Celebrity


Written by Ms Cele





Credit:Cele Gabar

ပရိသတ်တွေ သဘောကျနေကြတဲ့ ရန်ရန်ချမ်းတို့ရဲ့ ချစ်စရာ ငယ်ဘဝပုံရိပ်လေးတွေ

ပရိသတ်ကြီးရေ မြန်မာ နိုင်ငံရဲ့ ပထမဆုံး Hip Hop Generation ဖြစ်တဲ့ Acid အဖွဲ့ကတော့ တစ်နိုင် ငံလုံး အတိုင်းအတာ နဲ့ ပေါက်မြောက် အောင်မြင်ခဲ့တဲ့ လူငယ်တေးသံရှင် အဖွဲ့တစ်ဖွဲ့ပါ ။ Acid အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ ရန်ရန်ချမ်း ကတော့ သူ့ရဲ့ချစ်သူ ချီလီနဲ့ လက်ထပ်ခဲ့ပြီး ချစ်ရတဲ့ သားလေး တစ်ယောက်နဲ့အတူ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့ သူပါ ။

အသက်အရွယ် တစ်ခုကို ရောက်လာပြီဆိုပေမယ့်လည်း ရန်ရန်ချမ်း တို့ဇနီးမောင်နှံကတော့ အမြဲလိုလို ဖက်ရှင် ကျပြီး လှပနုပျိုနေဆဲဆိုတာ ကတော့ ပရိသတ်တွေအမြင်ပါပဲ ။ လက်ရှိမှာတော့ ရန်ရန်ချမ်းတင် ခဲ့တဲ့ ပုံလေးတစ်ပုံကို ပရိသတ်တွေ အတော်လေး သဘောကျနေကြပါတယ် ။ 20yearchallenge ဆိုပြီးခေါ်လို့ရလား ဆိုတဲ့ စာသားလေးနဲ့အတူ ဆယ်ကျော်သက် ဘဝက သူတို့ဇနီးမောင်နှံရဲ့ ပုံရိပ်လေးနဲ့ လက်ရှိ သူတို့ဇနီးမောင်နှံရဲ့ ပုံရိပ်လေး ကို ယှဉ်ပြီး ပရိသတ်တွေကို ဝေမျှပေးခဲ့ တာဖြစ်ပါတယ် ။

လွန်ခဲ့တဲ့ အနှစ် (၂၀)ကပုံလေး မှာတော့ ရန်ရန်ချမ်းနဲ့ ချီလီတို့နှစ်ယောက်က ဆယ်ကျော်သက် အရွယ် ကလေးပုံ လေးတွေ ဖြစ်ပြီး အဲ့ဒီအရွယ်ထဲက ချစ်ခဲ့ကြတာ ခုချိန်ထိ မပြောင်းလဲ သေးဘဲ ချစ်ခင်နေကြဆဲဖြစ်လို့ ပရိသတ် တွေက အတော်လေး အားကျနေကြတာပါ ။ ရန်ရန်ချမ်းတို့ ဇနီးမောင်နှံရဲ့ Challenge လေးကို ပရိသတ်တွေအတွက် မျှဝေပေး လိုက်ပါရစေနော် ။

Credit:Cele Gabar

About the author

Ms Cele

Leave a Comment