Celebrity


Written by Ms Cele






ပရိသတ်တွေ သတိ မထား မိခင်ပဲ (၂) နှစ် အတွင်းမှာ ပြောင်းလဲ သွားတဲ့ သူရဲ့ ပြောင်းလဲမှု တစ်ခုကို ထုတ်ပြ လာတဲ့ အလင်းရောင်

မင်းသားချော အလင်းရောင်ကတော့ မော်ဒယ်လ် တစ်ယောက်အဖြစ် အနုပညာလောက ထဲကို ဝင်ရောက်လာခဲ့ပြီး အဆိုရင် ရုပ်ရှင် ဇာတ်ကားကြီးတွေမှာ ခေါင်းဆောင်မင်းသား တစ်ယောက် ဖြစ်လို့နေပြီပဲ ဖြစ်ပါတယ်။ ရုပ်ရည်ချော ​မောသလို သရုပ်ဆောင်တဲ့ အရည်အချင်း ကလည်း မလျော့ကျသွားတဲ့ အလင်းရောင် က ဒီဘက်ခေတ်ရဲ့ ပရိသတ်တွေ အသည်းစွဲ ကြိုက်ရတဲ့ မင်းသား တစ်လက်ဆိုလည်း မမှားပါဘူး။ အလင်းရောင်ကလည်း ပရိသတ်တစ်ယောက်ချင်းစီအတွက် အလုပ်တွေကို ကြိုးစားပန်းစားလုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။

ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားတဲ့ အလင်းရောင် က ဒီတစ်ခါမှာတော့ ပရိသတ်တွေ သတိမထား မိခင်လေးမှာပဲ ပြောင်းလဲသွားခဲ့တဲ့ သူ့ရဲ့ ပုံရိပ်လေးကို ချပြလာပါတယ်။ အလင်းရောင်က ပြီးခဲ့တဲ့ (၂၀၁၈) ခုနှစ်မှာတော့ ခန္ဓာကိုယ်ပြည့်ပြည့်ဖြိုးဖြိုးနဲ့ ရှိနေပြီး ပရိသတ်တွေ သတိမထားမိခင် (၂၀၂၀) အတွင်းမှာပဲ ပိန်ပိန် ပါးပါးဖြစ် သွားခဲ့တာကို ယှဉ်တွဲပြီး ပြသလာခဲ့တာပဲ ဖြစ်ပါတယ်။

အလင်းရောင်ကတော့ ပရိသတ်တွေရဲ့ မျက်စိရှေ့မှာပဲ တစ်ချိန်လုံးရှိနတောမို့ ပြောင်းလဲသွားမှန်း မသိသာတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အလင်းရောင် ပြောင်းလဲသွား တာကို သူကိုယ်တိုင်ချပြမှ သတိထား မိသွားမှာ သေချာပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment