Celebrity


Written by Ms Cele





Source: Lulu Aung
Credit:Cele World

ပိုင်တံခွန်ရဲ့မွေးနေ့မှာ အမှတ်တရပုံရိပ်လေးတွေနဲ့အတူ မွေးနေ့ဆုတောင်းပေးလိုက်တဲ့ လုလုအောင်

လုလုအောင် ကတော့ ငယ်ရွယ်လှပပြီးကလေး တစ်ယောက်အမေလို့ မထင်ရလောက်အောင် ချောမောလှပသူလေး ဖြစ်ပါတယ်နော်.. သူမရဲ့ ဖေ့ဘုတ်မှာတင်လိုက်တဲ့ ပုံတွေ ကတော့ ပုရိသတွေရဲ့ အသည်းတွေကို လှုပ်ခါနိုင်စွမ်းရှိတဲ့ မော်ဒယ်တစ်ယောက်ပဲ ဖြစ်ပါတယ်နော်။

မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ လက်ရှိအခြေအနေတွေ မှာတော့ ဖမ်းဆီးခံ ထားရတဲ့ အနုပညာရှင်တွေလည်း မလွတ်မြောက်သေး ပါဘူးနော်.. တစ်နေ့ထက် တစ်နေ့ ဆိုးရွားလာတဲ့ အခြေအနေကြားမှာ ဖမ်းဆီးခံထားရတဲ့ ပြည်သူတွေနဲ့ အနုပညာရှင်တွေကိုလည်း ပရိသတ်တွေက လွမ်းနေပြီဖြစ်ပါတယ်နော်.. ဒီနေ့လေးကတော့ ပြည်သူချစ်မင်းသားတစ်ယောက်ဖြစ်တဲ့ ပိုင်တံခွန်ရဲ့ ၂၅ နှစ်မြောက်မွေးနေ့လေး ဖြစ်ပါတယ်။ အနုပညာမောင်နှမတွေ ကတော့ ပိုင်တံခွန်ရဲ့ မွေးနေ့လေးကို ဆုတောင်းပေး ထားကြပါသေးတယ်။

အဲဒီထဲမှာ ခေးကြီးလု လည်း အပါအဝင်ပါပဲနော်.. လုလုအောင်က ” ဟက်ပီးဘတ်ဒေးပါ မောင်လေးပိုင်ပိုင်ရေ 🎂🎉🎊🎈မောင်လေးနဲ့အတူ မတရားဖမ်းဆီးခံရတဲ့ သူတွေအားလုံးလည်း အမြန်ဆုံး လွှတ်မြောက်ဖို့ ခေးကြီးလု ဆုတောင်းပေးလိုက်ပါတယ် 🙏” ဆိုပြီးရေးသား လာခဲ့ပါတယ်နော်.. ပိုင်တံခွန်ကို ချစ်ကြတဲ့ ပရိသတ်ကြီးလည်း မွေးနေ့ ဆုတောင်းလေး ရေးပေးခဲ့ကြပါအူံးလို့..။ဖတ်ရှုပေးတဲ့ပရိသတ်ကြီးကို အထူးပဲကျေးဇူးတင်ပါတယ်နော်။

Source: Lulu Aung
Credit:Cele World

About the author

Ms Cele

Leave a Comment