Celebrity

ပုဒ္မ ၅၀၅-ကနဲ႔ ဝရမ္းထုတ္ တရားစြဲခံရတဲ့ အႏုပညာရွင္ေတြနဲ႔ ပက္သတ္ၿပီး လုံးဝကန႔္ကြက္ရႈံခ်ေၾကာင္း ေျပာလာတဲ့ ေဒါင္း

Written by Ms Cele

ပုဒ္မ ၅၀၅-ကနဲ႔ ဝရမ္းထုတ္ တရားစြဲခံရတဲ့ အႏုပညာရွင္ေတြနဲ႔ ပက္သတ္ၿပီး လုံးဝကန႔္ကြက္ရႈံခ်ေၾကာင္း ေျပာလာတဲ့ ေဒါင္း

သ႐ုပ္ေဆာင္ ေဒါင္းကေတာ့ လက္ရွိမွာ ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕မွာ ထိုင္းအႏုပညာရွင္ ေတြနဲ႔ အတူတူ From Chaeophara to Irrawaddy ဇာတ္ကားကို ႐ိုက္ကူးေနတာပဲ ျဖစ္ပါတယ္။ ႏိုင္ငံျခား အႏုပညာရွင္ ေတြနဲ႔ ႐ုပ္ရွင္႐ိုက္ေနရတဲ့ ေဒါင္းက လက္ရွိအခ်ိန္မွာ ျမန္မာႏိုင္ငံကို ျပန္မလာႏိုင္ေသးပဲ ျမန္မာ့ႏိုင္ငံေရးကို အေဝးကေနပဲ ေစာင့္ၾကည့္ေနတာပဲ ျဖစ္ပါတယ္။ ဒီကေန႔မွာေတာ့ ေဒါင္းက ပုဒ္မ ၅၀၅-က နဲ႔ ဝရမ္းထုတ္ တရားစြဲခံရတဲ့ အႏုပညာရွင္ေတြနဲ႔ ပက္သတ္ၿပီး လုံးဝကန႔္ကြက္ရႈံခ်လာေၾကာင္း ေျပာလာပါတယ္။

“ဒီလိုမ်ိဳး တရားဥပေဒမဲ့ လုပ္ခ်င္သလို လုပ္တာကို လုံးဝကန႔္ကြက္ရႈံ႕ခ်ပါတယ္ အႏုပညာသမားေတြ ဟာျပည္သူပဲ ၿငိမ္းခ်မ္းစြာ ဆႏၵျပတယ္ ျပည္သူေတြနဲ႔ အတူရပ္တည္တယ္ ဘာမွားသလဲ အႏုပညာသမားေတြ ဥပေဒမဲ့လုပ္ေနတာ မဟုတ္ပါဘူး ဒီမိုကေရစီအတြက္ လုပ္ေနတာပါ ႏိုင္ငံနဲ႔ျပည္သူအတြက္ ျပည္သူ႔တာဝန္ထမ္းေဆာင္ေနတာပါ။ကြၽန္ေတာ္တို႔ဟာ ျပည္သူေတြပါ။ ကြၽန္ေတာ္တို႔လိုက္နာစရာမလိုသလို ဘယ္သူ႔ကိုမွလဲ အဖမ္းခံရတာ မျဖစ္ေစခ်င္ဘူး ဖမ္းထားတဲ့သူေတြကိုလဲ အျမန္ဆုံးျပန္လႊတ္ေစခ်င္တယ္” ဆိုၿပီး သူ႔ရဲ႕ ေဖ့စ္ဘုတ္စာမ်က္ႏွာကေန ေျပာလာပါတယ္။

ေဒါင္းကေတာ့ ျပည္သူနဲ႔အတူရပ္တည္ၿပီး ၿငိမ္းခ်မ္းစြာဆႏၵျပတဲ့ အႏုပညာရွင္ေတြကို တရားဥပေဒမဲ့ လုပ္ခ်င္သလိုလုပ္တာမ်ိဳး ကန႔္ကြက္ရႈံ႕ခ်ေၾကာင္း ျပတ္သားစြာ ေျပာလာတာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံး သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုကၸါတယ္ေနာ္။

Source: DAUNG – ေဒါင္း’s fb
Credit:Cele Connections

ပုဒ်မ ၅၀၅-ကနဲ့ ဝရမ်းထုတ် တရားစွဲခံရတဲ့ အနုပညာရှင်တွေနဲ့ ပက်သတ်ပြီး လုံးဝကန့်ကွက်ရှုံချကြောင်း ပြောလာတဲ့ ဒေါင်း

သရုပ်ဆောင် ဒေါင်းကတော့ လက်ရှိမှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ထိုင်းအနုပညာရှင် တွေနဲ့ အတူတူ From Chaeophara to Irrawaddy ဇာတ်ကားကို ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။ နိုင်ငံခြား အနုပညာရှင် တွေနဲ့ ရုပ်ရှင်ရိုက်နေရတဲ့ ဒေါင်းက လက်ရှိအချိန်မှာ မြန်မာနိုင်ငံကို ပြန်မလာနိုင်သေးပဲ မြန်မာ့နိုင်ငံရေးကို အဝေးကနေပဲ စောင့်ကြည့်နေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ဒေါင်းက ပုဒ်မ ၅၀၅-က နဲ့ ဝရမ်းထုတ် တရားစွဲခံရတဲ့ အနုပညာရှင်တွေနဲ့ ပက်သတ်ပြီး လုံးဝကန့်ကွက်ရှုံချလာကြောင်း ပြောလာပါတယ်။

“ဒီလိုမျိုး တရားဥပဒေမဲ့ လုပ်ချင်သလို လုပ်တာကို လုံးဝကန့်ကွက်ရှုံ့ချပါတယ် အနုပညာသမားတွေ ဟာပြည်သူပဲ ငြိမ်းချမ်းစွာ ဆန္ဒပြတယ် ပြည်သူတွေနဲ့ အတူရပ်တည်တယ် ဘာမှားသလဲ အနုပညာသမားတွေ ဥပဒေမဲ့လုပ်နေတာ မဟုတ်ပါဘူး ဒီမိုကရေစီအတွက် လုပ်နေတာပါ နိုင်ငံနဲ့ပြည်သူအတွက် ပြည်သူ့တာဝန်ထမ်းဆောင်နေတာပါ။ကျွန်တော်တို့ဟာ ပြည်သူတွေပါ။ ကျွန်တော်တို့လိုက်နာစရာမလိုသလို ဘယ်သူ့ကိုမှလဲ အဖမ်းခံရတာ မဖြစ်စေချင်ဘူး ဖမ်းထားတဲ့သူတွေကိုလဲ အမြန်ဆုံးပြန်လွှတ်စေချင်တယ်” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ ပြောလာပါတယ်။

ဒေါင်းကတော့ ပြည်သူနဲ့အတူရပ်တည်ပြီး ငြိမ်းချမ်းစွာဆန္ဒပြတဲ့ အနုပညာရှင်တွေကို တရားဥပဒေမဲ့ လုပ်ချင်သလိုလုပ်တာမျိုး ကန့်ကွက်ရှုံ့ချကြောင်း ပြတ်သားစွာ ပြောလာတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက္ပါတယ်နော်။

Source: DAUNG – ဒေါင်း’s fb
Credit:Cele Connections

About the author

Ms Cele

Leave a Comment