Celebrity


Written by Ms Cele





Credit:Swelsone News

ပိုက်ဆံ အထုပ် လိုက်ကြီးနဲ့ ကံထူးသူကို ရှာဖွေတော့မယ့် စမိုင်းလ်ရဲ့အမိုက်စား ကံစမ်းမဲ အစီ အစဉ်လေး

စမိုင်းလ် ကတော့ တစ်ခေတ်တစ်ခါက အောင်မြင် ခဲ့တဲ့ အနုပညာရှင် တစ်ယောက်ဖြစ်ပြီး ပါဝင်တဲ့ ဇာတ်ကားတိုင်းမှာ အကောင်းဆုံး သရုပ်ဆောင်နိုင်ခဲ့တဲ့ အနုပညာရှင် တစ်ယောက်ပဲ ဖြစ်ပါတယ်။ အနုပညာ အလုပ်တွေကို ဆက်လက်လုပ်ကိုင်လျက် ရှိနေခဲ့တဲ့ သူမကတော့ ကြည်နူးစရာ ကောင်းလွန်းတဲ့ မိသားစုဘဝလေးကို ဖန်တီး တည်ဆောက်ထားနိုင်သူလေးဖြစ်ပြီး ချစ်စရာကောင်းတဲ့ သမီးလေးနှစ်ယောက်ကို ပိုင်ဆိုင် ထားနိုင်ခဲ့တဲ့ အနုပညာရှင် တစ်ယောက်ပဲ ဖြစ်ပါတယ်။

သူမတို့ မိသားစုလေး ကတော့ အလှူအတန်းတွေမှာ လက်မနှေးဘဲ လှူတန်းတတ် တာကြောင့် ပရိသတ်တွေရဲ့ ချစ်ခင် အားပေးမှုကို အပြည့်အဝရရှိထားသူ တွေပဲဖြစ်ပါတယ်။ မကြာခဏဆိုသလို အလှူအတန်းတွေ ပရဟိတ လုပ်ငန်းတွေကိုလည်း ကိုယ်တိုင်လုပ်လေ့ရှိ သူလေးလည်းဖြစ်ပါတယ်။

သူမရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေ အပြင် အလှူတန်းပုံရိပ်လေးတွေကိုလည်း အမှတ်တရ အနေနဲ့ အမြဲဖော်ပြလေ့ရှိတာလည်း တွေ့ရပါတယ်။ အခုလည်း ငွေသားတွေ အထုတ်လိုက်ကိုင်ကာ အားလုံး အတွက် ကံစမ်းမဲဖောက်ပေးတော့မယ့် အကြောင်းလေးကို ပုံလေးတွေနဲ့အတူ “ကဲဘယ်လိုတွေကံစမ်းမဲလုပ်ပေးမယ်ဆိုတာပြောမယ် tonight live 9pm stay tuned” ဆိုတဲ့စာလေးနဲ့အတူဖော်ပြထားရာ မသိသေးတဲ့ ပရိသတ်တွေလည်း ကံစမ်းရအောင် မျှဝေပေးရင်း ဆုကြီးတွေပေါက်ပါစေ ဆုတောင်းပေး လိုက်ပါတယ်နော် ။

Credit:Swelsone News

About the author

Ms Cele

Leave a Comment