Celebrity

ပျော်စရာကောင်းတဲ့ ရိုက်ကွင်းတစ်ခုကို ချပြလာတဲ့ မင်းဘုန်းမြတ်

Written by Ms Cele

ပျော်စရာကောင်းတဲ့ ရိုက်ကွင်းတစ်ခုကို ချပြလာတဲ့ မင်းဘုန်းမြတ်





ပေျာ်စရာကောင်းတဲ့ ရိုက်ကွင်းတစ်ခုကို ချပြလာတဲ့ မင်းဘုန်းမြတ်

ပြီးခဲ့တဲ့ လအတွင်း က MRTV-4 ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသ ခဲ့တဲ့ “မာယာလှည့်ကွက်” ဇာတ်လမ်းတွဲ ကတော့ ဇာတ်လမ်းဇာတ်ကွက် တွေမျိုးစုံနဲ့ ပရီသတ် aတွရဲ့ အားပေးမှုကို တစ်ရှိန်ထိုးရရှိ ခဲ့တာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းလေး ကလည်း ကောင်းမွန်သလို ပါဝင်ကြတဲ့ သရုပ်ဆောင် တွေကလည်း အပိုအလို မရှိသရုပ်ဆောင်တာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိခဲ့တာပဲ ဖြစ်ပါ တယ်။ အထူးသဖြင့် အဓိက သရုပ်ဆောင်ဖြစ်တဲ့ မင်းဘုန်းမြတ်နဲ့ ပိုးကြာဖြူခင် ကလည်း ပရိသတ်တွေရဲ့ အားပေးမှုတွေနဲ့အတူတူ ဇာတ်လမ်းတွဲပြီးချိန်မှာလည်း အနုပညာလှုပ်ရှားမှုတွေကို အတူတူတကွ လုပ်ကိုင်လာရတာပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာလည်း ပိုးကြာဖြူခင်နဲ့ မင်းဘုန်းမြတ်တို့ အနုပညာ မောင်နှစ်မနှစ်ယောက်က ကျေးရွာတောလက်တစ်နေရာမှာ ကြော်ငြာလေးတစ်ခုကို အတူတူရိုက်ကူးခဲ့ကြတာကို တွေ့ရ ပါတယ်။ ပိုးကြာဖြူခင်တို့ သားအမိနှစ်ယောက်နဲ့တင် ပျော်စရာကောင်းခဲ့တဲ့ ကျေးလက်တောရွာက ရိုက်ကွင်းအမှတ်တရလေးကို ချပြလာတာကို အခုလိုပဲ တွေ့ရပါတယ်။

ပိုးကြာဖြူခင်ရဲ့ မမေကတော့ ပိုးကြာဖြူခင် ရဲ့ ရှုတင်တိုင်းကို လိုက်ပါစောင့်ရှောက်လေ့ရှိတာမို့ သရုပ်ဆောင် တွေတိုင်းက သူ့ရဲ့ သားသမီးတွေလို ဖြစ်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ပိုးကြာဖြူခင် တို့ရဲ့ ဗီဒီယိုလေးကို ကြည့်ပြီး အပျော်တွေ ကူးစက်သွားမယ် ထင်ပါ တယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment