Celebrity

ပဲခူးသားတစ္ေယာက္ျဖစ္ေပမယ့္ ကိုယ့္ၿမိဳ႕ေလးအတြက္ ဘာမွလုပ္မေပးႏိုင္လို႕ ၀မ္းနည္းေၾကကြဲေနတဲ့ တိုင္ရြန္

Written by Ms Cele

ပဲခူးသားတစ္ေယာက္ျဖစ္ေပမယ့္ ကိုယ့္ၿမိဳ႕ေလးအတြက္ ဘာမွလုပ္မေပးႏိုင္လို႕ ၀မ္းနည္းေၾကကြဲေနတဲ့ တိုင္ရြန္

ပရိတ္သတ္ႀကီးေရ…အႏုပညာ ေလာကမွာ ပရိသတ္ အခိုင္အမာနဲ႔ ေအာင္ျမင္မႈေတြ ရရွိထားတဲ့ ျပည္သူခ်စ္ သ႐ုပ္ေဆာင္ ေမာ္လ္ဒယ္ မင္းသားေခ်ာ တိုင္ရြန္ကေတာ့ လက္ရွိျဖစ္ေပၚေနတဲ့ အေျခအေနေတြနဲ႔ ပတ္သက္ႀကီး ျပည္သူေတြ နဲ႔အတူ ရပ္တည္ေနသူပဲ ျဖစ္ပါတယ္..။ေဖေဖာ္ဝါရီလ အစပိုင္းကတည္းက လမ္းေပၚထြက္ လႈပ္ရွားမႈေတြမွာ ရဲရင့္စြာပါဝင္ေနၿပီး လိုအပ္ေနတဲ့ ျပည္သူေတြ အတြက္လည္း တတ္နိုင္သေလာက္ ေဖးမကူညီလႉဒါန္းေနတဲ့ တိုင္ရြန္ ကေတာ့ က်ဆုံးသြားတဲ့သူရဲေကာင္းျပည္သူေတြအတြက္ စိတ္ထိခိုက္ ခံစားေနရတာလည္း ေတြ႕ရပါတယ္..။

ေဖေဖာ္ဝါရီလ (၉)ရက္ေန႔ တစ္ရက္တည္းနဲ႔တင္ ေသဆုံးသူ (၆၀) ေက်ာ္နဲ႔ ဖမ္းဆီးခံရသူ ၁၀၀ ေက်ာ္ၿပီး အထိအခိုက္ အက်ဆုံးမ်ားခဲ့တဲ့ ပဲခူးက သူရဲေကာင္းျပည္သူေတြ အတြက္ ပဲခူးသားတစ္ေယာက္အေနနဲ႔ ယူၾကဳံးမရဝမ္းနည္း ရသလို သူငယ္ခ်င္းျဖစ္သူ ပိုင္တံခြန္အတြက္လည္း စိတ္မေကာင္းျဖစ္ရတဲ့ အေၾကာင္းေတြကို တိုင္ရြန္က ေျပာၿပ လာပါတယ္..။

“ပဲခူးၿမိဳ႕က အမ်ိဳးေတြ အားတင္းထားပါဗ်ာ ဒီထက္ပိုၿပီး ေျပာစရာစကားမရွိ နာက်င္ရပါတယ္ ….. 🙏ပဲခူးသား တစ္ေယာက္အေနနဲ႔ ဘာမွ မလုပ္ေပးနိုင္တာေတာင္းပန္ပါတယ္ …..ကၽြန္ေနာ့္ၿမိဳ႕ေလးပါ ေအးေအး ခ်မ္းခ်မ္းေနတဲ့ ၿမိဳ႕ေလးပါ အရမ္းမလုပ္ၾကပါနဲ႔ ေတာင္းပန္ပါတယ္ဗ်ာ 🙏..” ဆိုၿပီး ဘာမွမလုပ္ေပးနိုင္လို႔ ယူၾကဳံးမရျဖစ္ရတဲ့အေၾကာင္းကို ဝမ္းနည္းစြာေျပာျပထားတာပါ..။“သူငယ္ခ်င္းေရ မင္းအဆင္မေျပမွန္း သိေပမဲ့ အဆင္ေျပပါေစဆုေတာင္းေပး႐ုံကလြဲလို႔ ဘာမွမတတ္နိုင္ခဲ့ဘူးကြာ သူေတာ္ေကာင္းနတ္ေကာင္းမပါေစကြာ 🙏

ျပည္သူေတြပို႔သတဲ့ ေမတၱာနဲ႔ မင္းအျမန္ဆုံး လြတ္ေျမာက္ပါေစ..”ဆိုၿပီးေတာ့လည္း သူငယ္ခ်င္းျဖစ္သူပိုင္တံခြန္ အတြက္ စိတ္မေကာင္းျဖစ္ေနရတာေတြ ကိုလည္း ေျပာျပထား ပါေသးတယ္..။ပရိသတ္ေတြအားလုံး ကလည္း ပိုင္တံခြန္နဲ႔ အျခားေသာ အႏုပညာရွင္ေတြ အျပင္ ဖမ္းဆီးခံထားရတဲ့ ျပည္သူေတြအားလုံး အတြက္ ဆုေတာင္းေပးေနၾကတာလည္း ေတြ႕ရပါတယ္..။ဖတ္ရႈေပးတဲ့ ပရိတ္သတ္ႀကီးကို အထူးပဲေက်းဇူးတင္ရွိပါတယ္ေနာ္…။

Photo Credit – Tyron Bejay’s Fb Acc
Credit

ပဲခူးသားတစ်ယောက်ဖြစ်ပေမယ့် ကိုယ့်မြို့လေးအတွက် ဘာမှလုပ်မပေးနိုင်လို့ ဝမ်းနည်းကြေကွဲနေတဲ့ တိုင်ရွန်

ပရိတ်သတ်ကြီးရေ…အနုပညာ လောကမှာ ပရိသတ် အခိုင်အမာနဲ့ အောင်မြင်မှုတွေ ရရှိထားတဲ့ ပြည်သူချစ် သရုပ်ဆောင် မော်လ်ဒယ် မင်းသားချော တိုင်ရွန်ကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ကြီး ပြည်သူတွေ နဲ့အတူ ရပ်တည်နေသူပဲ ဖြစ်ပါတယ်..။ဖေဖော်ဝါရီလ အစပိုင်းကတည်းက လမ်းပေါ်ထွက် လှုပ်ရှားမှုတွေမှာ ရဲရင့်စွာပါဝင်နေပြီး လိုအပ်နေတဲ့ ပြည်သူတွေ အတွက်လည်း တတ်နိုင်သလောက် ဖေးမကူညီလှူဒါန်းနေတဲ့ တိုင်ရွန် ကတော့ ကျဆုံးသွားတဲ့သူရဲကောင်းပြည်သူတွေအတွက် စိတ်ထိခိုက် ခံစားနေရတာလည်း တွေ့ရပါတယ်..။

ဖေဖော်ဝါရီလ (၉)ရက်နေ့ တစ်ရက်တည်းနဲ့တင် သေဆုံးသူ (၆၀) ကျော်နဲ့ ဖမ်းဆီးခံရသူ ၁၀၀ ကျော်ပြီး အထိအခိုက် အကျဆုံးများခဲ့တဲ့ ပဲခူးက သူရဲကောင်းပြည်သူတွေ အတွက် ပဲခူးသားတစ်ယောက်အနေနဲ့ ယူကြုံးမရဝမ်းနည်း ရသလို သူငယ်ချင်းဖြစ်သူ ပိုင်တံခွန်အတွက်လည်း စိတ်မကောင်းဖြစ်ရတဲ့ အကြောင်းတွေကို တိုင်ရွန်က ပြောပြ လာပါတယ်..။

“ပဲခူးမြို့က အမျိုးတွေ အားတင်းထားပါဗျာ ဒီထက်ပိုပြီး ပြောစရာစကားမရှိ နာကျင်ရပါတယ် ….. 🙏ပဲခူးသား တစ်ယောက်အနေနဲ့ ဘာမှ မလုပ်ပေးနိုင်တာတောင်းပန်ပါတယ် …..ကျွန်နော့်မြို့လေးပါ အေးအေး ချမ်းချမ်းနေတဲ့ မြို့လေးပါ အရမ်းမလုပ်ကြပါနဲ့ တောင်းပန်ပါတယ်ဗျာ 🙏..” ဆိုပြီး ဘာမှမလုပ်ပေးနိုင်လို့ ယူကြုံးမရဖြစ်ရတဲ့အကြောင်းကို ဝမ်းနည်းစွာပြောပြထားတာပါ..။“သူငယ်ချင်းရေ မင်းအဆင်မပြေမှန်း သိပေမဲ့ အဆင်ပြေပါစေဆုတောင်းပေးရုံကလွဲလို့ ဘာမှမတတ်နိုင်ခဲ့ဘူးကွာ သူတော်ကောင်းနတ်ကောင်းမပါစေကွာ 🙏

ပြည်သူတွေပို့သတဲ့ မေတ္တာနဲ့ မင်းအမြန်ဆုံး လွတ်မြောက်ပါစေ..”ဆိုပြီးတော့လည်း သူငယ်ချင်းဖြစ်သူပိုင်တံခွန် အတွက် စိတ်မကောင်းဖြစ်နေရတာတွေ ကိုလည်း ပြောပြထား ပါသေးတယ်..။ပရိသတ်တွေအားလုံး ကလည်း ပိုင်တံခွန်နဲ့ အခြားသော အနုပညာရှင်တွေ အပြင် ဖမ်းဆီးခံထားရတဲ့ ပြည်သူတွေအားလုံး အတွက် ဆုတောင်းပေးနေကြတာလည်း တွေ့ရပါတယ်..။ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲကျေးဇူးတင်ရှိပါတယ်နော်…။

Photo Credit – Tyron Bejay’s Fb Acc
Credit

About the author

Ms Cele

Leave a Comment