Celebrity

ဖခင္က တာဝန္မယူ ေတာ့တဲ့ (၃)ရက္သားေလး ကို ေခၚယူ ေမြးစား ခဲ့တဲ့ ခိုင္ႏွင္း ေဝ

Written by Ms Cele

ဖခင္က တာဝန္မယူ ေတာ့တဲ့ (၃)ရက္သားေလး ကို ေခၚယူ ေမြးစား ခဲ့တဲ့ ခိုင္ႏွင္း ေဝ

သ႐ုပ္ေဆာင္ခိုင္ႏွင္းေဝ ကေတာ့ မိဘေတြ ကြယ္လြန္သြားလို႔ျဖစ္ေစ ၊ ဆက္လက္ ေစာင့္ေရွာက္ဖို႔ ေငြေၾကးမတတ္နိုင္ေတာ့လို႔ပဲျဖစ္ေစ လာေရာက္ ပို႔ေဆာင္ခဲ့ၾကတဲ့ ကေလးငယ္ေလးေတြကို သူမရဲ့ ခိုင္ မိသားစု ေဂဟာေလးမွာ ေခၚယူေမြးစားၿပီး ေစာင့္ေရွာက္ခဲ့ပါတယ္ ။ လတ္တေလာမွာလည္း စိတ္မေကာင္းစြာနဲ႔ မိဘေတြက တာဝန္မယူေတာ့တဲံ ကေလးငယ္ေလးတစ္ေယာက္ ထပ္မံေရာက္ရွိလာခဲ့ပါတယ္ ။

မိခင္က လမ္းမွာ ကေလး ထြက္က် မီးဖြားခဲ့ၿပီး ေဘးနားက လူမ်ား ေဆး႐ုံတင္ ေပးခဲ့ေပမယ့္ အသက္ဆုံးရႈံးသြား ခဲ့တယ္လို ႔သိရပါတယ္ ။ ဖခင္ကလည္း တာဝန္မ ယူတဲ့အတြက္ (၃)ရက္သားေလးကို မိခင္ျဖစ္သူ သၿဂိဳလ္တဲ့ေန႔မွာပဲ အင္းစိန္ေဆး႐ုံ မွာ သြားေရာက္ ေခၚေဆာင္ခဲ့တာျဖစ္ပါတယ္ ။ အစထဲက တစ္ေယာက္ထဲ ရပ္တည္ေနရတဲ့ အတြက္ ေဆြမ်ိဳးလည္း မက်န္ခဲ့တဲ့ သားေလးကို သူမတို႔ “ခိုင္” မိသားစု ေဂဟာ သို႔ ေခၚယူေစာင့္ေရွာက္ျဖစ္ခဲ့ တယ္လို႔ပရိသတ္ ေတြကို အသိေပးလာခဲ့ပါတယ္ ။

ကေလးေစာင့္ေရွာက္ ေပးထားတဲ့ သူက သူမကို ထိုင္ကန္ေတာ့ၿပီး ကေလးေလး ကို အပ္ႏွံခဲ့တဲ့အတြက္ စိတ္မေကာင္းစြာ နဲ႔ပဲ လက္ခံခဲ့ရတယ္လို႔ ခိုင္ႏွင္းေဝက သူမရဲ့လူမႈကြန္ရက္ စာမ်က္ႏွာ ထက္မွာေရးသားေဖာ္ျပခဲ့ပါတယ္ ။ ခိုင္မိသားစု ေဂဟာေလးမွာ ေႏြးေႏြးေထြးေထြးနဲ႔ ႀကီးျပင္းလာပါေစလို႔ ဆုမြန္ေကာင္းေတာင္းေပး လိုက္ပါတယ္ သားေလးေရ ..။

Source : Khine Hnin Wai
Credit:Cele Gabar

ဖခင်က တာဝန်မယူ တော့တဲ့ (၃)ရက်သားလေး ကို ခေါ်ယူ မွေးစား ခဲ့တဲ့ ခိုင်နှင်း ဝေ

သရုပ်ဆောင်ခိုင်နှင်းဝေ ကတော့ မိဘတွေ ကွယ်လွန်သွားလို့ဖြစ်စေ ၊ ဆက်လက် စောင့်ရှောက်ဖို့ ငွေကြေးမတတ်နိုင်တော့လို့ပဲဖြစ်စေ လာရောက် ပို့ဆောင်ခဲ့ကြတဲ့ ကလေးငယ်လေးတွေကို သူမရဲ့ ခိုင် မိသားစု ဂေဟာလေးမှာ ခေါ်ယူမွေးစားပြီး စောင့်ရှောက်ခဲ့ပါတယ် ။ လတ်တလောမှာလည်း စိတ်မကောင်းစွာနဲ့ မိဘတွေက တာဝန်မယူတော့တဲံ ကလေးငယ်လေးတစ်ယောက် ထပ်မံရောက်ရှိလာခဲ့ပါတယ် ။

မိခင်က လမ်းမှာ ကလေး ထွက်ကျ မီးဖွားခဲ့ပြီး ဘေးနားက လူများ ဆေးရုံတင် ပေးခဲ့ပေမယ့် အသက်ဆုံးရှုံးသွား ခဲ့တယ်လို ့သိရပါတယ် ။ ဖခင်ကလည်း တာဝန်မ ယူတဲ့အတွက် (၃)ရက်သားလေးကို မိခင်ဖြစ်သူ သဂြိုလ်တဲ့နေ့မှာပဲ အင်းစိန်ဆေးရုံ မှာ သွားရောက် ခေါ်ဆောင်ခဲ့တာဖြစ်ပါတယ် ။ အစထဲက တစ်ယောက်ထဲ ရပ်တည်နေရတဲ့ အတွက် ဆွေမျိုးလည်း မကျန်ခဲ့တဲ့ သားလေးကို သူမတို့ “ခိုင်” မိသားစု ဂေဟာ သို့ ခေါ်ယူစောင့်ရှောက်ဖြစ်ခဲ့ တယ်လို့ပရိသတ် တွေကို အသိပေးလာခဲ့ပါတယ် ။

ကလေးစောင့်ရှောက် ပေးထားတဲ့ သူက သူမကို ထိုင်ကန်တော့ပြီး ကလေးလေး ကို အပ်နှံခဲ့တဲ့အတွက် စိတ်မကောင်းစွာ နဲ့ပဲ လက်ခံခဲ့ရတယ်လို့ ခိုင်နှင်းဝေက သူမရဲ့လူမှုကွန်ရက် စာမျက်နှာ ထက်မှာရေးသားဖော်ပြခဲ့ပါတယ် ။ ခိုင်မိသားစု ဂေဟာလေးမှာ နွေးနွေးထွေးထွေးနဲ့ ကြီးပြင်းလာပါစေလို့ ဆုမွန်ကောင်းတောင်းပေး လိုက်ပါတယ် သားလေးရေ ..။

Source : Khine Hnin Wai
Credit:Cele Gabar

About the author

Ms Cele

Leave a Comment