Celebrity
Written by Ms Cele
Credit:Cele Zone
ပရိသတ်တွေ အံ့သြသွားအောင် လုပ်ပြလိုက်တဲ့ သူမရဲ့ အမိုက်စား ပုံလေးတွေကို ပြသလာတဲ့ သင်ဇာဝင့်ကျော်
အမိုက်စား ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ထားပြီး မိန်းကလေးချင်းတောင် ငေးမောအားကျနေရ သူလေးကတော့ သရုပ်ဆောင် မင်းသမီးချောလေး သင်ဇာဝင့်ကျော်ပဲ ဖြစ်ပါတယ်။ သူမဟာ ဆယ်စုနှစ် ေကျာ်တိုင်အောင် အနုပညာလောကမှာ အောင်မြင်မှုတွေများစွာ ရရှိပိုင်ဆိုင်ထားတဲ့ မင်းသမီးလေး တစ်လက်ဆိုရင်လည်း မမှားနိုင်ပါဘူးနော်။ ခေတ်ရှေ့ပြေးဖက်ရှင်တွေကို လိုက်ဖက်ညီအောင် ဝတ်ဆင်တတ်ပြီး ပွဲအခမ်းအနားများတွင်လည်း သူမ မပါရင် ပွဲမစည်လောက်အောင်ကို နာမည်ကြီးရေပန်းစားနေတဲ့ မင်းသမီးလေး တစ်လက်လည်း ဖြစ်ပါတယ်။
Gym လည်းပုံမှန်ဆော့သူလေးဖြစ်ပြီး သူမရဲ့ အလှတရားတွေပေါ်လွင်ပြီး ဆွဲဆောင်မှုအပြည့်နဲ့ ညို့အားပြင်းတဲ့ ပုံရိပ်တွေကို လှုမှုကွန်ယက်ဖေ့ဘွတ်ပေါ်တွင် ဖော်ပြလေ့ရှိကာရေပန်းစား လူကြိုက်များတာလည်းတွေ့ရပါတယ်။လတ်တလောမှာလည်း ယောင်္ကျားလေးတွေတောင်လုပ်ရန်မလွယ်ကူတဲ့ ခက်ခက်ခဲခဲအရာတွေကိုအလွယ်တူလုပ်ပြသွားတဲ့ ပုံရိပ်လေးတွေကိုဖော်ပြထားတာဖြစ်ပါတယ်။
ပုံတိုင်းက ဟာခနဲဟင်ခနဲဖြစ် သွားရလောက်အောင်ကို သင်ဇာတစ်ယောက် တော်လွန်းနေတာ လည်းဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း သင်ဇာက ပြီးပြည့်စုံနေတဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားတာပါ။ ပရိသတ်ကြီးလည်း သင်ဇာဝင့်ကျော်ရဲ့ အမိုက်စားပုံလေးတွေကို ကြည့်ရှုနိုင်စေရန် မျှဝေပေးလိုက်ပါတယ် ။သင်ဇာရဲ့ ရှေ့ဆက် အနုပညာလုပ်ငန်းတွေကိုလည်း ဆက်လက်အားပေးလိုက်ပါအုံးနော် ပရိသတ်ကြီး။
Credit:Cele Zone
Source:Thin Zar Wint Kyaw
About the author
Ms Cele
Leave a Comment