Celebrity


Written by Ms Cele





Credit

ပရိသတ်တွေရဲ့အချစ်တော် ပြေတီဦးရဲ့ဖခင်ကြီး အရေးပေါ်အောက်စီဂျင်လိုအပ်နေကြောင်း သိရှိရ

ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ မင်းသားချောပြေတီဦး ကတော့ အနုပညာ အရည်အချင်းပြည့်ဝပြီး အကယ်ဒမီထူးချွန်ဆုတွေလည်း ရရှိထားတဲ့သူတစ်ယောက်ပါ။ ဒါအပြင်ပြေတီဦးက မင်းသမီးချောလေး အိန္ဒြာကျော်ဇင်နဲ ့ရွှေလက်တွဲထားပြီး ချစ်စရာသားသားမီးမီးတွေ လည်းပိုင်ဆိုင်ထား ပါသေးတယ်။

မင်းသားချောပြေတီဦးနဲ့အိန္ဒြာကျော်ဇင်တို့အနုပညာရှင်စုံတွဲကတော့ပြည်သူတွေနဲ့ အတူအမှန်တရားဘက်က ရပ်တည်ခဲ့ပြီးတိုက်ပွဲဝင်ပေးခဲ့တာလည်းဖြစ်ပါတယ်။ ဒါကြောင့်ပြေတီဦးနဲ့အိန္ဒြာကျော်ဇင်ဖမ်းခံခဲ့ရပြီးလက်ရှိမှာအင်းစိန်ထောင်မှာရောက်နေတာလည်းဖြစ်ပါတယ်။

သရုပ်ဆောင်ပြေတီဦးရဲ့ဖခင်အောက်စီဂျင်လိုအပ်ကြောင်းကို အမဖြစ်သူက အခုလိုပဲပြောပြလာ ပါတယ်။ဖေဖေကလေLevel 12နဲ့ပေးတာတောင်SPO 270 ပဲရှိတော့လို့အောက်စီဂျင်လေးများ ကူညီကြပါဦးနော်စက်ကလဲမနိုင်တော့လို့ပါ ဆိုပီးပြောပြလာပါတယ်။ပြည်သူတွေအတွက် တိုက်ပွဲဝင် ပေးနေတဲ့ သရုပ်ဆောင်ပြေတီဦး အတွက်ကူညီပေးလိုက်ပါအုံးနော်။

Credit

About the author

Ms Cele

Leave a Comment