Celebrity

ပရိသတ္ေတြ အလိမ္ခံ ရမွာ စိုးတာေၾကာင့္ သတိေပး ေျပာျပ လာတဲ့ စိုင္းစိုင္းခမ္းလိုင္

Written by Ms Cele

ပရိသတ္ေတြ အလိမ္ခံ ရမွာ စိုးတာေၾကာင့္ သတိေပး ေျပာျပ လာတဲ့ စိုင္းစိုင္းခမ္းလိုင္

ပရိသတ္အခ်စ္ေတာ္ စိုင္းစိုင္းခမ္းလိုင္ ကေတာ့ ဆယ္စုႏွစ္(၂)ခုစာ အႏုပညာေလာကမွာ ေလၽွာက္လွမ္းခဲ့ၿပီး ပရိသတ္ အခ်စ္ေတြကိုလည္း ရရွိေနဆဲပါ။ လက္ရွိမွာလည္း အႏုပညာ ဖန္တီးမႈ အသစ္ေတြနဲ႔ ပရိသတ္ ေတြရဲက အခ်စ္ကို ရယူထားဆဲျဖစ္ပါတယ္။

ဒီေန႔မွာေတာ့ စိုင္းစိုင္းရဲ့နာမည္ကို အသုံးျပဳထားတဲ့ Page အတုတစ္ခုနဲ႔ ပတ္သက္ၿပီး ပရိသတ္ကို ေျပာျပလာပါတယ္။ စိုင္းစိုင္း ကေတာ့ သူ႔ရဲ့ေဖ့ဘြတ္ခ္ အေကာင့္မွာ “Page အတုလုပ္ပါတယ္။ Video အေဟာင္းေတြနဲ႔ Live အတုလုပ္ပါတယ္။ ဘာလိမ္မလို႔လဲ မသိပါဘူး။ ခ်စ္ပရိသတ္မ်ား အလိမ္မခံရေစရန္ အထူးသတိျပဳရန္” ဆိုၿပီးေတာ့ Page အတုရဲ့ပုံေတြနဲ႔တကြ ေဖာ္ျပလာတာပါ။ အႏုပညာရွင္ေတာ္ေတာ္ မ်ားမ်ားကေတာ့ Page အတုေတြေၾကာင့္ မၾကာခဏဆိုသလို စိတ္ညစ္စရာေတြ ၾကဳံရတာလည္း ျဖစ္ပါတယ္။

စိုင္းစိုင္းကေတာ့ ျမန္မာနိုင္ငံရဲ့ နာမည္ အေက်ာ္ၾကားဆုံးေသာ အႏုပညာရွင္ေတြ ထဲက တစ္ေယာက္ျဖစ္ တာေၾကာင့္လည္း အခုလို Page အတုလုပ္ကာ အသုံးခ်တဲ့သူေပၚလာတယ္လို႔ ဆိုရမွာပါ။ စိုင္းစိုင္းကေတာ့ ပရိသတ္ေတြကိုစိတ္ပူတာေၾကာင့္ အသိေပးထား တာလည္း ျဖစ္ပါတယ္။

Credit:Cele Gabar

ပရိသတ်တွေ အလိမ်ခံ ရမှာ စိုးတာကြောင့် သတိပေး ပြောပြ လာတဲ့ စိုင်းစိုင်းခမ်းလိုင်

ပရိသတ်အချစ်တော် စိုင်းစိုင်းခမ်းလိုင် ကတော့ ဆယ်စုနှစ်(၂)ခုစာ အနုပညာလောကမှာ လျှောက်လှမ်းခဲ့ပြီး ပရိသတ် အချစ်တွေကိုလည်း ရရှိနေဆဲပါ။ လက်ရှိမှာလည်း အနုပညာ ဖန်တီးမှု အသစ်တွေနဲ့ ပရိသတ် တွေရဲက အချစ်ကို ရယူထားဆဲဖြစ်ပါတယ်။

ဒီနေ့မှာတော့ စိုင်းစိုင်းရဲ့နာမည်ကို အသုံးပြုထားတဲ့ Page အတုတစ်ခုနဲ့ ပတ်သက်ပြီး ပရိသတ်ကို ပြောပြလာပါတယ်။ စိုင်းစိုင်း ကတော့ သူ့ရဲ့ဖေ့ဘွတ်ခ် အကောင့်မှာ “Page အတုလုပ်ပါတယ်။ Video အဟောင်းတွေနဲ့ Live အတုလုပ်ပါတယ်။ ဘာလိမ်မလို့လဲ မသိပါဘူး။ ချစ်ပရိသတ်များ အလိမ်မခံရစေရန် အထူးသတိပြုရန်” ဆိုပြီးတော့ Page အတုရဲ့ပုံတွေနဲ့တကွ ဖော်ပြလာတာပါ။ အနုပညာရှင်တော်တော် များများကတော့ Page အတုတွေကြောင့် မကြာခဏဆိုသလို စိတ်ညစ်စရာတွေ ကြုံရတာလည်း ဖြစ်ပါတယ်။

စိုင်းစိုင်းကတော့ မြန်မာနိုင်ငံရဲ့ နာမည် အကျော်ကြားဆုံးသော အနုပညာရှင်တွေ ထဲက တစ်ယောက်ဖြစ် တာကြောင့်လည်း အခုလို Page အတုလုပ်ကာ အသုံးချတဲ့သူပေါ်လာတယ်လို့ ဆိုရမှာပါ။ စိုင်းစိုင်းကတော့ ပရိသတ်တွေကိုစိတ်ပူတာကြောင့် အသိပေးထား တာလည်း ဖြစ်ပါတယ်။

Credit:Cele Gabar

About the author

Ms Cele

Leave a Comment