Celebrity

ဖခင္နဲ့ စိတ္ဓာတ္ခ်င္း တူေပမယ့္ ဖခင္နဲ့ မတည့္ဘူးလုိ႔ ေျပာလာတဲ့ ျမန္မာျပည္ဖြား အိႏၵိယ သ႐ုပ္ေဆာင္ လိုင္လာခမ္း

Written by Ms Cele

ဖခင္နဲ့ စိတ္ဓာတ္ခ်င္း တူေပမယ့္ ဖခင္နဲ့ မတည့္ဘူးလုိ႔ ေျပာလာတဲ့ ျမန္မာျပည္ဖြား အိႏၵိယ သ႐ုပ္ေဆာင္ လိုင္လာခမ္း

ျမန္မာျပည္ဖြား အိႏၵိယမင္းသမီး တစ္ဦးျဖစ္တဲ့ လိုင္လာခန္း ကေတာ့ ျမန္မာ ပရိသတ္ေတြရဲ့အားေပးမႈကို လည္းခံေနရတဲ့ မင္းသမီး တစ္လက္ပဲျဖစ္ပါတယ္။

လိုင္လာကေတာ့ အေဖျဖစ္သူနဲ႔ ပတ္သတ္တဲ့အေၾကာင္းကို Myanmar celebrity နဲ႔အင္တာဗ်ဴးမွာ ေျဖဆိုရင္း အေဖနဲ႔သူနဲ႔မတည့္တဲ့အေၾကာင္းကိုလည္း အခုလိုပဲေျဖဆိုထားခဲ့ပါတယ္။

“ေၾကာက္ရတယ္ဆိုတဲ့ စကားလုံးက မလုံေလာက္ဘူး အရမ္းေၾကာက္ရတယ္ လိုင္လာက အျမဲတမ္း အေဖနဲ႔သမီး ရင္းရင္းႏွီးႏွီး သူငယ္ခ်င္းလိုေနတဲ့ဆက္ဆံေရးမ်ိဳး အရမ္းလိုခ်င္ခဲ့တာ အေဖက က်ေတာ့ မာေက်ာတယ္ ေအာ္လိုက္ေငါက္ လိုက္ေပါ့ အေမကက်ေတာ့ ေကာင္းေကာင္း မြန္မြန္ေလးေျပာတယ္ေပါ့ ကိုယ္ကလည္းကိုယ့္ကိုေအာ္ေငါက္ရင္ ေဇာက္ထိုး လုပ္တယ္ေလ အေဖကအျမဲေငါက္ေျပာေတာ့ လိုင္လာက ဆန္႔့က်င္ဘက္လုပ္ေတာ့ မတည့္ဘူး

” အေဖနဲ႔က အျမဲမတည့္ေပမယ့္ အေဖဆိုေတာ့ ခ်စ္တာေပါ့ အသက္ႀကီးေတာ့ နားလည္တယ္ ဆိုေပမယ့္ မတည့္ဘူး တနလၤာ အဂၤါျဖစ္ေန လို႔လား မသိဘူး အေဖကအရင္က Iron crossနဲ႔လည္း သီခ်င္းဆိုတယ္ ျမန္မာ့အသံမွာလည္း သီခ်င္းဆိုတယ္ ဆရာဝန္တစ္ေယာက္ျဖစ္ေပမယ့္ အရမ္းအသံ ေကာင္းတယ္ ဝါသနာပါတယ္ အဲဒီ့ေခတ္အခါ တုန္းက သူတို႔ကလူေရြးၿပီးဆိုခိုင္းတာေလ အဲ့အခ်ိန္ေတြ ကတည္းက အေရြးခံရတယ္ဆိုကတည္းက အသံအရမ္းေကာင္းလို႔ေပါ့ အေဖအရင္က ဒီလိုဆိုခဲ့တာ အဲဒီ့လိုဆိုတာဆို ဟုတ္လားေပါ့ ဦးေစာဘြဲ႕မႉးနဲ႔ကိုခ်စ္ေကာင္းတို႔နဲ႔ဆို သိေနၾကတယ္ေပါ့ သူကေတာ့ သူ႔လိုင္းနဲ႔သူေပါ့”

“ကိုယ္မင္းသမီးလုပ္ေတာ့ သူသိေတာင္မသိလိုက္ဘူး press show မွာ လိုင္လာဖိတ္ေတာ့မွ သူ႔သမီး႐ုပ္ရွင္ ဆိုတာသိၿပီးလန္႔သြားတယ္ ႀကိဳေျပာလို႔သိရင္လည္း ခြင့္ျပဳမွာမဟုတ္ဘူးေလ အေဖကအရမ္း ကန္႔သတ္တာေတြမ်ားတယ္ အရင္တုန္းကဆို ညေန၅နာရီေက်ာ္ေလာက္ဆို အျပင္မထြက္ရဘူးပါ့ အရမ္းခ်ဳပ္ခ်ယ္ခဲ့တာေပါ့ အခုအခ်ိန္ထိအဲဒီ့လိုပဲ ၇နာရီေလာက္ဆို ဖုန္းတဂြမ္ဂြမ္ဆက္တယ္ အခုလည္းမရဘူး အခုလည္းည၉နာရီေလာက္ဆို ကိုယ့္ေျပာမရရင္ အေမ့ကိုပြမ္တာ”

“အေဖကအရမ္းပညာရွိတယ္ ကိုယ္ေတြ ငယ္ငယ္ကတည္းက ဘယ္သင္တန္းေက်ာင္းမွာ မတတ္ဘဲ english မွာေကာင္းေနတာ အေဖေကာင္း လို႔ေပါ့ ကိုယ္က အေဖနဲ႔သာမတည့္တာ ေတာ္ေတာ္ တူတယ္ ဘယ္လိုေခၚမလဲ သူ႔လိုသတၱိ ရွိတယ္ လုပ္ရဲကိုင္ရဲတယ္ ဘာသာစကား ကၽြမ္းက်င္တယ္ အေမကေတာ့ အိမ္ထဲမွာပဲလွလွေလးေနတယ္ ကိုယ္ေတြက တူလို႔ပဲမတည့္တာေနမွာပါ” လို႔ ဖခင္အေၾကာင္း ဂုဏ္ယူရင္းနဲ႔ အင္တာဗ်ဴးမွာ ေျဖဆိုထားခဲ့တာပါ။

Credit:Shwe Yaung Myanmar

ဖခင်နဲ့ စိတ်ဓာတ်ချင်း တူပေမယ့် ဖခင်နဲ့ မတည့်ဘူးလို့ ပြောလာတဲ့ မြန်မာပြည်ဖွား အိန္ဒိယ သရုပ်ဆောင် လိုင်လာခမ်း

မြန်မာပြည်ဖွား အိန္ဒိယမင်းသမီး တစ်ဦးဖြစ်တဲ့ လိုင်လာခန်း ကတော့ မြန်မာ ပရိသတ်တွေရဲ့အားပေးမှုကို လည်းခံနေရတဲ့ မင်းသမီး တစ်လက်ပဲဖြစ်ပါတယ်။

လိုင်လာကတော့ အဖေဖြစ်သူနဲ့ ပတ်သတ်တဲ့အကြောင်းကို Myanmar celebrity နဲ့အင်တာဗျူးမှာ ဖြေဆိုရင်း အဖေနဲ့သူနဲ့မတည့်တဲ့အကြောင်းကိုလည်း အခုလိုပဲဖြေဆိုထားခဲ့ပါတယ်။

“ကြောက်ရတယ်ဆိုတဲ့ စကားလုံးက မလုံလောက်ဘူး အရမ်းကြောက်ရတယ် လိုင်လာက အမြဲတမ်း အဖေနဲ့သမီး ရင်းရင်းနှီးနှီး သူငယ်ချင်းလိုနေတဲ့ဆက်ဆံရေးမျိုး အရမ်းလိုချင်ခဲ့တာ အဖေက ကျတော့ မာကျောတယ် အော်လိုက်ငေါက် လိုက်ပေါ့ အမေကကျတော့ ကောင်းကောင်း မွန်မွန်လေးပြောတယ်ပေါ့ ကိုယ်ကလည်းကိုယ့်ကိုအော်ငေါက်ရင် ဇောက်ထိုး လုပ်တယ်လေ အဖေကအမြဲငေါက်ပြောတော့ လိုင်လာက ဆန့့်ကျင်ဘက်လုပ်တော့ မတည့်ဘူး

” အဖေနဲ့က အမြဲမတည့်ပေမယ့် အဖေဆိုတော့ ချစ်တာပေါ့ အသက်ကြီးတော့ နားလည်တယ် ဆိုပေမယ့် မတည့်ဘူး တနင်္လာ အင်္ဂါဖြစ်နေ လို့လား မသိဘူး အဖေကအရင်က Iron crossနဲ့လည်း သီချင်းဆိုတယ် မြန်မာ့အသံမှာလည်း သီချင်းဆိုတယ် ဆရာဝန်တစ်ယောက်ဖြစ်ပေမယ့် အရမ်းအသံ ကောင်းတယ် ဝါသနာပါတယ် အဲဒီ့ခေတ်အခါ တုန်းက သူတို့ကလူရွေးပြီးဆိုခိုင်းတာလေ အဲ့အချိန်တွေ ကတည်းက အရွေးခံရတယ်ဆိုကတည်းက အသံအရမ်းကောင်းလို့ပေါ့ အဖေအရင်က ဒီလိုဆိုခဲ့တာ အဲဒီ့လိုဆိုတာဆို ဟုတ်လားပေါ့ ဦးစောဘွဲ့မှူးနဲ့ကိုချစ်ကောင်းတို့နဲ့ဆို သိနေကြတယ်ပေါ့ သူကတော့ သူ့လိုင်းနဲ့သူပေါ့”

“ကိုယ်မင်းသမီးလုပ်တော့ သူသိတောင်မသိလိုက်ဘူး press show မှာ လိုင်လာဖိတ်တော့မှ သူ့သမီးရုပ်ရှင် ဆိုတာသိပြီးလန့်သွားတယ် ကြိုပြောလို့သိရင်လည်း ခွင့်ပြုမှာမဟုတ်ဘူးလေ အဖေကအရမ်း ကန့်သတ်တာတွေများတယ် အရင်တုန်းကဆို ညနေ၅နာရီကျော်လောက်ဆို အပြင်မထွက်ရဘူးပါ့ အရမ်းချုပ်ချယ်ခဲ့တာပေါ့ အခုအချိန်ထိအဲဒီ့လိုပဲ ရနာရီလောက်ဆို ဖုန်းတဂွမ်ဂွမ်ဆက်တယ် အခုလည်းမရဘူး အခုလည်းည၉နာရီလောက်ဆို ကိုယ့်ပြောမရရင် အမေ့ကိုပွမ်တာ”

“အဖေကအရမ်းပညာရှိတယ် ကိုယ်တွေ ငယ်ငယ်ကတည်းက ဘယ်သင်တန်းကျောင်းမှာ မတတ်ဘဲ english မှာကောင်းနေတာ အဖေကောင်း လို့ပေါ့ ကိုယ်က အဖေနဲ့သာမတည့်တာ တော်တော် တူတယ် ဘယ်လိုခေါ်မလဲ သူ့လိုသတ္တိ ရှိတယ် လုပ်ရဲကိုင်ရဲတယ် ဘာသာစကား ကျွမ်းကျင်တယ် အမေကတော့ အိမ်ထဲမှာပဲလှလှလေးနေတယ် ကိုယ်တွေက တူလို့ပဲမတည့်တာနေမှာပါ” လို့ ဖခင်အကြောင်း ဂုဏ်ယူရင်းနဲ့ အင်တာဗျူးမှာ ဖြေဆိုထားခဲ့တာပါ။

Credit:Shwe Yaung Myanmar

About the author

Ms Cele

Leave a Comment