Celebrity

ပုဒ္မ ၅၀၅(က) ဝရမ္းျပဳတ္သြားတဲ့ ညီမေလးအတြက္ ၀မ္းသာေပ်ာ္ရႊင္ေနေၾကာင္း ေျပာျပလာတဲ့ ႏွင္း၀တ္ရည္ေသာင္း

Written by Ms Cele

ပုဒ္မ ၅၀၅(က) ဝရမ္းျပဳတ္သြားတဲ့ ညီမေလးအတြက္ ၀မ္းသာေပ်ာ္ရႊင္ေနေၾကာင္း ေျပာျပလာတဲ့ ႏွင္း၀တ္ရည္ေသာင္း

မေအးေသာင္းလို႔ အမ်ားက ခ်စ္စနိုးေခၚၾကတဲ့ သ႐ုပ္ေဆာင္ မင္းသမီးေခ်ာ ေအးဝတ္ရည္ေသာင္း ကေတာ့ ေတာ္လွန္ေရး တိုက္ပြဲႀကီးမွာ ျပည္သူေတြ ဘက္က ရပ္တည္ခဲ့တာေၾကာင့္ ၅၀၅ က ျဖင့္ အမႈဖြင့္အေရးယူျခင္းခံထားရတဲ့ အႏုပညာရွင္ေတြထဲက တစ္ဦးလည္း ျဖစ္ပါတယ္..။ဇြန္လ(၂၉)ရက္ေန႔ညမွာေတာ့ ပုဒ္မ ၅၀၅ က ျဖင့္ အမႈဖြင့္တရားစြဲခံထားရတဲ့ အႏုပညာရွင္(၂၄)ေယာက္ကို အမႈျပန္လည္႐ုတ္သိမ္းေပးလိုက္တဲ့အေၾကာင္း စစ္ေကာင္စီရဲ့သတင္းဌာနေတြက ထုတ္ျပန္ေၾကညာခဲ့ၿပီး အဲ့ဒီအထဲမွာ မေအးေသာင္ းကလည္း ပါဝင္လာပါတယ္..။

​အဆိုပါ သတင္းေၾကာင့္ ကာယကံရွင္မိသားစုဝင္ေတြ အျပင္ ျပည္သူပရိသတ္ေတြ ကပါ ဝမ္းသာေနၾကၿပီး ညီမျဖစ္သူ မေအးေသာင္းအတြက္ ႏွင္းဝတ္ရည္ေသာင္း ကလည္း ဝမ္းသာေနရတဲ့အေၾကာင္း စာေလးေရးကာ ေျပာျပလာပါတယ္..။“I am so happy finally she is home . Home time baby. Home time .love you su ma 😍😘🌷💐..””Su maaaaaaa . Ma g is so happy 😘😍..” ဆိုၿပီး ညီမျဖစ္သူအတြက္ အေပ်ာ္ေလးေတြကို ေရးသားေျပာၿပ ထားတာ ျဖစ္ပါတယ္..။

ညီအစ္မသူံးေယာက္ ထဲက အငယ္ဆုံးေလးျဖစ္တဲ့ ဆြိဝတ္ရည္ေသာင္း ကလည္း အစ္မအတြက္ ဝမ္းသာသလို အားလုံး အတြက္လည္း ဝမ္းသာေနရတဲ့ အေၾကာင္းကို ေျပာျပထားပါေသးတယ္..။သူမတို႔ရဲ့ပို႔စ္ေအာက္မွာေတာ့ ပရိသတ္ေတြကလည္း မေအးေသာင္းနဲ႔ အတူ အမႈျပန္လည္ ႐ုတ္သိမ္းခံရတဲ့ အျခားအႏုပညာရွင္ေတြ အတြက္ ဝမ္းသာေနၾကတဲ့ အေၾကာင္းေတြကိုလည္း မွတ္ခ်က္ေတြ ေပးထားၾကတာ ေတြ႕ရပါတယ္..။

Crd : MM Load

ပုဒ်မ ၅၀၅(က) ဝရမ်းပြုတ်သွားတဲ့ ညီမလေးအတွက် ဝမ်းသာပျော်ရွှင်နေကြောင်း ပြောပြလာတဲ့ နှင်းဝတ်ရည်သောင်း

မအေးသောင်းလို့ အများက ချစ်စနိုးခေါ်ကြတဲ့ သရုပ်ဆောင် မင်းသမီးချော အေးဝတ်ရည်သောင်း ကတော့ တော်လှန်ရေး တိုက်ပွဲကြီးမှာ ပြည်သူတွေ ဘက်က ရပ်တည်ခဲ့တာကြောင့် ၅၀၅ က ဖြင့် အမှုဖွင့်အရေးယူခြင်းခံထားရတဲ့ အနုပညာရှင်တွေထဲက တစ်ဦးလည်း ဖြစ်ပါတယ်..။ဇွန်လ(၂၉)ရက်နေ့ညမှာတော့ ပုဒ်မ ၅၀၅ က ဖြင့် အမှုဖွင့်တရားစွဲခံထားရတဲ့ အနုပညာရှင်(၂၄)ယောက်ကို အမှုပြန်လည်ရုတ်သိမ်းပေးလိုက်တဲ့အကြောင်း စစ်ကောင်စီရဲ့သတင်းဌာနတွေက ထုတ်ပြန်ကြေညာခဲ့ပြီး အဲ့ဒီအထဲမှာ မအေးသောင် းကလည်း ပါဝင်လာပါတယ်..။

​အဆိုပါ သတင်းကြောင့် ကာယကံရှင်မိသားစုဝင်တွေ အပြင် ပြည်သူပရိသတ်တွေ ကပါ ဝမ်းသာနေကြပြီး ညီမဖြစ်သူ မအေးသောင်းအတွက် နှင်းဝတ်ရည်သောင်း ကလည်း ဝမ်းသာနေရတဲ့အကြောင်း စာလေးရေးကာ ပြောပြလာပါတယ်..။“I am so happy finally she is home . Home time baby. Home time .love you su ma 😍😘🌷💐..””Su maaaaaaa . Ma g is so happy 😘😍..” ဆိုပြီး ညီမဖြစ်သူအတွက် အပျော်လေးတွေကို ရေးသားပြောပြ ထားတာ ဖြစ်ပါတယ်..။

ညီအစ်မသူံးယောက် ထဲက အငယ်ဆုံးလေးဖြစ်တဲ့ ဆွိဝတ်ရည်သောင်း ကလည်း အစ်မအတွက် ဝမ်းသာသလို အားလုံး အတွက်လည်း ဝမ်းသာနေရတဲ့ အကြောင်းကို ပြောပြထားပါသေးတယ်..။သူမတို့ရဲ့ပို့စ်အောက်မှာတော့ ပရိသတ်တွေကလည်း မအေးသောင်းနဲ့ အတူ အမှုပြန်လည် ရုတ်သိမ်းခံရတဲ့ အခြားအနုပညာရှင်တွေ အတွက် ဝမ်းသာနေကြတဲ့ အကြောင်းတွေကိုလည်း မှတ်ချက်တွေ ပေးထားကြတာ တွေ့ရပါတယ်..။

Crd : MM Load

About the author

Ms Cele

Leave a Comment