Celebrity


Written by Ms Cele





Credit:Cele Zone
Source:Moe Yu San

ပရိသတ်တွေမြင်ရခဲတဲ့ သူတို့မောင်နှမနှစ်ယောက်ရဲ့ ငယ်စဉ်ကလေးဘဝက အမှတ်တရ ပုံလေးတွေကို ထုတ်ပြလာတဲ့ မိုးယုစံ

သာယာချမ်းမြေ့ဖွယ် အိမ်ထောင် တစ်ခုကို တည်ထောင် ထားပြီး ချစ်စရာ ရင်သွေးလေးတွေပါ ရရှိနေကြတဲ့ အနုပညာရှင် ဆယ်လီများထဲတွင် မိုးယုစံလည်းအပါအဝင်ဖြစ်ပါတယ်။ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးကို အချိန်အပြည့်အဝပေးနေတဲ့ သူမကတော့ အနုပညာအလုပ်တွေအနေနဲ့ ကြော်ငြာတွေကို အနည်းငယ်သာရိုက်ကူးလျက်ရှိနေတာပဲဖြစ်ပါတယ်။

ချစ်ရတဲ့ခင်ပွန်း နဲ့အတူ ကြည်နူးစရာကောင်းတဲ့ မိသားစု ဘဝလေးကို ဖန်တီးတည်ဆောက် ထားနိုင်တဲ့ သူမကတော့ ချစ်စရာကောင်းတဲ့ သားလေး တစ်ယောက်အပြင် ခုဆိုနောက်ထက် သားလေးတစ်ယောက် ကိုလည်း ပိုင်ဆိုင်ထားပြီဖြစ်ရာ မကြာခင်မှာဆိုရင် လူ့လောကထဲကို ရောက်ရှိလာတော့မှာဖြစ်ပါတယ်။

ပရိသတ်တွေ အားကျချစ်ခင်နေရတဲ့ မိုးယု ကတော့ သူရဲ့ လှုပ်ရှားမှုပုံလေးတွေ အပြင် မိသားစု အမှတ်တရ ပုံလေးတွေကိုလည်း မကြာခဏဖော်ပြလေ့ ရှိပါတယ်။အခုလည်း ပရိသတ်တွေမြင်ရခဲတဲ့ သူတို့မောင်နှမနှစ်ယောက်ရဲ့ ငယ်စဉ်ကလေးဘဝက အမှတ်တရ ပုံလေးတွေကို ထုတ်ပြလာတာဖြစ်ပါတယ်။ ပုံလေးတိုင်းမှာ မိုးယုတို့ မောင်နှမနှစ်ယောက်လုံး အရမ်းချစ်စရာ ကောင်းသလို မိုးယုက ငယ်ရုပ်လေးမပျောက်ဘဲ အရမ်းချစ်စရာ ကောင်းနေတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မိုးယုတို့ရဲ့ ငယ်ဘဝပုံလေးတွေကို ကြည့်ရှုနိုင်စေရန် မျှဝေပေး လိုက်ပါတယ်။

Credit:Cele Zone
Source:Moe Yu San

About the author

Ms Cele

Leave a Comment