Celebrity

ပိုင္တံခြန္ကို ေထာင္(၇)ႏွစ္ ခ်လိုက္ၿပီဆိုတဲ့ သတင္းနဲ႕ပတ္သက္ၿပီး ျပန္လည္ေျဖရွင္းလိုက္တဲ့ ပိုင္တံခြန္ရဲ႕အစ္မ

Written by Ms Cele

ပိုင္တံခြန္ကို ေထာင္(၇)ႏွစ္ ခ်လိုက္ၿပီဆိုတဲ့ သတင္းနဲ႕ပတ္သက္ၿပီး ျပန္လည္ေျဖရွင္းလိုက္တဲ့ ပိုင္တံခြန္ရဲ႕အစ္မ

ပရိသတ္ႀကီးေရ ဒီေန႔ မွာေတာ့ သ႐ုပ္ေဆာင္ ပိုင္တံခြန္ကို ေထာင္ (၇) ႏွစ္ခ်လိုက္ၿပီဆိုတဲ့ သတင္းေတြ ထြက္ရွိ လာတာကို အားလုံးလည္း သိၾကမွာပါေနာ္။ ဒီသတင္းက ပရိသတ္ေတြၾကား အေတာ္ေလးကို ဂယက္႐ိုက္ခဲ့ၿပီး စိတ္မေကာင္းျဖစ္ခဲ့ၾကတာပါေနာ္။ ပိုင္တံခြန္ရဲ႕ အစ္မကေတာ့ ဒီသတင္းမဟုတ္မွန္ေၾကာင္း ျပန္ေျဖရွင္းလိုက္ပါၿပီေနာ္။

” မိသားစုဝင္ေတြ တင္တာက လြဲရင္ ဘာကိုမွ မယုံၾကပါနဲ႔ဗ်။ ျဖစ္ႏိုင္ရင္ေတာ့ သူနဲ႔ပတ္သက္ၿပီး ဘာဆိုဘာမွ မတင္ၾကပါနဲ႔ ေတာင္းဆိုပါတယ္။တစ္ခုခုဆို ဒီအေကာင့္ကေန ကြၽန္ေတာ္တင္ေပးမွာပါ။ မိသားစုဝင္ေတြ အတည္ျပဳေပးမွသာသတင္းေတြကို ယုံေစခ်င္ပါတယ္၊ share ေစခ်င္ပါတယ္ဗ်ာ ေတာင္းဆိုပါတယ္။ ေလွ်ာက္ေျပာ၊ ေလွ်ာက္မျဖန္႔ၾကပါနဲ႔🙏” လို႔ ေတာင္းဆိုေရးသားထားတာပါေနာ္။ ေထာင္အတြင္းမွာ ေနထိုင္ေနရတဲ့ ပိုင္တံခြန္ရဲ႕ ပုံရိပ္ေတြကိုလည္းျဖန႔္ေဝေနၾကတာကို ျမင္ေတြ႕ေနရၿပီး အခုလို လုပ္ရက္ေတြ မျပဳလုပ္ၾကဖို႔ ေတာင္းဆိုလိုက္ပါတယ္ေနာ္။

” ေက်းဇူးျပဳၿပီး ဘာပုံပဲ ရရ မတင္ပါနဲ႔မိသားစုကို အရင္လာေမးပါ လာျပပါတင္ထား သမွ်ေတြလည္း ဖ်က္ေပးပါေတာင္းပန္ပါတယ္🙏မိသားစုကို ဒီထက္ ပိုၿပီး အခက္ေတြ႕ေအာင္မလုပ္ပါနဲ႔ တကယ္ ‌ေတာင္းပန္ပါတယ္ကြၽန္ေတာ္ ဘယ္လိုမွအဆင္မေျပေတာ့လို႔ဒီစာကို တင္လိုက္ျခင္းပါေက်းဇူးတင္ပါတယ္ဗ်🙏” လို႔ ေတာင္းပန္ထားတာ ျဖစ္လို႔ တင္ထားသူမ်ားရွိရင္ ဖ်က္ေပးလိုက္ၾကပါဦးေနာ္။

Credit:CELELUCKY

ပိုင်တံခွန်ကို ထောင်(၇)နှစ် ချလိုက်ပြီဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး ပြန်လည်ဖြေရှင်းလိုက်တဲ့ ပိုင်တံခွန်ရဲ့အစ်မ

ပရိသတ်ကြီးရေ ဒီနေ့ မှာတော့ သရုပ်ဆောင် ပိုင်တံခွန်ကို ထောင် (၇) နှစ်ချလိုက်ပြီဆိုတဲ့ သတင်းတွေ ထွက်ရှိ လာတာကို အားလုံးလည်း သိကြမှာပါနော်။ ဒီသတင်းက ပရိသတ်တွေကြား အတော်လေးကို ဂယက်ရိုက်ခဲ့ပြီး စိတ်မကောင်းဖြစ်ခဲ့ကြတာပါနော်။ ပိုင်တံခွန်ရဲ့ အစ်မကတော့ ဒီသတင်းမဟုတ်မှန်ကြောင်း ပြန်ဖြေရှင်းလိုက်ပါပြီနော်။

” မိသားစုဝင်တွေ တင်တာက လွဲရင် ဘာကိုမှ မယုံကြပါနဲ့ဗျ။ ဖြစ်နိုင်ရင်တော့ သူနဲ့ပတ်သက်ပြီး ဘာဆိုဘာမှ မတင်ကြပါနဲ့ တောင်းဆိုပါတယ်။တစ်ခုခုဆို ဒီအကောင့်ကနေ ကျွန်တော်တင်ပေးမှာပါ။ မိသားစုဝင်တွေ အတည်ပြုပေးမှသာသတင်းတွေကို ယုံစေချင်ပါတယ်၊ share စေချင်ပါတယ်ဗျာ တောင်းဆိုပါတယ်။ လျှောက်ပြော၊ လျှောက်မဖြန့်ကြပါနဲ့🙏” လို့ တောင်းဆိုရေးသားထားတာပါနော်။ ထောင်အတွင်းမှာ နေထိုင်နေရတဲ့ ပိုင်တံခွန်ရဲ့ ပုံရိပ်တွေကိုလည်းဖြန့်ဝေနေကြတာကို မြင်တွေ့နေရပြီး အခုလို လုပ်ရက်တွေ မပြုလုပ်ကြဖို့ တောင်းဆိုလိုက်ပါတယ်နော်။

” ကျေးဇူးပြုပြီး ဘာပုံပဲ ရရ မတင်ပါနဲ့မိသားစုကို အရင်လာမေးပါ လာပြပါတင်ထား သမျှတွေလည်း ဖျက်ပေးပါတောင်းပန်ပါတယ်🙏မိသားစုကို ဒီထက် ပိုပြီး အခက်တွေ့အောင်မလုပ်ပါနဲ့ တကယ် ‌တောင်းပန်ပါတယ်ကျွန်တော် ဘယ်လိုမှအဆင်မပြေတော့လို့ဒီစာကို တင်လိုက်ခြင်းပါကျေးဇူးတင်ပါတယ်ဗျ🙏” လို့ တောင်းပန်ထားတာ ဖြစ်လို့ တင်ထားသူများရှိရင် ဖျက်ပေးလိုက်ကြပါဦးနော်။

Credit:CELELUCKY

About the author

Ms Cele

Leave a Comment