Celebrity


Written by Ms Cele





Credit:Cele Zone

ဖက်ရှင်အလန်းတွေကို အထာကျကျ ဝတ်ဆင်ကာ အမိုက်စား ဂေါ်ထွက်နေတဲ့ နေခြည်ဦး

နေခြည်ဦး ကတော့ အောင်မြင်လျက် ရှိနေတဲ့ ထိပ်တန်းသရုပ်ဆောင် တွေထဲမှာ တစ်ယောက် အပါအဝင်ဖြစ်ပြီး ရုပ်ရှင် ဇာတ်ကားကြီးတွေကို ရိုက်ကူးလျက် ရှိနေတဲ့ အနုပညာရှင် တစ်ယောက်ဖြစ်ပါတယ်။သရုပ်ဆောင် အလုပ်တွေကိုလည်း လုပ်ကိုင်လျက်ရှိနေသလို beauty bloggerအဖြစ်လည်း ရပ်တည် နေတဲ့ သူမကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှု ကိုလည်း အခိုင်အမာ ရယူထားနိုင်သူ တစ်ယောက်ဖြစ်ပါတယ်။

ဖက်ရှင်ပိုင်းမှာ ဆိုရင်လည်း အမြဲအသစ်သစ်တွေနဲ့ ခေါင်းအစခြေအဆုံး မရိုးနိုင်အောင်လန်း နေတာကြောင့် မိန်းကလေးအများစု အားကျ နှစ်သက်နေရသူလေးလည်း ဖြစ်ပါတယ်။ချီချီက ငယ်ငယ်ရွယ်ရွယ်နဲ့ အလုပ် တွေကို ဦးစီး လုပ်ဆောင်နိုင်သူလေး ဖြစ်သလို အမြဲပျော်ပျော်ရွှင်ရွှင်နေတတ် သူလည်းဖြစ်ပါတယ်။

ဖက်ရှင်နဲ့ပတ်သက် လာရင်လည်း အမြဲအသစ်သစ် တွေထွင်ကာ ဖန်တီးဝတ်ဆင် တတ်ရာ အခုလည်း ခေတ်ရှေ့ပြေးတဲ့ ဖက်ရှင်လေးတွေကို ဆင်မြန်းကာ အထာ ကျကျ ပို့စ်တွေပေးရင်း မိမိုက်လွန်းနေတဲ့ ပုံလေးတွေကိုဖော်ပြထားခဲ့ပါတယ် ။ ပုံလေးတွေ တိုင်းက လန်းလွန်းနေတာကြောင့် ပရိသတ် ကြီးလည်း နေခြည်ဦးရဲ့ ဖက်ရှင်ပုံလေးတွေကို ကြည့်ရှုနိုင် စေရန် မျှဝေပေး လိုက်ပါတယ်။

Credit:Cele Zone

About the author

Ms Cele

Leave a Comment