Local News
Written by Ms Cele
One News Myanmar
ပွဲတော် ရာသီ မှာ ကိုဗစ် ကူးစက် မှု သတိ ထား ကြဖို ့ အိ န္ဒိယ ဝန်ကြီးချုပ် မှ တိုက် တွန်း
မကြာခင်ရောက် လာတော့မယ့် ပွဲတော် ရာသီမှာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုကို အထူးသတိ ထားကြဖို့ အိန္ဒိယဝန်ကြီးချုပ် မိုဒီက နိုင်ငံသား တွေကို တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။ ဒီနေ့ ရုပ်-သံ ကနေ နိုင်ငံကို မိန့်ခွန်းပြောရာမှာ လူထုအနေနဲ့ ဗိုင်းရပ်စ် သတိထားကားကွယ်ရေး ဆက်လုပ်ဖို့၊ လူချင်းခပ်ခွာခွာနေတာကိုဆက်လုပ်ဖို့၊ အထူးသဖြင့် ပွဲတော်ကာလမှာ လူချင်းခပ်ခွာခွာနေရေးကို သတိထားဖို့ ဝန်ကြီးချုပ်က တိုက်တွန် းသွား ပါတယ်။
“ခင်ဗျားနဲ့ ခင်ဗျားမိသားစုကို ကျန်းမာစွာ တွေ့ ချင်ပါတယ်” လို့ မိုဒီကပြောပါတယ်။ ဒါ့အပြင် အိန္ဒိယ အစိုးရအနေနဲ့ ကိုဗစ်ကာကွယ် ဆေးရလာတဲ့အခါ နိုင်ငံသားတိုင်း ရရှိအောင် ခွဲဝေပေးသွားဖို့ စီစဉ်ထားတယ် လို့လည်း သူကပြောပါတယ်။ ကိုဗစ်ကြောင့် ရပ်တန့် နေတဲ့ စီးပွားရေးလုပ်ငန်းတွေကို ပွဲတော်ရာသီ မတိုင်မီ တဖြေးဖြေးချင်း ပြန်ဖွင့်ပေးနေ ပါတယ်။ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေကတော့ ဒီလနှောင်းပိုင်းနဲ့ နိဝင်ဘာထဲ ဆက်တိုက်လာ တော့မယ့် ပွဲတော်ရာသီမှာ လူတွေ တိုးဝှေ့တဲ့အ ထိများပြားနိုင်တာကြောင့် ဗိုင်းရပ်စ် ကူးစက်မှု တခါထပ်တိုးလာမှာကို စိုးရိမ်နေပါတယ်။
ပွဲတော်ထဲ ရောက်ရင် လူတွေဟာ နှာခေါင်းစည်းမတပ်တာ၊ လူချင်း ခပ်ခွာခွာ နေလေ့မရှိတာ တွေေြ ကာင့် အခုလို စိုးရိမ်နေတာလို့ ဆိုပါတယ်။ ဒါအပြင် ရာသီဥတု ကလည်း နည်းနည်း ပိုအေးလာမှာ မို့ ကူးစက်မှုကို ပိုဖြစ်စေနိုင်ပါတယ်။ ပြီးခဲ့တဲ့လ အတွင်း အိန္ဒိယမှာ ဗိုင်းရပ်စ် စစ်ဆေးမှု ဆက်တိုက်လုပ်ခဲ့ပြီး လူပေါင်း ၇.၆ သန်း ရောဂါပိုးတွေ့ရှိခဲ့တဲ့ အတွက် အမေရိကန်ပြီးရင် ဒုတိယ အများဆုံး ဗိုင်းရပ်စ်ကူးစက်မှု ရှိတဲ့ နိုင်ငံဖြစ်လာပါတယ်။ ဒီနေ့ အင်္ဂါနေ့မှာ ပိုးတွေ့လူနာ 46,000 သာရှိတဲ့ အတွက် ဒါဟာ လွန်ခဲ့တဲ့ ၃ လတာအတွင်း အန ည်းဆုံးဖြစ်တယ်လို့ သိရပါ တယ်။
One News Myanmar
About the author
Ms Cele
Leave a Comment