Celebrity

ပရိသတ္ေတြ နဲ႔အတူ ကထိန္ အလႉ ေရစက္ခ်ပြဲမွာ ေငြက်ပ္သိန္း (၁၇၀) ေက်ာ္ လႉဒါန္း ခဲ့တဲ့ ၿဖိဳးျမတ္ေအာင္

Written by Ms Cele

ပရိသတ္ေတြ နဲ႔အတူ ကထိန္ အလႉ ေရစက္ခ်ပြဲမွာ ေငြက်ပ္သိန္း (၁၇၀) ေက်ာ္ လႉဒါန္း ခဲ့တဲ့ ၿဖိဳးျမတ္ေအာင္

ဧရာဝတီတိုင္း ဟသၤာတၿမိဳ႕ေလးကေနတဆင့္ အဆိုေတာ္ တစ္ေယာက္ျဖစ္ဖို႔ ရည္မွန္းခ်က္ေတြနဲ႔ ရန္ကုန္ကို တက္လာခဲ့တဲ့ ၿဖိဳးျမတ္ေအာင္ ကေတာ့ Myanmar Idol Season (3) ၿပိဳင္ပြဲႀကီးမွာ Winner ဆုႀကီးကို ထိုက္ထိုက္ တန္တန္ ဆြတ္ခူး ရရွိခဲ့ၿပီး သူေလွ်ာက္ခ်င္တဲ့ အႏုပညာ လမ္းေၾကာင္း ေပၚကို ေရာက္ရွိလာ ခဲ့တာပဲ ျဖစ္ပါတယ္။ ၿဖိဳးျမတ္ေအာင္ ကေတာ့ အဆိုေတာ္ တစ္ေယာက္ျဖစ္သြားခ်ိန္မွာ ပရိသတ္ေတြ အတြက္ မ႐ိုးႏိုင္တဲ့ သီခ်င္းသစ္ေတြကို ခ်ျပခဲ့သလို ဘာသာေရးနဲ႔ ကုသိုလ္ေရး ကိုလည္း ပိုမိုအာ႐ုံစိုက္ လုပ္ကိုင္လာတာပဲ ျဖစ္ပါတယ္။ ဒီတစ္ေခါက္မွာလည္း ၿဖိဳးျမတ္ေအာင္က သူ႔ရဲ႕ PMA Family နဲ႔အတူတူ စုေပါင္း ဘုံကထိန္ျပဳလုပ္ခဲ့ေၾကာင္း အခုလိုပဲ ေျပာျပလာပါတယ္။

ၿဖိဳးျမတ္ေအာင္က ” ေတာင္ညိဳေလး ကထိန္အလႉ ေရစက္ခ်မဂၤလာ.. ကြၽန္ေတာ္တို႔ မိသားစု အပါအဝင္ ခုနစ္ရက္ သားသမီးမိသားစု၊ PMA Family မိသားစုအားလုံး၏ စုေပါင္းလႉဒါန္း ေငြက်ပ္သိန္းေပါင္း – 17,170,000 ( တစ္ရာခုႏွစ္ဆယ့္တစ္သိန္းခုႏွစ္ေသာင္း) က်ပ္ကို လႉဒါန္းႏိုင္ခဲ့ပါၿပီ။ အားလုံးပဲ ကပ္ေရာဂါမ်ား၊ သဘာဝေဘးမ်ားမွ ကင္းေဝးၾကၿပီး မဂ္ဖိုလ္ နိဗၺာန္ အေထာက္ပံ့ရၾကပါေစ 🙏🙏🙏” ဆိုၿပီး သူ႔ရဲ႕ ကုသိုလ္ေလးကို ေဖ့စ္ဘုတ္ စာမ်က္ႏွာကေနတဆင့္ ေျပာျပလာပါတယ္။

ၿဖိဳးျမတ္ေအာင္ ကေတာ့ PMA Family နဲ႔အတူတူ စုေပါင္းၿပီး ကထိန္အလႉ ေရစက္ခ်ပြဲမွာ ေငြသိန္းေပါင္း (၁၇၀) ေက်ာ္ကို လႉဒါန္းခဲ့ တာပဲ ျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း ၿဖိဳးျမတ္ေအာင္ရဲ႕ ကုသိုလ္ အလႉေလးကို ဝမ္းေျမာက္စြာ သာဓုေခၚ ဆိုေပးၾကပါဦးေနာ္။ ဖတ္ရႈ ေပးၾကတဲ့ ပရိသတ္ႀကီး အားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလး တစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Credit:Swelsone News

ပရိသတ်တွေ နဲ့အတူ ကထိန် အလှူ ရေစက်ချပွဲမှာ ငွေကျပ်သိန်း (၁၇၀) ကျော် လှူဒါန်း ခဲ့တဲ့ ဖြိုးမြတ်အောင်

ဧရာဝတီတိုင်း ဟင်္သာတမြို့လေးကနေတဆင့် အဆိုတော် တစ်ယောက်ဖြစ်ဖို့ ရည်မှန်းချက်တွေနဲ့ ရန်ကုန်ကို တက်လာခဲ့တဲ့ ဖြိုးမြတ်အောင် ကတော့ Myanmar Idol Season (3) ပြိုင်ပွဲကြီးမှာ Winner ဆုကြီးကို ထိုက်ထိုက် တန်တန် ဆွတ်ခူး ရရှိခဲ့ပြီး သူလျှောက်ချင်တဲ့ အနုပညာ လမ်းကြောင်း ပေါ်ကို ရောက်ရှိလာ ခဲ့တာပဲ ဖြစ်ပါတယ်။ ဖြိုးမြတ်အောင် ကတော့ အဆိုတော် တစ်ယောက်ဖြစ်သွားချိန်မှာ ပရိသတ်တွေ အတွက် မရိုးနိုင်တဲ့ သီချင်းသစ်တွေကို ချပြခဲ့သလို ဘာသာရေးနဲ့ ကုသိုလ်ရေး ကိုလည်း ပိုမိုအာရုံစိုက် လုပ်ကိုင်လာတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာလည်း ဖြိုးမြတ်အောင်က သူ့ရဲ့ PMA Family နဲ့အတူတူ စုပေါင်း ဘုံကထိန်ပြုလုပ်ခဲ့ကြောင်း အခုလိုပဲ ပြောပြလာပါတယ်။

ဖြိုးမြတ်အောင်က ” တောင်ညိုလေး ကထိန်အလှူ ရေစက်ချမင်္ဂလာ.. ကျွန်တော်တို့ မိသားစု အပါအဝင် ခုနစ်ရက် သားသမီးမိသားစု၊ PMA Family မိသားစုအားလုံး၏ စုပေါင်းလှူဒါန်း ငွေကျပ်သိန်းပေါင်း – 17,170,000 ( တစ်ရာခုနှစ်ဆယ့်တစ်သိန်းခုနှစ်သောင်း) ကျပ်ကို လှူဒါန်းနိုင်ခဲ့ပါပြီ။ အားလုံးပဲ ကပ်ရောဂါများ၊ သဘာဝဘေးများမှ ကင်းဝေးကြပြီး မဂ်ဖိုလ် နိဗ္ဗာန် အထောက်ပံ့ရကြပါစေ 🙏🙏🙏” ဆိုပြီး သူ့ရဲ့ ကုသိုလ်လေးကို ဖေ့စ်ဘုတ် စာမျက်နှာကနေတဆင့် ပြောပြလာပါတယ်။

ဖြိုးမြတ်အောင် ကတော့ PMA Family နဲ့အတူတူ စုပေါင်းပြီး ကထိန်အလှူ ရေစက်ချပွဲမှာ ငွေသိန်းပေါင်း (၁၇၀) ကျော်ကို လှူဒါန်းခဲ့ တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဖြိုးမြတ်အောင်ရဲ့ ကုသိုလ် အလှူလေးကို ဝမ်းမြောက်စွာ သာဓုခေါ် ဆိုပေးကြပါဦးနော်။ ဖတ်ရှု ပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Credit:Swelsone News

About the author

Ms Cele

Leave a Comment