Celebrity


Written by Ms Cele





Credit

ဖခင်ကွယ်လွန်တဲ့သတင်းကို ကြားပြီးနောက် သူမရဲ့ရင်တွင်းခံစားချက်လေးတစ်ခုကို ရေးသားဖော်ပြလာတဲ့ ဖွေးဖွေး

ပရိသတ်ကြီးရေ ထပ်ဆင့်အကယ်ဒမီ ရုပ်ရှင်မင်းသမီး ဖွေးဖွေးကိုတော့ အထူးအထွေ မိတ်ဆက် ပေးစရာမလိုအောင် ချစ်ခင်ရင်းနှီးပြီးသား ဖြစ်မယ်ထင်ပါတယ်..။ ဖွေးဖွေး ကတော့အနုပညာမှာ တမူထူးခြားမှုတွေနဲ့အတူ ပရိသတ်တွေရဲ့ချစ်ခင် အားပေးမှုတွေကို ရရှိထားသူပဲဖြစ်ပါတယ်နော်..။

ဖွေးဖွေးက နိုင်ငံရေး ပါဝင် လှုပ်ရှားမှုတွေမှာ တက်ကြွစွာ ပါဝင်ခဲ့သူ ဖြစ်ပြီး ၅၀၅ (က) နဲ့ဝရမ်းထုတ်ခံ ရတာကြောင့် ထွက်ပြေးတိမ်းရှောင်နေရတာပါ..။ မိသားစုနဲ့ ဝေးရာမှာ ရောက်ရှိ နေရချိန် ဖွေးဖွေးရဲ့ အချစ်ဆုံး မိသားစုဝင်ဖြစ်တဲ့ အဖွားရဲ့ နာရေး သတင်းကစလို့ သြဂုတ်လ(၁၉) ရက် နေ့မှာလည်း ဖခင်ဖြစ်သူရဲ့နာရေး သတင်းဟာ ဖွေးဖွေး အတွက် စိတ်ထိခိုက်ဖွယ် ဖြစ်စေမယ် ဆိုတာ အသေအချာပါပဲနော်..။

ဖခင်ဖြစ်သူရဲ့ သတင်းကြား ပြီးနောက်မှာတော့ ဖွေးဖွေးက “My life will never be the same again. ” ဆိုပြီး သူမရဲ့ လူမှုကွန်ယက် စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။သူမရဲ ဘဝက အရင်လိုမျိုး ထပ်တူညီတာမျိုး မရှိတော့ဘူး လို့ ဝမ်းနည်းစွာ ရေးတင်လာခဲ့တာပါ..။ ပရိသတ်ကြီးလည်း မိသားစုနဲ့ ဝေးရာရောက်နေသူ ဖွေးဖွေးအတွက် အားပေးစကားတွေလ ဆိုပေးခဲ့ပါဦးနော်..။

Credit

About the author

Ms Cele

Leave a Comment