Celebrity


Written by Ms Cele





Source : Tik Tok
Credit:Cele Gabar

ပျိုမေတို့ရဲ့ အသဲကျော်Project-K အဖွဲ့ရဲ့ ဆော်နဲ့ပြတ်သွားပြီဆိုတဲ့ သီချင်းလေးကို အပီအပြင် သရုပ်ဆောင်ခဲ့ကြတဲ့ ဟာသလူရွှင်တော်တွေရဲ့ Tik Tok လေး

လတ်တလောကမှ ပရိသတ်တွေ အကြိုက်တွေ့နေကြတဲ့ ဆယ်ကျော်သက် ပရိသတ်တွေရဲ့အသည်းစွဲ Project-K အဖွဲ့ရဲ့ ဆော်နဲ ့ပြတ်သွားပြီဆိုတဲ့ သီချင်းလေး ကတော့ လူမှုကွန်ရက် စာမျက်နှာထက်မှာ ရေပန်းစားနေတာပါ ပရိသတ်ကြီးရေ ..။ ဒီသီချင်းလေးကို ဟဲလေးကရေးသားပေးထားပြီး Music Video လေးကလည်း ပရိသတ်တွေ အတော်လေးအကြိုက်တွေ့နေကြတာပါ ။

ဒီသီချင်းလေး ကတော့ tik tok မှာလည်းအတော်လေးရေပန်းစားနေပြီး နာမည်ကြီးဟာသ လူရွှင်တော်တွေ ကလည်း ဆော်နဲ့ပြတ်သွားပြီဆိုတဲ့ သီချင်းလေးနဲ့ အမိုက်စား tik tok လေးဆော့ခဲ့ကြပါတယ် ။ ပရိသတ်တွေကို အမြဲတမ်း ရယ်မောပျော်ရွှင်စေတဲ့ လူရွှင်တော်တွေက အမိုက်စား သရုပ်ဆောင်ထားတဲ့ ဒီ tik tok လေးကိုတော့ ပရိသတ်တွေက အရမ်းကို သဘောကျနေကြပြီး tik tokမှာလည်း အားပေးသူ ပရိသတ်တွေ များပြားလျက် ရှိတာတွေ့ရပါတယ် ။

ကိုရီးယား မင်းသားလေးတွေလို ရုပ်ရည်ချောမောလွန်းတဲ့ လူငယ်အဖွဲ့ Project-K အဖွဲ့ရဲ့ သီချင်းလေးကို နာမည်ကြီး လူရွှင်တော်တွေက tik tok ဆော့ထားတဲ့အတွက်လည်း ပရိသတ်တွေ အတွက် ထူးထူးခြားခြားလေးဖြစ်နေတာပါ။ပရိသတ်ကြီး အတွက်လည်း ဟာသ လူရွှင်တော်ကြီးတွေရဲ့ အမိုက်စား tik tok လေးကို ပြန်လည်မျှဝေပေး လိုက်ပါတယ်နော် ။

Source : Tik Tok
Credit:Cele Gabar

About the author

Ms Cele

Leave a Comment