေးတွေကို ထုတ်ပြလာတာဖြစ်ပါတယ်။

ပုံလေးတွေနဲ့အတူ “သန်မာထွားကြိုင်းတယ် ယဉ်တကိုယ်မယ်~အစချီတဲ့သီချင်း​လေးနဲ့ ၂၀၀၅-၂၀၀၆ ခုနှစ်ပရိသတ်​တွေမမြင်ဖူးသေးတဲ့ အထက်တန်း ​ကျောင်းသူဘဝ အမှတ်တရ​ပုံလေး​တွေပါ ….ကျောင်းသူဘဝထဲက အားကစား​လုပ်ဖို့​ မေ​မေကတိုက်တွန်း​ပေး ခဲ့ပါတယ် ရေကူး, ကိုယ်ကာယ အလှ​တွေ​ဆော့ခဲ့ရတယ်….၂၀၀၇ ဆယ်တန်းပြီးမှ Melody World အဆိုပြိုင်ပွဲစပြိုင်ဖြစ်တာပါ(ပြိုင်ပွဲ​​တွေပြိုင်ဖူးသမျှ ရဖူးခဲ့တဲ့အမှတ်တရဆု​တွေထဲမှာမှ တချိန်တခါက ကာယအလှမယ်ဆိုတဲ့ ပြိုင်ပွဲ​လေး​တွေလည်း အများကြီးပြိုင်ခဲ့ဖူး​လေရဲ့) အခု​တော့ သီချင်းအသစ်​တွေ အသံသွင်း​နေတယ် ကျန်တာမသိ​တော့ဘူး ” ဆိုတဲ့စာလေးကိုရေးသားဝေမျှထားရာ ငယ်ငယ်ကပုံလေးတွေကြည့်ပြီး အရမ်းချောမော လွန်းတာကြောင့် ပရိသတ်ကြီးလည်း ကြည့်ရှုနိုင်စေရန် ဝေမျှပေးလိုက်ပါတယ်။

Credit:Cele Zone
Source:Ni Ni Khin Zaw

About the author

Ms Cele

Leave a Comment