Celebrity


Written by Ms Cele






ပွဲတော်တွေ ဆက်တိုက် ဖြစ်နေလို့ ကျန်းမာရေး ဝန်ထမ်းတွေ အလုပ် ပိုရှုပ်တော့မယ့် အကြောင်းကို ပြောလာတဲ့ ချစ်သုဝေ

နိုင်ငံကျော် သရုပ်ဆောင်နှင့် အဆိုတော် လင်းလင်းနဲ့ ချစ်သုဝေ တို့ မောင်နှံနှစ်ဦးက အားပေးသူပရိသတ်အခိုင်အမာနဲ့ အချိန်ကြာကြာ ရပ်တည်နေနိုင်တဲ့ အနုပညာရှင် တွေပဲ ဖြစ်ကြပါတယ်။ လင်းလင်းနဲ့ ချစ်သုဝေတို့ မောင်နှံနှစ်ဦး ကတော့ သူတို့ချစ်တဲ့ အနုပညာ လုပ်ငန်းတွေကို လုပ်ကိုင်နေရင်း တစ်ဖက်မှာလည်း အများသူငါ အကျိုးရှိစေမယ့် ပရဟိတအလုပ်တွေကို လုပ်ကိုင်နေလျက် ရှိပါတယ်။ လက်ရှိမှာလည်း ဇနီးမောင်နှံ နှစ်ယောက်စလုံးက ခေတ်သစ်ဖောင်ဒေးရှင်းနဲ့ အတူတူ အလှူရှင်တွေနဲ့ စုပေါင်းပြီး ကိုဗစ်တိုက်ဖျက်ရေး အတွက် လုပ်ငန်းစဉ်တွေကို တက်တက်ကြွကြွပါဝင် လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ပွဲလမ်းသဘင် အခမ်းအနားတွေ ဆက်တိုက်ဖြစ်လာပြီး ပြည်သူတွေ ကလည်း ရောဂါကိုမကြောက်တော့တာနဲ့ ပက်သတ်ပြီး ချစ်သုဝေကလည်း “ပွဲတော်တွေက ဆက်တိုက်ဆိုတော့ရင်တွေ ပူလာလို့ …အဲ..ဟုတ်ပါဘူး..ကျန်းမာရေးဝန်ထမ်းတွေလည်း တအားတွေ ဆက်လုပ်ကြရမယ် အလှူလုပ်ဝိုင်းကူသူတွေလည်း မမောမပမ်း ဆက်ကူကြရတော့မယ်.. ကုသိုလ်ရေးတွေကို တွေးပြီး ပျော် လာလို့..ရေခဲမုန့် လုပ်စားပစ်လိုက်တယ်။ ဒီတခါစမ်းသပ် လုပ်လိုက်တာကတော့ BLUEBERRY YOGURT icecreamပါ😎” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ ပြောလာပါတယ်။

ချစ်သုဝေကတော့ ပွဲတော်တွေက ကျန်းမာရေး ဝန်ထမ်းတွေ အလုပ်တွေ ပိုရှုပ်တော့မှာမို့ အလှူရှင် တွေလည်း ပိုပြီးကုသိုလ် ရတော့ မယ်ဆိုပြီး ခနဲ့တဲ့တဲ့ပြော လာတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အချိန်ခဏလေး အတွင်းမှာ သည်းခံပြီး အိမ်ထဲမှာ သာနေကြပါနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment